စားသုံးကုန်များ သက်သာချောင်ချိစွာ ၀ယ်ယူနိုင်ရေး ဖွင့်ပွဲစတင်

ခရီးသည်နှင့်ကုန်သည်များ သက်သာချောင်ချိစွာ ၀ယ်ယူသုံးစွဲနိုင်ရေးအတွက် မြန်မာ့စားသောက်ကုန်များကို ထိုင်း-မြန်မာနယ်စပ်အမှတ် -၁၀ ဟွေ့ပူလောင်းတွင် ဆိုင်ခန်းများဖွင့်၍ ရောင်းချသွားမည်ဟုဆိုသည်။

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ)မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြည်ဝင်း ဦးဆောင်သည့် အောင်တံခွန် သက်သာဆိုင်ဖွင့်ပွဲကို မတ်လ ၃၁ ရက်နေ့က ဟွေ့ပူလောင်းဒေသရှိ အောင်တံခွန်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ရာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မွန်းမြို့နယ်မှူးမှ ထိုင်းဒေသခံအာဏာပိုင်များ၊ NGOs များ၊ သတင်းထောက်များနှင့် ထိုင်းကုန်သည်အချို့တို့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့သည်။

ဈေးဖွင့်ပွဲတွင် တွေ့ရစဉ်

ဈေးဖွင့်ပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ -ကေတီ)

“နံပါတ်တစ် နယ်စပ်ဒေသ ထိုင်းမြန်မာ တိုးတက်ညီညွတ်ရေး၊ သွားလာလွယ်ကူအောင် ဖြစ်ပါတယ်။ နံပါတ်နှစ် မိမိတို့ ဒေသတွင်းရှိသည့် ဘောလခဲခရိုင် ရွာသစ်သံလွင်အရှေ့ဖက်ကမ်း ဒေသဖွံ့ဖြိုးတိုးတက်ရေး။ နံပါတ်သုံး ဒေသတွင်း သွားလာရသည့် အများပြည်သူများ သက်သက်သာသာ လွယ်ကူစွာ ၀ယ်ယူစားသုံး လုံခြုံရေး ဖြစ်ပါတယ်” ဟု အောင်တံခွန်သက်သာဆိုင် ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ကလလတမှ တာဝန်ရှိသူတစ်ဦးက မိန့်ခွန်းစကားတွင် ပြောသည်။

အောင်တံခွန်ဈေးဖွင့်ပွဲတွင် ဆိုင် ၆ လုံးမှ စားသုံးကုန်ဖြစ်သည့် မုန့်၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ သောက်ရေသန့် စသည့် မြန်မာထုတ်ကုန် ပစ္စည်းများရောင်းချသည်ကို တွေ့ရှိရသည်။ ဈေးဖွင့်ပွဲအတောအတွင်း မယ်ဟောင်ဆောင်မှ ပွဲလာသူများ အပြန်ခရီးတွင် ထိုဈေးတမ်းများမှ ရောင်းချသော ပစ္စည်းများကို ၀ယ်ယူအားပေးခဲ့ကြသည်။

“ခါတိုင်းရက်က ခရီးသည်တွေရှိရင် ရောင်းလို့ရတယ်။ ခရီးသည်လုံးဝမရှိတဲ့ ရက်လည်းရှိတယ်။ တခါတလေတော့ရှိတယ်။ တခါတလေတော့မရှိဘူး” ဟု ဈေးသည်တစ်ဦးက ပြောသည်။

နယ်စပ်အမှတ် -၁၀ လမ်းအား ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ စစ်ရေးပဋိပက္ခကြောင့် ဖွင့်လိုက်ပိတ်လိုက်ရှိနေခဲ့ရာမှ ၂၀၁၀ ရွေးကောက်ပွဲအပြီး တဖန်ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုအမှတ် -၁၀ နယ်စပ်လမ်းတွင် ပြီးခဲ့သည့်မတ်လ ၁၆ ရက်နေ့က ကရင်နီပြည်တွင်းမှ တင်ပို့ရောင်းချခဲ့သော ဘိန်းမဲ ၁၂ ကီလိုခွဲကို ထိုင်းဒေသခံအာဏာပိုင်တို့က ဖမ်းဆီးခဲ့သည်။

 

NDF Party Splits

NDF leaders at loggerheads, party splits thumbnail

Khin Maung Swe [left] sits alongside Thein Nyunt. The two have now split into differing factions following months of acrimony (DVB)

The opposition National Democratic Force has announced it has split into two factions following months of acrimony amongst senior party leaders.

