ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့်ပြန်ချက် Burma Vj media Network

ဇန်န၀ါရီလ ၂၄ ရက်၊၂၀၁၂

နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) သတင်းဌာနသည် ၂၀၁၂ခုနှစ်၊ဇန်န၀ါရီ ၂၀ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ခုထုတ်ပြန်ခဲ့သည်။ထိုသတင်းထုတ်ပြန်ချက်ထဲတွင် ဘားမားဗီဂျေမီဒီယာ အား သိက္ခာကျစေမည့် အချက်အလက်များ ထည့်သွင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ ရှိရသည်။ ဒီဗီဘီ ၏ စွပ်စွဲချက်များသည် မှားယွင်းပြီး ၊ ကိုယ်ပိုင်မီဒီယာ အားကိုးဖြင့် မီဒီယာကျင့်ဝတ် ချိုးဖောက်ကာ  အခြား မီဒီယာတစ်ခု အား နစ်နာအောင် တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ် သည် မီဒီယာ အလွဲသုံးစားလုပ်မှုတစ်ခုဖြစ်ပြီး၊      တဖက် မီဒီယာတစ်ခုကို နစ်နာ အောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဘားမားဗီဂျေမီဒီယာ မှ ယုံကြည်သည်။
(၁) ၂၀၀၆နှစ်ကုန်ပိုင်းမှစကာနှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် DVB နှင့် ဘားမားဗီဂျေ အဖွဲ့ တို့ သည် ၂၀၁၁ စက်တင်ဘာလတွင် တရားဝင် လမ်းခွဲခဲ့ပြီးဖြစ်သည်။ ဘားမားဗီဂျေ ပြည်တွင်း နက်ဝက်မန်နေဂျာများနှင့် DVB ဒါရိုက်တာ ကိုအေးချမ်းနိုင်တို့ ထိုင်းနိုင်ငံမဲဆောက်မြို့ တွင်မျက်နှာချင်း ဆိုင်တွေ့ ဆုံ အကြေအလည် ဆွေးနွေးပြီးမှ ကျေနပ်ဖွယ်ရာ ကတိက၀တ်များကို ဒီဗီဘီ အနေဖြင့် မပေးနိုင်သဖြင့် ဆက်လက်ပြီး လက်တွဲလုပ်ရန် အခြေအနေမရှိတော့သဖြင့် အားလုံး သဘောတူ လမ်းခွဲ ခဲ့ကြခြင်း ဖြစ်သည်။ လမ်းခွဲပြီးပြီးချင်း လျှင်ပင် ဒီဗီဘီ ၏ တောင်းဆိုမှုအရ ပြည်တွင်းနက်ဝက်၏ စီမံနိုင်မှု နယ်ပယ် အောက်တွင် ရှိသည့် ဒီဗီဘီ နှင့် သက်ဆိုင်သည့် ရုံးများ၊ ကွန်ပြူတာပစ္စည်းများ၊ကင်မရာများ၊ဗီဒီယို တိတ်များကို ချင်းမိုင်ရုံး တာဝန်ခံ ကိုတိုးဇော်လတ် ထံသို့ လွှဲပြောင်းပေးခဲ့ပါသည်။ ပြည်တွင်းကိစ္စရပ် များကို ဒီဗီဘီ မှ ၂၀၁၁ သြဂုတ်လ မတိုင်မီကပင် တိုက်ရိုက် ကိုင်တွယ်ရန် ကြိုးပမ်းခဲ့ပြီး ဖြစ်သည့် အတွက် ထိုကိစ္စအတွက်ဖြစ်လာသည့် နောက်ဆက်တွဲကိစ္စများ(ဥပမာ-ပစ္စည်းများအား ထိန်းသိမ်း ခြင်း)တို့ အတွက် တာဝန်ရှိသူမှာ ဒီဗီဘီ သာလျှင် ဖြစ်ပါသည်။
(၂)DVB နှင့်လမ်းခွဲပြီးနောက် ဘားမားဗီဂျေအဖွဲ့ အနာဂတ်အတွက် ကိုယ်ပိုင်အွန်လိုင်း မီဒီယာတစ်ခု တည်ထောင်ရန် အဖွဲ့ ဝင် များဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ကိုယ်ပိုင်မီဒီယာထောင်ရခြင်းရည်ရွယ်ချက် သည်မည်သူ့ ကိုမှ စင်ပြိုင်ထောင်ချင်း မဟုတ်ဘဲ ၊ပြည်တွင်းပြည်ပ သတင်းများကို ပရိသတ်များအချိန်နှင့် တစ်ပြေးညီပိုမိုသိရှိနိုင်စေရန်ဖြစ်သည်။DVB နှင့်ပြဿနာ ရှင်းရှင်းလင်းလင်းဖြစ် စေရန် ငွေကြေးကိစ္စ စွတ်စွဲခံထားရသည့် ကိုမျိုးမင်းနိုင်၊ကိုအောင်မျိုးကျော်တို့ နှစ်ဦးအား ပြဿနာ ဖြေရှင်းမပြီး မချင်း နက်ဝက်တာဝန်ခံများ အဖြစ်မှရပ်စဲထားရန်သဘောတူခဲ့သည်။ ၎င်းတို့ နှစ်ဦးနေရာတွင်နက်ဝက် စတင်တည် ထောင်ရာ မှာပါဝင်ခဲ့သည့် ကိုအောင်ကြီး(ခ)ကိုအောင်သွင်နှင့်၊ကိုအောင်ထွန်း(ခ)ကိုစံ တို့ က အစားထိုး ဆက်လက်ဦး ဆောင်ခဲ့ကြသည်။ Continue reading “ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့်ပြန်ချက် Burma Vj media Network”