၁၁.၁၁.၂၀၁၁ တစ်ခြောက်လုံးနေ့ အခမ်းအနားကို Eleven Media Group မှ ကျင်းပပြီး အနာဂတ်အတွက် ဖယောင်းတိုင်မီးညှိဆုတောင်းခြင်း ကို သက်ဆိုင်ရာနယ်ပယ် မှ ကိုယ်စားလှယ် ၁၁ ဦး( ဦးဇာဂနာ၊ လူမှုရေးအသင်းအဖွဲ့များကိုယ်စား နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူ၊ သတင်းမီဒီယာကိုယ်စား ပြည်သူ့ခေတ် ဂျာနယ်အယ်ဒီတာချုပ် ဒေါက်တာဖေမြင့်၊ NGO အဖွဲ့များကိုယ်စား ဒေါက်တာကျော်သူ၊ စီးပွားရေး လုပ်ငန်းရှင်များ ကိုယ်စား ဒဂုံဆိပ်ကမ်းစက်မှုဇုန်အတွင်းရေးမှူး ဦးကျော်သူ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ကိုယ်စား ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဌေးကြွယ်၏အစ်မ မခင်မိမိကြွယ်၊
လူငယ်နိုင်ငံရေးခေါင်းဆောင်ကိုယ်စား GW မှ ကိုဇေယျာသော်၊ လူငယ်အနုပညာရှင်များ ကိုယ်စား ချစ်သုဝေ ၊ အလုပ်သမားများကိုယ်စား လှိုင်သာယာမြို့နယ်မှ ကိုအောင်ထွန်း၊ တိုင်းရင်းသားများကိုယ်စား ချင်းတိုးတက်ရေးပါတီမှ ဥက္ကဌ ဦးဇိုဇမ် ၊ လယ်သမားများကိုယ်စား စလင်းမြို့နယ်မှ တက်ရောက်လာသူ ကိုဇော်မင်းထွန်း )တို့မှ ဖယောင်းတိုင်များကို မီးထွန်းညှိပေးခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် “လူတွေဆန္ဒတွေအားလုံး ဒီကနေ့ကစပြီး ပြည့်ဝကြပါစေ” လို့ ဦးဇာဂနာက ဆုတောင်းပေးခဲ့ပါသည်။
ယင်းနောက် အခမ်းအနားတွင် ခုံနံပါတ် ၁၁ အား ယုံကြည်ချက်ကြောင့်မလွတ်မြောက်သူများအတွက် ၀ိုင်းအလွတ်အဖြစ် ထားရှိကြခဲ့ပြီး အခမ်းအနားသို့ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျော်ကြားသူများ စုံစုံလင်လင်တက်ရောက်ခဲ့သည်။