Burma, China, Laos and Thailand, will begin a joint patrol of the Mekong next month_လာမည့် ဒီဇင်ဘာလလယ်၌ တရုတ်၊ လောဝ်၊ မြန်မာ၊ ထိုင်းရဲများ

Xinhua reported yesterday, quoting a statement by Beijing, that police forces from 4 nations: Burma, China, Laos and Thailand, will begin a joint patrol of the Mekong next month. The exact date is not mentioned, but it is expected to begin before 15 December. The move follows what the Chinese press calls “the 5 October case”, the day 13 Chinese crewmen and women were brutally killed near the Golden Triangle. (ASTV Manager Online)

———

လာမည့် ဒီဇင်ဘာလလယ်၌ တရုတ်၊ လောဝ်၊ မြန်မာ၊ ထိုင်းရဲများ ပူပေါင်းကာ မဲခေါင်မြစ်ဝှမ်းတလျှောက်  ကင်းလှည့်မည်ဖြစ်ကြောင်းရှင်းဟွာသတင်းကို ကိုးကား ၍ ထိုင်း  ASTV  မန်နေဂျာအွန်လိုင်းသတင်းစာက ရေးသားဖော်ပြထားသည်။
ရဲတပ်ဖွဲ့အင်အားဖြင့် ကင်းလှည့်ကြမည်ဖြစ်ပြီး   ဥပဒေနှင့်မလွတ်ကင်းသည့်လုပ်ငန်း များကို ရှင်းလင်း ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက်  ပူပေါင်း လှုပ်ရှားကြမည်ဖြစ် ကြောင်း  ရေးသားဖော်ပြထားသည်။
Naw_Kham_001ဒီဇင်ဘာ လလယ်ဟုဆိုသော်လည်း ဒီဇင်ဘာ ၁၅ ရက်မတိုင်မီ ကင်းလှည့်မှုစ နိုင်ကြောင်း၊ မဲခေါင်မြစ်အတွင်း လှေအသွားအလာကိုလည်း ထိုမှစ၍ ခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းအရာရှိတဦးကလည်း သျှမ်းသံတော်ဆင့် အား ပြောပြသည်။
အောက်တိုဘာ ၅ ရက် အမှုဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မဲခေါင်မြစ်အတွင်း ၄ နိုင်ငံ အစိုးရပူးပေါင်း ဆောင်ရွက်မှုဖြစ်သည်။
အောက်တိုဘာ ၅ ရက်က တရုတ်လှေ ၂ စီးအား အမည်မသိ လက်နက်ကိုင်တစုက  တိုက်ခိုက်၍ လှေလုပ်သား ၁၃ ဦး အသတ်ခံရသည့်အမှုဖြစ်ပွါးခဲ့သည်။ အဆိုပါ အမှု၏ လက်သည်မှာ ရွှေတြိဂံဒေသ၌ လှုပ်ရှားနေသော နော်ခမ်းဦးဆောင် သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း တရုတ်နှင့်ထိုင်းအာဏာပိုင်များက ပြောဆို ခဲ့ကြသည်။
သို့သော် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်စိုင်းနော်ခမ်းမှာ မိမိလက်ချက်မဟုတ်ကြောင်း ၎င်း၏မိတ်ဆွေ ကုန်သည်ကြီးများ အားလည်းကောင်း နယ်စပ် ထိုင်းလုံခြုံရေးအာဏာပိုင်တဦးအားလည်းကောင်းပြောဆို ခဲ့သည် ။
တဖက်တွင်လည်း အောက်တိုဘာ ၂၈ ရက်က ထိုင်း ရဲအဖွဲ့က ထိုင်းစစ်သည် ၉ ဦးအား ခေါ်ယူ၍လူသတ်မှု နှင့်အလောင်းရွှေ့ ပြောင်း မှုဖြင့် စွဲချက်တင်ခဲ့သည်။
ရွှေတြိဂံဒေသတွင် လက်နက်ကိုင်လှုပ်ရှားနေသော နော်ခမ်းအကြောင်းတစေ့တစောင်း

ရွှေတြိဂံဒေသတွင် လက်နက်ကိုင်လှုပ်ရှားနေသော  MTA   လက်ကျန် နော်ခမ်းမှာ ၁၀၊ ၁၊ ၂၀၀၆ က ၎င်းနေထိုင်သည့် (တာချီလိတ်) အိမ်သို့ မြန်မာအာဏာပိုင်များ ဝင်ရောက်စစ်ဆေးရာ လက်နက် ၁၅၀၊ ယာဘထုတ်စက် ၂ လုံးနှင့် မရေ မတွက်နိုင်သည့်ယာဘများဖမ်းမိချိန်ကစ၍ ပျောက်ကွယ်သွားခဲ့သည်။

