နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယထောင်များအတွင်း ၁၃ နှစ်ကျော်ကြာ အကျဉ်းကျခံခဲ့သည့် ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄ ဦးအား ကရင်အမျိုးသား အစည်းအရုံး KNU တော်လှန်ရေးသမိုင်း၌ ကြာသပတေးနေ့တွင် မှတ်တမ်းတင်လိုက်သည်။
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် ပြုလုပ်ခဲ့သည့် မျိုးချစ်သူပုန် ၃၄ ဦးအား ဂုဏ်ပြုသည့် အခမ်းအနား၌ KNU က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မလျှော့သော ဇွဲလုံ့လနဲ့ အနစ်နာခံ၊ အပင်ပန်းခံလာခဲ့တဲ့

အတွက် ကျနော်တို့ KNU အနေနဲ့ တော်လှန်ရေးရဲ့ သမိုင်းကိစ္စမှာ အတည် ဖြစ်ပါလိမ့်မယ်။ အသိအမှတ်ပြု မှတ်တမ်းတင်ပါတယ်” ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောအားတိုးက ဂုဏ်ပြုပွဲတွင် ပြောဆိုခဲ့သည်။
၃၄ ဦးအနက် ၁၀ ဦးမှာ KNU အဖွဲ့ဝင်များဖြစ်ပြီး၊ ကျန် ၂၄ ဦးမှာ ရခိုင်အမျိုးသား ညီညွှတ်ရေးပါတီ NUPA မှ ဖြစ်ကြသည်။
မြန်မာ့ဒီမိုကရေစီအင်အားစုများက ဦးစီးကျင်းပသည့် အဆိုပါဂုဏ်ပြုပွဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ မစ်ရှင်အကြီးအကဲ မစ္စစ် Monserrat Feixas Vihe ကလည်း “UNHCR အနေနဲ့ ဒုက္ခသည်တွေကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ ဖြစ်တဲ့အတွက် ဒီ ၃၄ ယောက်ကို လုံလုံခြုံခြုံနဲ့ ပြန်လည် လွတ်မြောက်နိုင်ဖို့ ဆောင်ရွက်ရာမှာ အောင်အောင်မြင်မြင် ပါဝင်ကူညီပေးနိုင်ခွင့် ရတာဟာ ကျမတို့အတွက် အခွင့်ထူးတရပ်ပါပဲ” ဟု ပြောဆိုသွားသည်။
http://www.mizzimaburmese.com/plugins/content/dewplayer.swf?son=http://www.mizzimaburmese.com/images/AudioNew/UNHCR_voice.mp3&autoplay=0&autoreplay=0&showtime=1 Continue reading “တော်လှန်ရေးသမား ၃၄ ဦး KNU ဂုဏ်ပြု”
You must be logged in to post a comment.