NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ပျော်ဘွယ်မြို့နယ်မှ ပါတီဝင် (၅) ဦးသည်၊ အဖွဲ့ဝင် အဖြစ်ကနေ နှုတ်ထွက်ရန် မြို့နယ် ကော်မရှင် ရုံးနှင့် မန္တလေး တိုင်းဒေသကြီး NDF ရုံးတွေကို နိုဝင်ဘာလ ၃ဝ ရက်နေ့က နှုတ်ထွက်စာ ပေးပို့ ခဲ့ကြပါသည်။ ၄င်းအဖွဲ့ဝင် ၅ ဦးမှာ ဦးခင်အောင် (ဥက္ကဋ္ဌ)၊ ဦးဇော်မင်း (အတွင်းရေးမှူး)၊ ဦးထွန်းထွန်းဝင်း (တွဲဘက် အတွင်းရေးမှူး)၊ ဦး ကျော်စွာ (ဘဏ္ဍာရေးမှူး) နှင့် ကိုချမ်းမြေ့ပိုင် (လူငယ်တာဝန်ခံ)တို့ ဖြစ်ပါသည်။
“ ကျနော်တို့ ကတော့ အထူး ပြောစရာ မရှိလှပါဘူး။ အန်အယ်ဒီဟာ လေပြင်းတိုက်တာ၊ မုန်တိုင်းတိုက်တာ ခံခဲ့ရပါ တယ်။ ဘယ်သူ့ အပေါ်မှာလည်း အပြစ်မရှိပါဘူး။ အားလုံးဟာ ဒီမိုကရေစီရေးကို ရတဲ့နည်းလမ်းနဲ့  ချဉ်းကပ် နေကြတာ ဖြစ်ပါတယ်။ ဒီနေ့ အခြေအနေကလည်း လိုရာခရီးကို မရောက်သေးပါဘူး။ ဒါပေမဲ့ စုစည်း ညီညွတ်မှုတော့ စုပေါင်းပြီးတော့ တည်ဆောက် ရပါလိမ့်မယ်” ဟု မန္တလေးတိုင်း ဒေသကြီးမှ တိုင်းစည်းရုံးရေး ကော်မီတီဝင် တဦးက ဆိုပါသည်။ Continue reading “NDF ပါတီဝင် အမြောက်အမြား မိခင်ပါတီ NLD ကို ပြန်မည်”