နော်အဲဏီ(ဇန်နဝါရီ-၂၈)။ ။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီခေါင်းဆောင် ဦးခူထဲဘူးဖဲ (အသက်၇၄နှစ်) သည် ဇန်န၀ါရီလ(၂၇)ရက် နေ့တွင် လည်ချောင်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပါသည်။ သူသည်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ဥက္ကဌ၊ ကရင်နီနိုင်ငံတော်အစိုးရ၀န်ကြီးချုပ်တစ်ဦးလည်းဖြစ်သလို ကရင်နီအမျိုးသားစာပေကို တီထွင်သူတစ်ဦး လည်းဖြစ်ပါသည်။ သူတာဝန်ယူနေစဉ်အတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အမြဲတမ်းလိုလားသူဟု ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များအဖွဲ့ (NPU) အတွင်းရေးမှူး ဦးသိန်းဦးက ပြောပါသည်။
“ကျနော်တို့အတွက်ကတော့ ဆရာထဲဘူးဖဲကတော့ အင်မတန်ရည်မွန်ဖော်ရွေတဲ့ ပုဂ္ဂိုလ်ပါပဲ၊ သူဟာ အမြဲတမ်း စိတ်ကောင်းစေတနာကောင်းရှိတဲ့သူပါ၊ သူ့အနေနဲ့ကတော့ တိုင်းရင်းသားတွေအားလုံးအပေါ်မှာ စည်းလုံး ပြီးညီညီညွတ်ညွတ်ရှိချင်တယ်။ သူအမြဲတမ်းပြောလေ့ပြောထရှိတဲ့စကားဖြစ်ပါတယ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက်ကို အဓိကထား လုပ်ဆောင်နေတာ ဆိုတာကို ကျနော်တို့ သိရပါတယ်”
ထို့အပြင် အမျိုးသားတော်လှန်ရေးကာလတစ်လျှောက်လုံးတွင် တော်တည့်မှန်ကန်စွာရပ်တည်ခဲ့သည် ဟု ကေအဲန်ယူ ဒုတိယ ဥက္ကဌ ပဒိုဒေးဗစ်တာကပေါမှ ယခုလိုပြောပါသည်။ Continue reading “နော်အဲဏီ(ဇန်နဝါရီ-၂၈)။ KaoWao”
You must be logged in to post a comment.