၂၅၊ ၂၊ ၂၀၀၈ မှ  ရွှေတြိဂံအထက် ၁၀ ကီလိုမီတာအကွာ လောဝ်နိုင်ငံပိုင် ရေမျက်နှာပြင်ထဲ၌တရုတ် အာဏာပိုင်များ ၏စက်လှေကို ပစ်ခတ်တိုက်ခိုက်ခံရရာမှ နော်ခမ်း၏လှုပ်ရှားမှုသတင်းများ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ တရုတ်အာဏာပိုင် ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
၁၈၊၂၊၂၀၀၉ မဲခေါင်မြစ်တွင်း မိုင်းဖုန်းနှင့် မိုင်းမွမ်းကြား တရုပ်လှေတစင်း ပစ်ခတ်ခံရ၍ တရုတ် နိုင်ငံသား တဦး သေဆုံး ကာ  ၇  ဦးဒဏ်ရာ ရရာနော်ခမ်း၏လက်ချက်ဖြစ်ကြောင်း တရုတ်အစိုးရပြောပြန်၏။  တရုတ် ဖိအား ကြောင့် မြန်မာစစ် အစိုးရက စစ်ကြောင်း ၄-၅ ကြောင်းစေလွတ်၍နော်ခမ်းအဖွဲ့ကိုလိုက်လံရှင်းလင်းခဲ့  သဖြင့် နော်ခမ်း၏ နောက်လိုက်များ ယူဆရသော ဒေသခံနှင့် ရဲဘော်ဟောင်းအချို့ အယောက် ၂၀ ကျော် ကို စစ်အစိုးရက ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ (အမှန်မှာ အဆိုပါတရုတ်လှေအား နော်ခမ်းအဖွဲ့ကတားဆီးစစ် ဆေးရာ အမြင့်ပိုင်းမှနေသည့် ဗမာစစ်တပ်က လှမ်းပစ်ခတ်သည်ဟု နောက်ပိုင်း၌သတင်း များထွက်ပေါ် ခဲ့သည်)
၂၅၊၂၊၂၀၀၉ တွင် ခမရ ၅၂၆ နှင့် ခမရ ၃၅၉ တို့ပူးပေါင်း၍ ရွှေတြိဂံဒေသရှိ နော်ခမ်းဦးဆောင်သည့်အဖွဲ့အား သွားရောက် ပစ်ခတ်ရာ နော်ခမ်းဖက်မှ ၁၁ ဦးသေဆုံး၍ ၂၀ ကျော် အဖမ်းခံရသည်။ အများစုမှာ ဒေသခံရွာ သား များဖြစ်ကြသဖြင့် မကြာခင်၌ပင် မြန်မာအာဏာပိုင်များက ပြန်လည်လွှတ်ပေးလိုက်သည်။
၂၀ ၊၂၊၂၀၀၉ စနေနေ့က မိုင်းဖုန်းကျေးရွာအုပ်စု မြောက်ပိုင်း ၀မ့်ဆမ်ပူးရွာအနီး မဲခေါင်မြစ်ထဲ၌ ၀မ့်ပုံဒေသခံ ပြည်သူ့စစ် ၂ ယောက် (ဗမာတယောက်၊ သျှမ်းတယောက်) နှင့် မိုင်းဖုန်းအခြေစိုက် ပုလိပ်စခန်းမှူး အပါအဝင် မူးယစ်အာဏာပိုင် ၁၃ ယောက်ပစ်သတ်ခံ ရ၏။ မြန်မာအာဏာပိုင်များ၏ လှေ ၃ စီးစလုံး မဲခေါင်မြစ်အတွင်း နစ်မြှုပ်ခဲ့ကြောင်းသိရသည်။ ၎င်း၏ လက်သည်မှာ နော်ခမ်းဦးဆောင်သော အင်အား ၂၀ ကျော် စက်လှေ ၅ စီး ပါအဖွဲ့ဖြစ်ကြောင်း မြန်မာအာဏာ ပိုင်တို့ ပြောဆိုခဲ့သည်။
ယခု ၂၀၁၁ အတွင်း၌မူ ရွှေတြိဂံဒေသ မဲခေါင်မြစ်ဝှမ်း၌ စိုင်းနော်ခမ်း၏လက်ချက်ဟုသတင်းများထွက်ပေါ်နေ သည့် အမှု ၇ မှုထက်မနည်းရှိသည်ကို သျှမ်းသံတော်ဆင့်မှ သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

