ဆောင်းရာသီ ရောက်တိုင်းမှာ မော်တော် (စက်လှေ) သံတွေနဲ့ တစ်နေ့လုံး ဆူညံခဲ့ဖူးတဲ့ ဟွေ့ပူကဲ ရွာလေးဟာ အခုတော့ စက်လေသံတွေ တနေ့ထက်တနေ့ ကျဲလာပါတယ်။
စက်လှေသံတွေ ပျောက်ရှလာတယ် ဆိုတဲ့ အဓိပ္ပါယ်က ဟွေ့ပူကဲ ကျေးရွာဆီသို့ အလည်အပတ် လာကြတဲ့ နိုင်ငံခြားသားတွေ အလာနည်းသွားခြင်းဘဲ ဖြစ်ပါတယ်။

ဟွေ့ပူကဲ ကျေးရွာဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်အတွင်းမှာ ရှိပြီး ထိုင်း-ကရင်နီ နယ်စပ်အမှတ် (၁ဝ) မှာ တည်ရှိနေပါတယ်။
နိုင်ငံခြား ဧည့်သည်တွေ နည်းလာတဲ့ ဂယက်ဟာ ဟွေ့ပူကဲ ရွာသားတွေရဲ့ စားဝတ်နေရေး ပြဿနာကို ထိပါးလာတဲ့အပြင် ကလေးတွေရဲ့ ပညာရေး အထိပါ အကြပ်အတည်းတွေ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ရေရှည် အနာဂါတ်ဟာလည်း အဖြေ ရှာရခက်တဲ့ ပုဒ်စာ တပုဒ်လိုပါဘဲ။
သူတို့ရဲ့ စားဝတ်နေရေး
ဟွေ့ပူကဲရွာစတည်ကတည်းက ရွာသူရွာသားတွေဟာ ထိုင်းတောင်ပေါ်သားတွေလို တောင်ယာ၊ လယ်ယာတွေ လုပ်ကိုင်စားသောက်ခွင့် မရှိပါဘူး။ စစ်ပြေးဒုက္ခတွေအဖြစ် အသိအမှတ် ပြုထားခြင်း ခံရတဲ့အတွက် ဟွေ့ပူကဲ ကျေးရွာမှာ ယာယီနေထိုင်ခွင့်ဘဲ ရကြပါတယ်။ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့် မရှိပေမဲ့လို့ စားဝတ်နေရေးအတွက် အပူအပင် မရှိကြပါဘူး။
ကိုယ်တိုင် ယက်လုပ်တဲ့ တဘက်၊ လွယ်အိတ်တွေနဲ့ တခြား လက်လုပ်ပစ္စည်း အနည်းငယ်တို့ကို နိုင်ငံခြား ဧည့်သည်တွေဆီ ရောင်းချခြင်းဖြင့် ရရှိတဲ့ ဝင်ငွေတွေနဲ့ အသက်မွေးကြပါတယ်။
ဒုက္ခသည် စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည်တွေထက် စာရင် မိသားစု ဝင်ငွေတွေ ပိုမိုရရှိနိုင်တဲ့ အခွင့်အလမ်း ရှိတယ် ဆိုနိုင်ပေမဲ့လို့ ဒုက္ခသည် စခန်းမှာ ထုတ်ပေးတဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ဂျုံမှုန့်နဲ့ ကုလားပဲ စတဲ့ စားနပ်ရိက္ခာတွေ မရရှိကြပါဘူး။ နိုင်ငံခြား ဧည့်သည်တွေ ပိုအလာများတဲ့ ဆောင်းရာသီ အတောအတွင်းလောက်မှာပဲ အပိုဝင်ငွေ ဆိုတာ ရရှိကြတာပါ။
တခြားရာသီမှာ ဟွေ့ပူကဲ ရွာသားတွေရဲ့ အခြေအနေကတော့ “အင်ဥတွေကို ကြိုးစားပြီး ကောက်တာ တောင်ဆန် တစ်ပုံးမှ မဝယ်နိုင်သေးဘူးလေ။ ဆန်ကို အကြွေးနဲ့ ဝယ်စားတာ (၂) အိတ် ရှိသွားပြီ” လို့ မိုးရာသီတုန်းက အင်ဥများ ကောက်ရောင်းခဲ့တဲ့ ဟွေ့ပူကဲ ရွာသား တစ်ဦးက ပြောပါတယ်။ Continue reading “အဖြေရှာလို့ မရသေးတဲ့ ပုဒ်စာ by Ktimes 04.01.”
You must be logged in to post a comment.