Save River Irrawaddy: Sign your name in support of saving River Irrawaddy.

The China Gezhouba Group is building a dam on the confluence of the Mali and N’Mai rivers in Kachin State, one of the world’s most important biodiversity hotspots. Once complete it will flood the rainforest with a reservoir the size of New York city and displace 10,000 people, mostly Kachin ethnics, as well as submerging cultural heritage sites central to Kachin identity, according to International Rivers. The Burma Rivers Network, an NGO which represents communities along thre river, said China’s massive huydropower investments had widened the gulf between the government — which wants to benefit from cross-border electricity sales — and Kachin independence groups, which fear the dams will bring environmental, cultural and social disruption. The environmental group has released what it says is a leaked environmental assessment jointly commissioned by the Burmese and Chinese authorities that recommends scrapping the project because it would cause immense damage to bio- diverse ecosystems as local livelihoods as well as posing great risks in the event of an earthquake.  more on

http://www.thepetitionsite.com/1/save-river-irrawaddy/

မြို့ပေါ် ဒုက္ခသည် (၅၂၇၆) ဦး၏ စားဝတ်နေရေးကို အသင်းတော်များ တာဝန်ယူနေ

 

Ngan Sengကချင်ပြည်နယ်ဝန်ကြီးချုပ် ဒူဝါ ငန်ဆိုင်း။

ပြည်နယ်အစိုးရက ဒုက္ခသည် ၅၀၀၀ ကျော်အတွက် စားဝတ်နေရေးတာဝန်ယူခြင်း မဟုတ်ဘဲ အသင်းတော်များ ကသာ အဓိက တာဝန်ယူခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGO) သတင်းရပ်ကွက်က သိရသည်။

 
သြဂုတ်လ (၂၇) ရက် မြစ်ကြီးမြို့တော်ခန်းမတွင် ကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်၏ ရှင်းလင်းပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ကျေးလက်ဒေသများမှ လုံခြုံရေးအရ ပြောင်းရွှေ့လာကြသည့် ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့နှင့် အဖွဲ့အစည်းများက စခန်းများဖွင့်လှစ်နေရာချထားမှု၊ စားဝတ်နေရေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးမှု၊ ကျန်းမာရေးစောင့်ရှောင့်မှုနှင့် ပညာသင်ကြားခြင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောဆိုသွားသည်ဟု သြဂုတ် (၂၉) ရက်ထုတ် မြန်မာအစိုးရ သတင်းစာတွင်ဖော်ပြထားသည်။

“အစိုးရက သတင်းစာရှင်းလင်းပွဲမှာ (၁၃)ခု ဖွင့်ထားတယ်လို့ပြောတယ်။ တကယ်တမ်း သူတို့ဖွင့်ထားတာ မဟုတ်ဘူး။ အသင်းတော်တွေဖွင့်ထားတာ။ အသင်းတော်တွေဖွင့်ထားတာကို အနှောင့်အယှက် မ ပေးဘူး။ ဒါမဲ့ လိုအပ်တာတွေ လာရောက်ကြည့်ရှု ဖြည့်ဆည်းပေးတာမျိုး လုပ်တယ် ပြည်နယ်အစိုးရက။”

သြဂုတ်လ တတိယအပတ်နောက်ဆုံးစာရင်းအရ ၀ိုင်းမော်မြို့ပေါ်တွင် အိမ်ထောင်စု (၇၉၁) ခုမှ ဒုက္ခသည် ကျား/မ ပေါင်း (၂၉၈၉) ဦး၊ မြစ်ကြီးနားမြို့ပေါ်တွင် အိမ်ထောင်စု (၅၅၅)ခုမှ ဒုက္ခသည် ကျား/မပေါင်း (၂၂၈၇) ဦး ရောက်ရှိနေပြီဟု မြို့ပေါ် NGO သတင်းရပ်ကွက်နှင့် နီးစပ်သူများက ဆိုသည်။

ဒုက္ခသည်ပေါင်း (၅၂၇၆) ဦးအား ၀ိုင်းမော်မြို့ပေါ်တွင် နေရာ (၁၀) ခု၊ မြစ်ကြီးမြို့ပေါ်တွင် နေရာ (၁၅) ခု တွင် ရပ်ကွက်/ကျေးရွာ ခရစ်ယာန်အသင်းတော်များက ကိုယ်ထူကိုယ်ထပြုလုပ်ပြီး ရပ်ကွက်တွင်း အလှူခံကာ နေ့စဉ် ဒုက္ခသည်များ၏အစားအသောက်အတွက် စီစဉ်ဆောင်ရွက်ပေးကြလျက်ရှိသည်ဟု သိရသည်။