The party born out of Burma’s iconic National League for Democracy (NLD) had been in existence for only nine months before yesterday’s decision to break apart. One faction will now be led by deputy chairman Thein Nyunt, and the other by Khin Maung Swe, the party leader.

Relations between the two had soured following the elections last year after the NDF requested permission from the Union Election Commission to dismiss Thein Nyunt as a member. The party alleged that he had shared sensitive policy details with the media.

Thein Nyunt appears to have spearheaded the split, and has rebranded his faction as the Thingangyun NDF after the Rangoon township that he won a parliamentary seat in. His group contains five NDF members who were victorious in the November 2010 elections.

He told DVB that the new group would “work separately” to Khin Maung Swe’s but held back on more specific details, saying only that the announcement was made after fellow MPs questioned the status of the party in parliament.

The split appears to have been far from amicable, with Thein Nyunt asserting that “in no way will we get back together with them, personally, organisational-wise or politically”.

But Khin Maung Swe was more affable. He said that the splinter group “had the right to make their own choice” and wasn’t attempting to stop them.

“They are free to take part in politics and set up the party of their preference. However, they should not forget they were [elected] as representatives in the People’s Parliament under the Hkamaut [bamboo hat] flag,” Khin Maung Swe said, referring to the NDF’s symbol.

He added that his faction would “happily forgive” Thein Nyunt’s.

Following the NDF’s criticism of Thein Nyunt last year, the deputy leader responded that the party had failed to carry out a financial audit it had promised. Khin Maung Swe said at the time that he had also accused the party of using foreign funding, a practice that is illegal under Burmese law.

Thein Nyunt’s future in the party was then put to a vote, with 12 out of 15 NDF leaders deciding he should be expelled.

The NDF broke away from the NLD in May 2010 following the latter’s decision to boycott the polls. It fielded nearly 80 candidates in the 7 November vote, winning 16 seats.

http://www.dvb.no/

 

အစိုးရသစ်ကို ယုံကြည်မှုမရှိကြာင်း KNU ကြေညာချက်ထုတ်ပြန်

အစိုးရသစ်ကို ယုံကြည်မှုမရှိကြာင်း KNU ကြေညာချက်ထုတ်ပြန်

ဧပြီလ ၄ရက်။ စောခါးစူးညား (ကေအိုင်စီ)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး တိုင်းရင်းသားလူမျိုးစုများအတွက် အာမခံချက်မရှိသော ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် ယခုတက်လာသည့် စစ်ယူနီဖောင်းချွတ် အစိုးရသစ်ကို ယုံကြည်လက်ခံမှုမရှိကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)က ယနေ့ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

အစိုးရသစ်သည် နအဖ ထိပ်ပိုင်းစစ်ခေါင်းဆောင်များ၏ ချုပ်ကိုင်မှုအောက်တွင် ဆက်လက်ရှိနေသေးသည့်အတွက် မြန်မာတ နိုင်ငံလုံး စစ်မှန်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ မဖြစ်မနေ လိုအပ်နေသည့် တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေးနှင့် တည်ငြိမ်အေးချမ်းမှုတို့ကို တာဝန်ယူနိုင်မည်မဟုတ်ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

