ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လည်၁ နာရီမှ စတင်၍ ၂ နာရီအချိန်အထိ ရွှေတိဂုံဘုရား အရှေ့ဖက်မုခ်၊ ကြားတောရလမ်း၊ ကြေးသွန်းဘုရားကြီးရှေ့ရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကျောင်းဝင်းအတွင်း ရွှေည၀ါဆရာတော်အား အရေးယူရန်ကိစ္စကို သံဃာ့နာယက ဆရာတော်တွေစုံညီစွာ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ရန် ညှိနှိုင်း ဆွေးနွေးနေကြသည်။ ကျောင်းဝင်းအတွင်း လူပရိသတ် ငါးရာကျော် စုဝေး ရောက်ရှိလျှက်ရှိသည်။ လုံခြုံရေးကိုလဲ အထူးတင်းကြပ်တာတာမျိုး တွေ့ရတယ်လို့ သတင်းရရှိပါတယ်။