အစိုးရနှင့်ဆွေးနွေးနိုင်ရေး ဝ တပ်ဖွဲ့အတွင်းအစည်းအဝေးလုပ်

အစိုးရနှင့်ဆွေးနွေးနိုင်ရေး ဝ တပ်ဖွဲ့အတွင်းအစည်းအဝေးလုပ်

အစိုးရသစ်နှင့်ဆွေးနွေးနိုင်ရေးအတွက် ၁၅ ရက်နှင့် ၁၆ ရက်က ဝ တပ်ဖွဲ့အတွင်း အစည်းအဝေး တရပ် ကျင်းပ။ သိန်းစိန် အစိုးရ ကိုယ်စားလှယ် တင်ပြ သော အချက် ၄ ချက်အား လက်မှတ်ထိုးကြခြင်း မှာလက်နက်နှင့် ငြိမ်းချမ်း ရေး လဲလှယ်ခြင်း မဟုတ်။ ငြိမ်းချမ်းရေးကို လက်နက်နှင့် ကာကွယ်ဖို့အတွက် သာဖြစ်ကြောင်း ဝ အရာ ရှိပြော။

အစိုးရသစ်နှင့်ဆွေးနွေးနိုင်ရေးအတွက် ၁၅ ရက်နှင့် ၁၆ ရက်က ဝ တပ်ဖွဲ့အတွင်း အစည်းအဝေး တရပ်ကျင်းပ။ သိန်းစိန် အစိုးရ ကိုယ်စားလှယ် တင်ပြသော အချက် ၄ ချက်အား လက်မှတ်ထိုးကြခြင်း မှာလက်နက်နှင့်ငြိမ်းချမ်း ရေး လဲလှယ်ခြင်း မဟုတ်။ ငြိမ်းချမ်းရေးကို လက်နက်နှင့် ကာကွယ်ဖို့အတွက်သာဖြစ်ကြောင်း ဝ အရာရှိပြော။ ၂ ဖက် ဝန်ထမ်းများ ရုံးပြန်စိုက်ရေးဟူသည့်အချက်တွင် အစိုးရ၏  ပညာ ရေးနှင့် ကျန်းမာရေး ဝန်ထမ်းများသာ လက်ခံမည်ဖြစ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက် တွင်ပါရှိ။ လူ ၂၀၀ ခန့် တက်ရောက်။
သံဃာတော်များပါမကျန် မြန်မာစစ်တပ်၏ ကာဗာအဖြစ် အသုံးချခံရ

၁၇ ရက်နေ့က ခိုလမ်မှလာသော မြန်မာစစ်တပ် ခလရ ၁၃၁ ၏ ရိက္ခာတင်ကား ၈ စီးကျေးသီးမြို့နယ် မိုင်းနောင်-မိုင်းနန်း-ဝမ့်ဖိန်း-နောင်ဆွမ်းဖက်သို့ အတက် ဒေသခံများအားဖမ်းဆီးခေါ်ဆောင်သွား။ သံဃာတော်များပါ မကျန် ၎င်းတို့စစ်ယာဉ် တန်းကြားညှပ် ကာဗာအဖြစ်အသုံးပြု။ ဘုန်းကြီးကျောင်းကားကိုပါ ချောဆွဲရိက္ခာတင် ပေးခိုင်း။
ယာခင်းခုတ်သည့်ရွာသားအား မြန်မာစစ်တပ်ပစ်သတ်

၀၀၅- ပစ်သတ်ခံရသည့် စိုင်းပန်တဝ ( ဓါတ်ပုံ- ZM)
၁၅ ရက် နေ့ခင်းပိုင်းက ယာခင်းသွားခုတ်သူ တန့်ယန်းမြို့နယ် တောင်ဟျိုးအုပ်စုဒေသခံရွာသားစိုင်းပန်တဝ အား အင် အား ၈၀ ခန့်ရှိ မြန်မာစစ်တပ် ခလရ ၂၄၈ က ပစ်သတ်။  အဆိုပါ မြန်မာစစ် ကြောင်းမှာ မိုင်းရှူး- မိုင်းအောတ်မှ ထွက်လာ ှသည့် စစ်ကြောင်းဖြစ်ကာ စိုင်းပန်တဝ နေထိုင်သည့် နားဟုန်းရွာ၏ တောင်ဖက်၌ ပစ်သတ်ခြင်းဖြစ်။ စိုင်းပန်တဝ (အသက် ၃၆ နှစ်) တွင် ဇနီး နန်းစိန်ထွန်းနှင့် သားသမီး ၃ ယောက်ကျန်ရှိ။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s