hot-news :K.I.A ကို တိုက်ခိုက်ချေမှုန်းမဲ့ စစ်ဆင်ရေး စီမံချက် ရေးဆွဲထားပြီးဖြစ် နှစ်သစ်ကူး အထူးသတင်း

ရှေ့တန်းတစ်နေရာမှ K.I.A မျိုးချစ်စစ်သည်များ

K.I.A အား ၂၀၁၂ ခု ပွင့်လင်းရာသီတွင် တိုက်ခိုက်ချေမှုန်းမဲ့ အထူးစစ်ဆင်ရေးအနေဖြင့် ထိပ်တန်းလျှို့ဝှက်အဆင့် လိုင်ဇာမြို့သိမ်းရေး စီမံချက်အား ကက(ကြည်း)မှာ ရေးဆွဲထားပြီး ဖြစ်ကြောင်း စစ်ရုံးနဲ့ နီးစပ်သောသူများထံမှ သိရှိရပါတယ်။
– စီမံချက်အရ ချီတက်ရာလမ်းကြောင်း အနေဖြင့် အဓိကစစ်ကြောင်းမှာ ဆင်ဘို၊ တာလောကြီး ၊ နမ်ဆန်ယာန်မှ တဆင့် လိုင်ဇာသို့ ဦးတည်ပါတယ်။
– တပ်မ (၉၉) အဓိက စစ်ကြောင်းအဖြစ် တိုက်ခိုက်မည်ဖြစ်ပြီး မန္တလေးမြို့မှ လိုင်ဇာမြို့သို့ ယာဉ်များဖြစ် ချီတက်လာမည်။ ယခုအခါ မိတ္တီလာတွင် ပြန်လည်စုဖွဲ့ အနားယူလျက် ရှိကြောင်း သိရှိရပါတယ်။
– တပ်မ (၈၈) ယောင်ပြ စစ်ကြောင်းဖြစ်သော်လည်း အတည်ပြုဆဲ သတင်းအရ တပ်မ (၆၆) နဲ့ ချိန်းရန်ရှိတယ်လို့ ဆိုပါတယ်။
– စကခ (၁၅) အရံစစ်ကြောင်းအဖြစ် သတ်မှတ်ထားပါတယ်။
– အထူး ကွန်မန်ဒို တပ်ဖွဲ့က K.I.A ခေါင်းဆောင်များကို လျှပ်တပျက် ဝင်ရောက် ဖမ်းဆီးမည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးနယ်မြေများထဲသို့ တပ်မ (၅၅)၊ တပ်မ (၆၆)နဲ့ တပ်မ (၃၃) တို့ကို ထပ်မံလွှတ်ရန်ရှိကြောင်း သိရှိရပါတယ်။ ဒါအပြင် လေတပ်မှာ နောက်ဆုံးပေါ် ရုရှားလုပ် ဂျက်တိုက်လေယာဉ် MIG-29 (၄) စင်း မြစ်ကြီးနားမှာ ရောက်နေပြီး ရဟတ်ယာဉ် MI-24 (၄) စင်း မိတ္ထီလာမှာ အသင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
အမြောက်တပ်နှင့် လေတပ်တို့က တိုက်ခိုက်ရေး တပ်များမဝင်ရောက်မီ K.I.A  ဌာနချုပ်နှင့် ရန်သူ့စစ်ကြောင်းများရှိသည့် စခန်းများအား အမြောက်နှင့်  ပြင်းထန်စွာ ပစ်ခတ်ပြီး ဗုံးကြဲ တိုက်ခိုက်မည်။ အရပ်သားများ မထိခိုက်စေရ။ ပို့ဆောင်ရေးအတွက် ရထားလမ်း လုံခြုံရေးကို တိုင်းစစ်ဌာနချုပ် တပ်များက တာဝန်ယူကာ ရထားဖြင့် အဓိကထားပြီး ပို့ဆောင်သွားမည်။


ယခုအခါ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး ဧရိယာ နယ်မြေကြီး တစ်ခုလုံးကို တပ်မတော်က အသည်းအသန် စစ်ဆင်ရေး လုံးပမ်းနေရပါတယ်လို့ သိရပါတယ်။ ပွဲဦးထွက်မှာ တပ်မ (၈၈) ဟာ အကျအဆုံးများပြီး မတိုက်ချင်တဲ့ အရာရှိများပေါ်ပေါက်လာလို့ ဗိုလ်ချုပ်များက ဒေါသူပုန်ထကာ စစ်ခုံရုံး တင်မည့်သတင်းများဖြင့် ဖွဲ့စည်းပုံ ပျက်နေပါတယ်။ K.I.A ကို လျော့တွက်မိတဲ့ ဗိုလ်ချုပ်များအဖို့ ခေါင်းခဲစရာ ပြဿနာဖြစ်နေပါတယ်။ တပ်မတော်မှာရှိတဲ့ တပ်မများထဲမှ အင်အားကောင်းသော တပ်မများ အပူတပြင်း ဆွဲထုတ်နေသလို ယခုဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တပ်မပေါင်း (၁၂) ခု ပါဝင်လှုပ်ရှားလျက်၊ သို့မဟုတ် အင်အားဖြည့်ပေးဖို့ ထပ်မံရောက်ရန် ရှိနေကြောင်း သိရှိရပါတယ်။
အဲဒီတပ်မတွေကတော့ –
တပ်မ (၃၃)၊ တပ်မ (၄၄) (ပြန်လည်စုဖွဲ့လေ့ကျင့်လျှက်ရှိ)၊ တပ်မ (၅၅)၊ တပ်မ (၆၆)၊ တပ်မ (၈၈)၊ တပ်မ (၉၉)၊ စကခ (၁)၊ စကခ (၃)၊ စကခ (၁၀)၊ စကခ (၁၅)၊ စကခ (၁၆)၊ စကခ (၂၁)တို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် မပခ တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဒေသခံနယ်မြေထိမ်း တပ်ရင်း (၂၂) ရင်း၊ ဒကစ ( တနိုင်း) လက်အောက်ခံ တပ်ရင်း (၅) ရင်း၊ အမြောက်တပ်မ (မိုးညှင်း) (၉၀၄)၊ ဗန်းမော်နှင့် မိုးညှင်းတွင် ဒုံးပျံတပ်ရင်း (၆၀၃)နဲ့ သံချပ်ကာ တပ်ရင်းတို့ကို အင်အားစုတို့ကို လက်ရှိအခြေအနေဖြင့် ခန့်မှန်းတွက်ချက်ကြည့်ပါက အရာရှိစစ်သည်အင်အား ၃၅၀၀၀ ခန့်ရှိပြီး တပ်မတော်ရဲ့ တပ်မအင်အားစုစုပေါင်းထက် သုံးပုံ တစ်ပုံကျော် သုံးစွဲနေရပါတယ်။ အဲဒီလို အသုံးပြုနေရတာတောင် ကြီးမားကျယ်ပြန့်လှတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး ဧရိယာကြီးတွေမှာ တပ်တွေ မနိုင်မနင်းဖြစ်နေရပါတယ်။ နိုင်ငံရေးမှာ ဦးသိန်းစိန်တစ်ယောက် သိက္ခာ “အမှတ်”တွေ တက်နေသလောက် တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တစ်ယောက်ကမှု ကွဲပြီးရင်း ကွဲနေကြောင်း သတင်းပေးပို့လာပါတယ်။

http://photayokeking.org/hot-news/847-shanglawtshiga

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s