KIO ကိုထောက်ခံကြောင်းအိန္ဒိယ အရှေ့မြောက်ကချင်များကြေညာ ချက်ထုတ်ပြန်

Wednesday, 29 June 2011 22:54 KNG
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင်နေထိုင်သည့်ရှပေါင်ယောင် ဂျိန်းဖော့(ကချင်) လူမျိုးများကမြန်မာပြည်မြောက်ပိုင်း ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၏ နိုင်ငံရေးရပ်တည် ချက်အား ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ဂျိန်းဖော့ဝန်ပေါင်(ကချင်)များကို အကာအကွယ်ပေးရန်နှင့် ကချင်ပြည်မ (ကချင်ပြည်နယ်)၏ နိုင်ငံရေးရပိုင်ခွင့် ရရှိရေးဟာ ကျနော်တို့ ဂျိန်းဖော့ဝန်ပေါင်(ကချင်)အားလုံး၏ တာဝန်ဖြစ်သကဲ့သို့ အမျိုးသားရေးအတွက် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်နေသည့် KIO/KIAကို အိန္ဒိယနိုင်ငံတွင် နေထိုင်နေကြသည့် ဂျိန်းဖော့ဝန်ပေါင် သွေးချင်းသားချင်းအားလုံး ယုံကြည်ထောက်ခံပါတယ်” ဟု အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အယူနာရှာပရာဒေ့ရှ်ပြည်နယ်တွင်ရှိသည့် ဂျိန်းဖော့လူမှုဖွံ့ဖြိုးရေးအဖွဲ့ (SINGPHO DEVELOPMENT SOCIETY)က ဇွန် ၂၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။singpho_statement

မြန်မာ၊ အိန္ဒိယနှင့် တရုတ်နိုင်ငံရှိ ကချင်အမျိုးသားများသည် မိမိကိုယ်ကို ဂျိန်းဖော့ဝန်ပေါင်/ ရှပေါင်ယောင်ဂျိန်းဖော့ ဟု သမုတ်ကြသော်လည်း အိန္ဒိယနိုင်ငံတွင် Singpho၊ မြန်မာနိုင်ငံတွင် Kachin၊ တရုတ်နိုင်ငံတွင် Jinghposu ဟုခေါ်ဆိုကြသည်။

ကချင်လူမျိုးသည် ချွေးမဘက်အမျိုး(Mayu)၊ သားမက်ဘက်အမျိုး(Dama)နှင့် ညီအစ်ကိုဘက်အမျိုး (Hpunau)ဟု ဖိုခနောက်ဆိုင်ဖွဲ့စည်းထားပြီး အဓိက မျိုးနွယ်စု ၆ မျိုးနှင့် ဘာသာစကား ၆ မျိုး ပြောဆိုကြသည်။

KIO/KIA အား ဇွန် ၉ ရက်မှစတင်ကာ မြန်မာအစိုးရသစ်က ထိုးစစ်ဆင်လာပြီး ယနေ့တိုင် နှစ်ဖက်ကြား တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ ဒေသတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူ ပြည်သူများ ၂၀၀၀၀ ကျော်ပြီဖြစ်သည်။

Last Updated ( Thursday, 30 June 2011 13:34 )

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s