KNU တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒီအစိုးရသစ် တက်လာတာ နိုင်ငံတကာက တချို့တိုင်းပြည် က မြန်မာနိုင်ငံ ပြောင်းလဲရေးအတွက် ခြေလှမ်းတရပ်လို့ မြင်ကြပေမဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေကိုနှိုင်းကြည့်ရင် လက်မခံပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးပြီး တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်မှုရပ်၊ နောက် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ပစ်ခတ်ရပ်စဲရေးလုပ်ပြီး တိုင်းရင်းသားတရပ်လုံးနဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်မှသာ နိုင်ငံရေးပြ ဿနာက ဖြေလည်နိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီကြေညာချက်ကို ထုတ်တာပါ။”ဟု ပြောသည်။

ယခု တက်လာသည့် အစိုးရသစ်သည် ယခင်အစိုးရအတိုင်း မူမပြောင်းလျှင် တိုင်းပြည်မှာ ချွတ်ခြုံကျလာပြီး မကျေနပ်မှုများ ကြောင့် တပ်မတော်အတွင်း၌ပင် အောက်ခြေထုတပ်သားများ၏ ဆန့်ကျင်မှုများ ပေါ်လာနိုင်သလို တပ်မတော်အတွင်း ဒီမိုက ရေစီ လိုလားသူများနှင့် အာဏာရှိသူများအကြား အကွဲအပြဲဖြစ်ကာ တိုင်းပြည် မငြိမ်မသက် ဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးစော လှငွေက ဆက်လက် သုံးသပ်ပြောဆိုသည်။

မြန်မာစစ်တပ်သည် ရွေးကောက်ပွဲအပြီး အပြစ်မဲ့အရပ်သားများကို မတရား ဖမ်းဆီးထိန်းသိမ်းမှု၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှု၊ အတင်းအဓမ္မ ခိုင်းစေမှုနှင့် အကာအကွယ်အဖြစ် အရပ်သားများကို ရှေ့တန်း၌ အသုံးပြုသည့်အပြင် တိုင်းရင်းသားလူမျိုးစု အရပ်သားပြည်သူများက လေးလံသည့် တပ်ရိက္ခာနှင့် ခဲယမ်းမီးကျောက်များကို နေ့စဉ်နှင့်အမျှ သယ်ပေးနေရကာ ကုန်တင် ကား၊ မော်တော်ဆိုင်ကယ်နှင့် နွားလှည်းများမကျန် လုပ်အားပေးခိုင်းရသည်ဟု ကြေညာချက်တွင် ထောက်ပြရေးသားထား သည်။

စစ်အစိုးရသည် လက်ရှိ မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူများ၏ လုံခြုံရေးနှင့် အသက်ရှင်ရပ်တည်ရေးအတွက် ပထမခြေ လှမ်းအနေဖြင့် တိုင်းရင်းသားဒေသအတွင်းရှိ ထိုးစစ်ဆင်မှုကို ရုပ်သိမ်း၍ ပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကာ တွေ့ဆုံဆွေးနွေးပွဲ စတင်ရန် ကေအဲန်ယူက တောင်းဆိုထားသည်။

၎င်းအပြင် စစ်အစိုးရတပ်များ၏ အရပ်သားပြည်သူများအား လုပ်အားပေးခိုင်းစေမှု၊ ပစ်မှတ်ထား တိုက်ခိုက်မှုနှင့် အဓမ္မ ပစ္စည်း သိမ်းယူမှု စသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်စေပြီး တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံး လုပ်ဆောင်ရန် ကမ္ဘာ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ တိုက်တွန်းရန်လည်း နှိုးဆော်ထားသည်။

ကေအဲန်ယူသည် ၁၉၄၉ခုနှစ်မှစ၍ မြန်မာစစ်အာဏာရှင် အဆက်ဆက်ကို ယခုအချိန်ထိ တော်လှန်တိုက်ခိုက်နေသည့် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး ယခင်လ မတ်လ ၃၀ရက်နေ့က အစိုးရသစ် သမ္မတ ဦးသိန်းစိန် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံးအကြိမ် ကြေညာချက်ထုတ်ပြန်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

KIC New Home Page