BGF လက်နက်ကို DKBA သိမ်းဆည်းKIC news

 

BGF လက်နက်ကို DKBA သိမ်းဆည်း

 

ဇန်န၀ါရီလ ၁၉ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲ့သဝေါကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ် BGF တပ်ရင်း(၁၀၁၁) တပ်ဖွဲ့ဝင်များ၏ လက်နက်များကို ဗိုလ်မှူးစောဘိ ဦးဆောင်သည့် DKBA တပ်ဖွဲ့မှ ယမန်နေ့က သိမ်းဆည်းခဲ့သည်ဟု သိရသည်။

မဲ့သဝေါကျေးရွာရှိ BGF တပ်ရင်း(၁၀၁၁)မှ တပ်ခွဲ(၃)မှူး ဗိုလ်ကြီးမြတ်သောင်း ဦးစီးသည့် တပ်ဖွဲ့ဝင်အင်အား ၁၀ဦးခန့်သည် ဆရာတော်ဦးသုဇနအား မြိုင်ကြီးငူသို့ ကားဖြင့် ပြန်ပို့စဉ် ကားလမ်းခုလတ်တွင် DKBA တပ်ဖွဲ့မှ လက်နက်သိမ်းဆည်းလိုက် ခြင်းဖြစ်သည်ဟု BGF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “မနေ့က မနက် ၆နာရီမှာ ဆရာတော် မဲ့သဝေါကို ရောက်လာတယ်။ အဲဒီမှာ မြိုင်ကြီးငူကို ပြန်ကြွဖို့ လုံခြုံရေးအတွက် ဆိုပြီး တပ်ခွဲမှူး မြတ်သောင်းနဲ့ သူ့လူတချို့ကို ခေါ်သွားတယ်။ ၉၆၂ ပွိုင့်ကုန်းအလွန်မှာ ဗိုလ်ဘိတို့ DKBA က လက်နက်သိမ်း ပစ်လိုက်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ လက်နက်သိမ်းဆည်းခံရပြီးနောက် မဲ့သဝေါကျေးရွာရှိ BGF တပ်ရင်း(၁၀၁၁) တပ်ခွဲ(၃) ဒုတပ်ခွဲမှူးနှင့်အဖွဲ့သည် ယနေ့ မနက်တွင် မြိုင်ကြီးငူဘက်သို့ ကားဖြင့် ထွက်ခွာသွားသည်ဟု အဆိုပါနီးစပ်သူက ပြောသည်။ Continue reading “BGF လက်နက်ကို DKBA သိမ်းဆည်းKIC news”

WAR: battle at Awngja agricultural farm under KIA Brigade (5) and Mazup Yang KIA brigade (2) control region

On January 15, 2012 a battle engaged at Mazup Yang area of KIA Battalion (6) under KIA brigade (2) region at 1:00pm with Burmese government troops from Ts. K.HK-(3) confronted with KIA battalion (6) of the control area. Whereas the countered effected killed 8 burmese soldiers and injured 8 in the battle.

On January 17, 2012 at 9:00am a counter takes place between KIA battalion (18) and Burmese troops from LIB-29 at Namsan Yang Lai Lum Awngja under KIA Brigade (5) control region. The counter reacts with the heavy shelling of mortar and launcher frequently released by the Burmese troops at KIA soldiers.

 ————–

On January 16, 2012 a combat takes place between the units of KIA battalion mobile forces and Burma government troops from LIB-318 who takes the position at Gangdau Yang. The exchange of fire continued from 7:00am to 12:00am local standard.

 

Another series of confrontation occurred with the Burmese government combined troops from LIR-389, 390 countered from KIA battalion (255) mobile forces during the same hour on the same day to the north of Malei River Bridge. The countered targeted with the shelling of heavy bombardment.

Following the same day during evening hour at 5:00pm Burmese combined forces from LIR-438, 320 were countered by the KIA battalion (25) while the former combined troops trekking up towards Loi Jaw hill the area under KIA Brigade (5) administrative zone.

Number of soldiers killed and injured in the battle from both sides however still yet to known.

Kachin net

ရွှေညဝါဆရာတော်နှင့် မ.ဟ.န ဆရာတော်တွေ တွေ့ဆုံဆွေးနွေးနေကြဆဲ Sayadaw Shwe Nya Wah

ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လည်၁ နာရီမှ စတင်၍ ၂ နာရီအချိန်အထိ ရွှေတိဂုံဘုရား အရှေ့ဖက်မုခ်၊ ကြားတောရလမ်း၊ ကြေးသွန်းဘုရားကြီးရှေ့ရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကျောင်းဝင်းအတွင်း ရွှေည၀ါဆရာတော်အား အရေးယူရန်ကိစ္စကို သံဃာ့နာယက ဆရာတော်တွေစုံညီစွာ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ရန် ညှိနှိုင်း ဆွေးနွေးနေကြသည်။ ကျောင်းဝင်းအတွင်း လူပရိသတ် ငါးရာကျော် စုဝေး ရောက်ရှိလျှက်ရှိသည်။ လုံခြုံရေးကိုလဲ အထူးတင်းကြပ်တာတာမျိုး တွေ့ရတယ်လို့ သတင်းရရှိပါတယ်။