ဒုက္ခသည်များအား INGO အဖွဲ့အစည်းများ အကူအညီ မ ပေးနိုင်သော်လည်း မေတ္တာဖောင်းဒေးရှင်းက ထောက်ပံ့နေသည်။ ထို့အပြင် ငြိမ်းဖောင်းဒေးရှင်းမှလည်း ဒုက္ခသည်ကလေးသူငယ်များအတွက် စာရေးကိရိယာများထောက်ပံ့နေသည်ဟု သိရသည်။

သို့သော် ပြီးခဲ့သည့် နှစ်ပတ်ကစတင်ကာ ပြည်နယ်ဝန်ကြီးချုပ်၏ တိုက်တွန်းချက်အရ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Program)မှ ဒုက္ခသည်များအတွက် ဆန်အိတ် (၃၀၀) ဖြန့်ဝေသွားရန်ရှိသည်ဟု လည်း ၀န်ကြီးချုပ်နှင့်နီးစပ်သူများမှတဆင့် သိရသည်။

ထို့ပြင် ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများမှ ဒုက္ခသည်များနေထိုင်ရာ အသင်းတော်များသို့ လာရောက် တွေ့ဆုံမှု ထောက်ပံ့မှုများလည်းရှိသည်။

ဇွန် (၉)ရက်မှ စတင်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် ယခုချိန်တွင် နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် ဒုက္ခသည် (၅၀၀၀) ကျော် မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့ပေါ်သို့ ရောက်ရှိနေကြခြင်းဖြစ်သည်။

ရှမ်းမြောက် KIA တပ်မဟာ ၄ နယ်မြေသို့ မြန်မာအစိုးရတပ် တိုးချ

 

masat 4 dapba dajuရှမ်းမြောက် KIA တပ်မဟာ ၄ ဌာနချုပ်အ၀င်တံခါး၊ ဓါတ်ပုံ – ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေသို့ မြန်မာအစိုးရတပ်အင်အား တိုးမြှင့်တပ်ချလာသည်ဟု ဒေသခံများ ပြောသည်။

 
ယခုအခါ ကွတ်ခိုင်အနီး လွယ်ကန်အခြေစိုက် တပ်မဟာ (၄) ဌာနချုပ်အနီးသို့ အစိုးရသစ္စာခံ ပြည်သူ့စစ်များ ပိုမိုလှုပ်ရှားလာသကဲ့သို့ ကွတ်ခိုင်-မူဆယ် တရုတ်နယ်စပ်ကုန်သွယ်လမ်းမ၏ ဘယ်ညာဘက်တွင် အခြေစိုက်သော KIA တပ်ရင်း(၈)နှင့် တပ်ရင်း(၉) နယ်မြေသို့လည်း အစိုးရစစ်အင်အား တိုးမြှင့်ချထားသည်ဟု ဒေသခံများဆိုသည်။

ကွတ်ခိုင်-မူဆယ် ကားလမ်းလုံခြုံရေးအတွက် ကောင်းခါး အခြေစိုက် မထုနော်ဦးဆောင်သော ကချင်ပြည်သူ့စစ်အဖွဲ့ဝင်များကို တာဝန်ပေးထားသည်ဟု ဆိုသည်။

ယခင် ကချင်ကာကွယ်ရေးအဖွဲ့ (Kachin Defense Army) ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ စစ်အင်အား ၈၀ ကျော်အား ယင်း ကားလမ်း လုံခြုံရေးအတွက် သြဂုတ် ၂၈၊ တနင်္ဂနွေနေ့က နေရာချထားပြီးပြီ ဖြစ်ကြောင်း KDA နှင့်နီးစပ်သူများပြောသည်။

ဇွန်လကတည်းက ၎င်းမြန်မာပြည်၏အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းမပေါ် မြန်မာအစိုးရတပ်များအား KIA ကခြုံခိုတိုက်ခိုက်မှုများရှိနေသဖြင့် ယခုကဲ့သို့ KDA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လမ်းမ လုံခြုံရေးတာဝန် ပေးခြင်းဖြစ်သည်။ kng news

ABSFU_Union -back to back-burmese

ABFSU to restart political activity in Burma to test new government

Chiang Mai (Mizzima) – To test the new Burmese government’s openness to democracy, the student underground group All Burma Federation of Student Unions (ABFSU) is ready to restart political activities inside the country.

Han Win Aung, the group’s spokesman, said that to mark the fourth anniversary of the revived ABFSU, the pro-democracy student activists met on Sunday with more than 60 families of political prisoners in what it called a test of the new government. The ABFSU wants to be recognized as a legal organization, he said. read all    http://www.mizzima.com/news/inside-burma/5851-abfsu-to-restart-political-activity-in-burma-to-test-new-government.html