000-_Chinese_boatတရုတ်လှေ

၄၊ ၄၊ ၂၀၁၁ နော်ခမ်းအဖွဲ့  Kings Roman’s Casino ၏စက်လှေ ၃ စီးကိုပြန်ပေးဆွဲကာ အလုပ်သမား ၉ ယောက်အတွက် ထိုင်းဘတ်ငွေ ၂၂ သန်းဖြင့် ပြန်လည်ရွေးယူစေခဲ့သည်။
၉၊၅၊၂၀၁၁ မြန်မာနှင့်လောဝ် အာဏာပိုင်များပူးပေါင်းကာ နော်ခမ်းအဖွဲ့အား သွားရောက်ပစ်ခတ်ရာလောဝ် အာဏာပိုင် ၂ ဦး တိုက်ပွဲ၌ ကျဆုံးခဲ့သည်။
၁၇၊၅၊ ၂၀၁၁ ဝမ့်ပုံရွာအနီး၌ တရုတ်လှေ တစီးကို ဓါးပြတိုက်ခံရသဖြင့် လောဝ်အာဏာပိုင်များကနော်ခမ်းအဖွဲ့ အား လိုက်လံရှာဖွေရှင်းလင်းခဲ့သေးသည်။ သို့သော်မအောင်မြင်သဖြင့် လုံခြုံရေးတင်းကျပ်ပေးရန်တလောဝ် နှင့် မြန်မာတို့ တရုတ်အာဏာပိုင်တို့၏ တောင်းဆိုခြင်းခံခဲ့ရသည်။

၁၅၊၈၊၂၀၁၁ ဝမ့်ပုံအနီး မဲခေါင်မြစ်အတွင်း၌ မြန်မာစစ်တပ်က ချောင်းမြောင်းပစ်ခတ်သဖြင့် နော်ခမ်းအဖွဲ့ ၏လှေ ၂ စီး မြစ်ထဲနစ်မြုပ်သွားပြီး အဖွဲ့ဝင် ၃ ဦးလည်း သေဆုံးခဲ့သည်။
၂၂၊၈၊၂၀၁၁ မဲခေါင်မြစ်အတွင်း ဆမ်ပူးကျွန်းအနီး တရုတ်နယ်လှည့်ခရီးသွားများ၏လှေ နော်ခမ်းအဖွဲ့၏ ဓါးပြတိုက်ခြင်း ခံခဲ့ရသည်။
၂၁၊၉၊၂၀၁၁ မြန်မာနှင့် လောဝ်အာဏာပိုင်များ တိုက်ခိုက်မှုကြောင့်နော်ခမ်းတပ်ဖွဲ့ဝင် ၂၀ ဦး ကျဆုံးကာ ၄ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။ အဆိုပါဒဏ်ရာရသူများကို ထိုင်းနိုင်ငံသို့ပို့ဆောင်ကုသခဲ့ကြောင်းသိရ သည်။
၂၆၊ ၉၊ ၂၀၁၁ တရုတ် နှင့် လာအို (လောနိုင်ငံ) အာဏာပိုင်များ ပူးပေါင်း၍ ရွှေတြိဂံဒေသအတွင်းရှိ  Kings Romans Casino လောင်းကစားရုံအားရှောင်တခင်ဝင်ရောက် စစ်ဆေးရာ မူးယစ်ဆေးမျိုးစုံနှင့်ထိုင်းဘတ် ငွေသန်း ၅၀ ကျော် ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ ဒုဝန်ကြီး ချုပ်ချလိမ်ယူပံရုန်းကတရားဝင်ကြေငြာခဲ့သည်။
၅၊၁၀၊၂၀၁၁   မဲခေါင်မြစ်အတွင်း မောင်းနှင်လာသော လုပ်သား(တရုတ်လူမျိုး) ၁၃ ဦး လိုက်ပါသည့် တရုတ်စက်လှေ ၂ စင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ဓါးပြတိုက်သတ်ဖြတ်ခဲ့သည်။ ထိုနေ့တွင်ပင် အဆိုပါစက်လှေ ၂ စင်းမှာ ထိုင်း နိုင်ငံ ကျိန်းဆဲန်သို့ ဝင်ရောက်လာသဖြင့်ထိုင်းအာဏာပိုင် များဖက်မှ ဝင်ရောက်ရှာဖွေ ရာ အလောင်း ၁ လောင်း   ယာဘဆေးပြား ၉၂ဝ,၀၀၀ ရရှိခဲ့ သည်။ ထိုနောက် အောက်တိုဘာလ ၇ ရက်နေ့ မှစ ၍ အလောင်း ၁၂ လောင်းကို မဲခေါင်မြစ် ကျိန်းဆဲန်အနီး ထပ်မံတွေ့ရှိရ သည်။  စက်လှေပြန်ပေးဆွဲ သတ်ဖြတ်မှုမှာ ရွှေတြိဂံဒေသ၌ လှုပ်ရှားနေသော ခွန်ဆာ့ MTA လက်ကျန် နော်ခမ်း အဖွဲ့လက်ချက် ဟု ပြောဆိုနေကြသော်လည်း ရာနှုန်းပြည့် ပါဝင်ပတ်သက်မှု မဖြစ်နိုင်ဟုလည်း သုံးသပ်ပါသည်။အဆိုပါအမှုမှာ ယနေ့တိုင် ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s