Day: August 6, 2011
မယ်ရာမိုအိမ်ခြေ ၄၀၀ကျော်အထိ ထပ်မံရေမြှုပ် သွားရောက်ကူညီရန် ခက်ခဲနေ-flooding refugee camps
သြဂုတ် ၅ရက်။ နန်းသူးလေ(ကေအိုင်စီ)
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ မယ်ရာမိုဒုက္ခသည်စခန်းတွင် ရေလွှမ်းမိုးမှုကြီးမားလာပြီး ယနေ့တွင် လူနေအိမ်ခြေ ၄၀၀ ကျော်အထိ ရေနစ်မြှုပ်မှုတိုးလာသော်လည်း ရေဘေးဒုက္ခသည်များကို သွားရောက်ကူညီရန် သွားလာရေး အဆင်မပြေဘဲ ခက်ခဲလျှက်ရှိသည်ဟု ကရင်ဒုက္ခသည်ကော်မတီ(KRC)က ပြောသည်။
မဲ့စရင်းရှိ ကရင်ဒုက္ခသည်ကော်မတီရုံးမှ စောတူးတူးက “ရေက မလျော့ဘဲ တက်လာတော့ အိမ်တွေက ၄၀၀ကျော်အထိ ရေ မြှုပ်လာတယ်။ ဒုက္ခသည်တွေကို သွားကူညီဖို့ တာလပတ်တွေ TBBC က လာပေးထားပေမဲ့ သယ်ယူပြီး သွားပို့ဖို့က လမ်းမှာ လည်း သစ်ကိုင်းကျိုး လမ်းပိတ်နေတာကြောင့် သွားရခက်နေသေးတယ်။”ဟု ဆိုသည်။
အလားတူ မယ်ရာမိုစခန်းနှင့် ၁၅ကီလိုမီတာ ကွာဝေးသည့် မယ်လအူးဒုက္ခသည်စခန်းတွင်လည်း မှိုင်းလုံးကြီးချောင်းရေကြောင့် လူနေအိမ် ၃၉လုံးလည်း နစ်မြှုပ်သွားခဲ့ပြီး စခန်းနှစ်ခုစလုံးတွင် စာသင်ကျောင်းများကို ပိတ်ထားရသည်ဟု သိရသည်။
KRC ၀န်ထမ်းတဦးက “ဒီစခန်းနှစ်ခုက နီးနီးလေးပဲလေ။ မှိုင်းလုံးကြီး(မူယူ)ချောင်းကလည်း စခန်း ၂ခုကြားမှာရှိတော့ မယ်လ အူးဘက်မှာလည်း ချောင်းရေတက်လာပြီး အိမ် ၃၉လုံး ရေမြုပ်သွားတာ မယ်ရာမိုလောက် အခြေအနေ အရမ်းကြီးတော့ မဆိုး ဘူးပေါ့။ ဒါပေမဲ့ ကျောင်းတွေကတော့ စခန်း ၂ခုလုံး ပိတ်ထားရတယ်။”ဟု ပြောသည်။
သြဂုတ်လ ၃ရက်နေ့မှစ၍ မြင့်တက်လာသည့် အဆိုပါချောင်းရေသည် မယ်ရာမိုစခန်းရှိ ရပ်ကွက်(၇)ရပ်ကွက်မှ လူနေအိမ်များ နှင့် ရိက္ခာဆန်ဂိုဒေါင်များကို လွှမ်းမိုးသွားရာမှ ယနေ့တွင် စခန်းရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၁လုံး ထပ်မံ ရေနစ်မြုပ်သွားပြီး ရေဘေးဒဏ်သင့် ကလေးငယ်များ၏ ပညာရေးကို ထိခိုက်ကာ ကျန်းမာရေးအတွက်လည်း စိုးရိမ်ပူပန်ရကြောင်း KRC က ပြော သည်။
ဒုက္ခသည်စခန်းနှစ်ခုကို ဖြတ်သန်းနေသည့် မှိုင်းလုံးကြီးချောင်း ရေကြီးမှုကြောင့် လူအသေအပျောက်မရှိသော်လည်း အဆိုပါ ရေဘေးဒုက္ခသည်များ၏ နေထိုင်ရေးအတွက် ယခုအချိန်တွင် အမိုးအကာများ အရေးပေါ် လိုအပ်လျှက်ရှိရာ ၎င်းတို့အား ထိုင်း-မြန်မာနိုင်ငံ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွှန့်ပေါင်းအသင်း(TBBC) မှ တာလပတ် ၆၀၀ကို KRC ထံ လာရောက် ပို့ဆောင်ထားပြီးဖြစ်သည်ဟု ကေအာရ်စီက ပြောသည်။
သို့သော် ဒုက္ခသည်စခန်းသို့ သွားရောက်ပို့ဆောင် ကူညီရန်အတွက် အခက်အခဲ ရှိနေသည့်အတွက် ယနေ့တွင် အစည်းအဝေး တခု ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။ Continue reading “မယ်ရာမိုအိမ်ခြေ ၄၀၀ကျော်အထိ ထပ်မံရေမြှုပ် သွားရောက်ကူညီရန် ခက်ခဲနေ-flooding refugee camps”
Invitation Commemoration in Bangkok of the 23rd Anniversary of the 1988 Nationawide Pro-Democracy Uprising in Burma
|
Trafficking in persons: UN expert launches first fact-finding mission to Thailand
Sat, 06/08/2011 – 08:32 | by prachatai
GENEVA / BANGKOK – United Nations Special Rapporteur on trafficking in persons, especially women and children, Joy Ngozi Ezeilo, will begin an official visit to Thailand from 8 to 19 August to examine the impact of anti-trafficking measures in the country. “During my mission, I wish to reach out to a wide range of stakeholders and trafficked persons themselves, so that their voices are heard and can be considered in the national laws, policies and measures related to trafficking in persons,” the Special Rapporteur said.
“I look forward to engaging in constructive dialogue with the Government to discuss progress and remaining challenges in the fight against trafficking in persons,” she noted. Ms. Ezeilo is an independent expert mandated by the UN Human Rights Council to advocate the prevention of trafficking in persons in all its forms and the adoption of measures to uphold and protect the human rights of victims of trafficking in persons.
The Special Rapporteur will visit Bangkok, Chiang Mai, Mae Sot, Samut Sakhon and Songkhla, where she will meet with representatives of the Government and the judiciary, members of international and civil society organizations working on the fight against trafficking in persons and trafficked persons themselves.
At the end of her mission, Ms. Ezeilo will hold a press conference at the Ministry of Foreign Affairs at 11:00 on 19 August 2011.
prachatai
You must be logged in to post a comment.