ဗြိတိသျ သံအမတ်ကြီး Andrew Heyn ကို-Interview

MONDAY, 05 MARCH 2012 20:45 သျှမ်းသံတော်ဆင့်

ဗြိတိသျ သံအမတ်ကြီး Andrew Heyn ကို လားရှိုးကျားဖြူအဖွဲ့က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၂ ရပ်ကွက် ရှိ Golden Hill Hotel မှာ  ၂-၃-၂၀၁၂ ညနေ ၄ နာရီ ၄၅ မိနစ်ကနေ ၅ နာရီ ၁၅ အထိတွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။ ကျား ဖြူပါတီခါ် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက အကြံပေးပုဂ္ဂိုလ်စိုင်းခမ်းလိုင်၊ လားရှိုးမြို့နယ် ကော်မတီ ဥက္ကဌ စိုင်းအောင်ကြီး၊ အတွင်းရေးမှူးစိုင်းအောင်ဆာ၊ ဒု-ဥက္ကဌ စိုင်းထွန်းအောင်နဲ့အတူ SNDP ရဲ့ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်လောင်း စိုင်းစံမင်းတို့  သွားတွေ့ဆုံပြီး Andrew Heyn ကတော့ တစ်ယောက်ထဲ လာရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲက စကားဝိုင်းကို သျှမ်းသံတော်ဆင့်ရဲ့ စာဖတ်ပရိသတ်တွေကို အောက်ပါအတိုင်းဖော်ပြလိုက်ပါတယ်။

 

Andrew_Heynဂျန္နဝါရီလက ခွန်ထွန်းဦးအားသွားရောက်တွေ့ဆုံစဉ်က တွေ့ရသည့် Andrew Heyn

Andrew Heyn ။    ။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ။ 

စိုင်းခမ်းလိုင်။    ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲကတော့ သူတို့တွေလိမ်တယ်။ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းအတိုင်းမလုပ်ဘူး။ ကြိုတင်မဲနဲ့လိမ်ပြီးနိုင်သွားတာ အားလုံးအသိပဲလေ။  အခု လာမယ့်ရွေးကောက်ပွဲကတော့ ထွက်လာတဲ့ဥပဒေတွေ စည်း မျဉ်းစည်းကမ်းတွေတော့ကောင်းတယ်။ ဒါပေမယ့်အောက်ကလူကလိုက်လုပ်မလုပ်စောင့်ကြည့်ရမယ်။  ကျုပ်တို့ကတော့ တရားမျှတပြီးလွတ်လပ်မယ်လို့မျှော်လင့်တယ်။
Andrew Heyn ။    ။ ကျားဖြူပါတီရဲ့ စည်းရုံးရေးခရီးကကော ဘယ်လို အခြေအနေရှိလဲ။

စိုင်းခမ်းလိုင်။    ။ လားရှိုးမြို့အနီးအနားကို စည်းရုံးရေးဆင်းနေတယ်။ အခက်အခဲကတော့ ဓမ္မာရုံတွေ၊ ဇရပ်တွေမှာ သွား လုပ်မယ်ဆိုရင် ဂေါပကတွေရဲ့ ခွင့်ပြုချက်ကိုယူရမယ်။ ပြီးမှကော်မရှင်ကိုတင်၊ ကော်မရှင်ကနေ အုပ်ချုပ်ရေးကိုတင် ခွင့်ပြုပြီဆိုမှ ဟောပြောရမယ်။ ပြီးရင် ၇ ရက်ကြိုတင် အကြောင်းကြားထားရမှာဆိုတော့ ကျွန်တော်တို့အတွက် အချိန်က တအားနည်းနေတယ် လို့ပြောပြခဲ့တယ်။
Andrew Heyn ။    ။ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်တဲ့ကိစ္စကိုရော ဘယ်လိုမြင်လဲ။

စိုင်းခမ်းလိုင်။    ။ ဒါကတော့ သူတို့အလုပ်နဲ့သူတို့ပေါ့နော်။ ကျွန်တော်တို့လဲ ကိုယ့်အလုပ်နဲ့ကိုယ်။ သူတို့ထိန်းချုပ်နယ်မြေတွေထဲကိုတော့ ကျွန်တော်တို့ စည်းရုံးရေးမဆင်းရသေးဘူး၊ ဆင်းမလား မဆင်းလားဆိုတာလဲ ကျနော်တို့  တိုင်ပင် ဆွေးနွေး နေတုန်းဘဲ။

 

Sai_Kham_Lengသျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက အကြံပေးပုဂ္ဂိုလ်စိုင်းခမ်းလိုင်

Andrew Heyn ။    ။ NLD နဲ့ အခြားပါတီတွေကို ဘယ်လိုမြင်လဲ။ 

စိုင်းခမ်းလိုင်။    ။ သူတို့လည်း နိုင်ငံရေးပါတီ၊ ကျွန်တော်တို့လည်း နိုင်ငံရေးပါတီပဲလေ။ ဆက်သွယ်မှုလည်းမရှိသလို ပဋိပက္ခလည်းမရှိပါဘူး ။
Andrew Heyn ။    ။ SNLD နဲ့ SNDP ပူးပေါင်းဖို့အစီအစဉ်ရှိလား။

စိုင်းခမ်းလိုင်။    ။ သျှမ်းအဖွဲ့အနေနဲ့တော့ တစ်ဖွဲ့ထဲရှိသင့်ပါတယ်။ အခုလတ်တလောတော့ မပူးပေါင်းနိုင်သေးပါဘူး။ တစ်နေ့နေ့တော့ ပူးပေါင်းနိုင်မယ်လို့မျှော်လင့်ပါတယ်။ ကျနော့အထင်တော့ ကြားဖြတ်ရွေးကောက်ပွဲပြီးရင် ပေါ့။
Andrew Heyn ။    ။  လားရှိုးမြို့ရဲ့စီးပွားရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေ ဘယ်လိုနေလဲ။

စိုင်းခမ်းလိုင်။    ။ လားရှိုးမြို့ရဲ့ စီးပွားရေးအများစုကတော့ တရုတ်လူမျိုးတွေရဲ့လက်ထဲမှာပဲရှိတယ်။ အခုလာတွေ့တဲ့ Golden Hill Hotel တောင်မှ တရုတ်လူမျိုးပိုင်တဲ့ ဟိုတယ်ဆိုတာ ခင်ဗျားအသိပဲလေ။ တိုက်တာအိုးအိမ် အကောင်းစား တွေဆိုရင် တရုတ်ပိုင်တဲ့အိမ်တွေပဲ။
Andrew Heyn ။    ။  အဲ့လောက်များတဲ့ တရုတ်တွေ ဘယ်လိုဝင်ရောက်နေရာယူလာသလဲ။

စိုင်းခမ်းလိုင်။    ။ သေချာတာကတော့ နိုင်ငံကိုအုပ်ချုပ်တဲ့သူတွေက ဝင်ခွင့်မပေးဘူးဆိုရင် ဒီလောက်အများကြီးဝင် လာစရာ အကြောင်းမရှိဘူး ။
သံအမတ်ကြီးအနေနဲ့  ပြည်တောင်စုကော်မရှင်တွေ၊ နိုင်ငံတော်အစိုးရ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေ နဲ့ တွေ့ဆုံတဲ့အခါမှာ  လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်မှုနဲ့ တရားမျှတမှုရှိဖို့အပြင် မဲပေးတဲ့နေ့မှာလဲ  ပြည်တွင်း၊ ပြည်ပသတင်း ထောက်တွေ၊ လေ့လာရေးအဖွဲ့တွေကိုလဲ ဝင်ရောက်စောင့်ကြည့်လေ့လာရေးအတွက် ခွင့်ပြုစေချင်တယ်လို့အထူးတောင်း ဆိုချင်တယ်ချင်ကြောင်း၊ အထက်က ချမှတ်ပေးတဲ့ စည်းကမ်းချက်အတိုင်း မြို့နယ်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် တွေ လိုက်နာဆောင်ရွက်မှုရှိမရှိ  စောင့်ကြည့်အရေးယူပေးစေချင်ကြောင်း စိုင်းခမ်းလိုင်က ဖြည့်စွက်ပြောခဲ့ ပါတယ်။

Panglong org

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s