Economist Intelligence Unit Country Report on Myanmar January 2011
Day: December 5, 2010
မင်းထက်ေအာင်(ဒီဇင်ဘာ-၄)။ ။ KNU-KNLA/PC တပ်ဖွဲ့မှ kaowao
မင်းထက်အောင်(ဒီဇင်ဘာ-၄)။ ။ KNU-KNLA/PC တပ်ဖွဲ့မှ ဗိုလ်မှူးလက်ကိုင်ဦးစီးအင်အား ၂၁ ဦးတို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၌ စစ်အစိုးရတပ်ဖွဲ့ထံ နိုဝင်ဘာ ၂၇ ရက်တွင် လက်နက်ချလိုက်ကြောင်း ယနေ့စစ်အစိုးရထုတ်သတင်းစာများက ရေးဖေါ်ပြသည်။
![]() |
စစ်အစိုးရယနေ့သတင်းစာပါရေးသားဖေါ်ပြချက်
|
မည်သည့်နေရာတွင် မည်ကဲ့သို့လက်နက်ချခဲ့သည်ကို အဆိုပါသတင်းစာများ၌ အကျယ်တဝင့်ရေးသား ဖေါ်ပြခြင်းမပြုသော်လည်း ဘုရားသုံးဆူဒေသတဝိုက်လှုပ်ရှားနေသော တပ်ဖွဲ့ဟု ကေအဲန်ယူတပ်မဟာ ၆ ပြောခွင့်ရ ဗဒိုစောထဲနေက ပြောသည်။ Continue reading “မင်းထက်ေအာင်(ဒီဇင်ဘာ-၄)။ ။ KNU-KNLA/PC တပ်ဖွဲ့မှ kaowao”
နော်အဲဏီ(ဒီဇင်ဘာ-၅)။ ။ နအဖတပ်များနှင့်ဒီကေဘီအေတပ်များ kaowao news 5.Dec.
နော်အဲဏီ(ဒီဇင်ဘာ-၅)။ ။ နအဖတပ်များနှင့်ဒီကေဘီအေတပ်များ အခုရက်ပိုင်းအတွင်း၌မြ၀တီမြို့နယ်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွါးနေဆဲဟုဒီကေဘီအေတပ်မှူးတစ်ဦးမှပြောပါသည်။
![]() |
---|
ဒီကေဘီအေတပ်ဖွဲ့များ
|
မြ၀တီခရိုင်၊ ဝေါ်လေကျေးရွာတွင် စခန်းချနေသော နအဖတပ်ကို ဒုတပ်ရင်းမှူး ဗိုလ်မှူးစောချမုစေး ၊ တပ်စုမှူးစောလှခိုင် ဦးဆောင်သော ဒီကေဘီအေ(၉၀၉) တပ်နဲ့ ကေအဲန်ယူ တပ်ရင်း (၂၀၁)က ပူးပေါင်းပြီး ဒီဇင်ဘာလ (၃) ရက်နေ့ ည (၁၁း၃၀) အချိန်တွင် (၁၅)မိနစ် ခန့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒုတပ်ရင်းမှူး စောချမုစေးက ပြောပါသည်။
အလားတူ လွန်ခဲ့တဲ့ ဒီဇင်ဘာလ (၃) ရက်နေ့ကလည်း မြ၀တီခရိုင် ဖလူးစခန်းထိုင် အင်အား (၃၀) ခန့်ရှိသည့် ခလရ (၆၁) ၊ ခမရ (၂၃၀)ရိက္ခာလုံခြုံရေးအဖွဲ့ကို ဒီကေဘီအေ ဗျူဟာ(၁) အဖွဲ့နဲ့ ကေအဲန်ယူပူးပေါင်းပြီး ၀င်ရောက်စီးနင်းခဲ့ပါသေးသည်ဟု ဒီကေဘီအေဗျူဟာ(၁)စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က အခုလို ပြောပြပါသည်။
“ကျနော်တို့ရန်သူရိက္ခာကားကို ၀င်ရောက်စီးနင်းဖို့ ကျနော်တို့ ဖလူးစခန်းကို ကပ်သွား တယ်နော်၊ ကပ်သွားတဲ့အချိန်လေးမှာ သူတို့ကပစ်ခတ်မှုတွေ အရင်ပစ်တယ်နော်။ သူတို့က ကတုတ်ကျင်းနဲ့ ဆက်သွယ် ရေးကျင်းနဲ့ဆိုတော့ ကျနော်တို့က ပြန်မပစ်ပဲ နားထောင်နေတယ်၊ ကျနော်တို့က(၂ )ချက်ပဲပစ်တယ် သူတို့က အလုံး(၂၀)လောက်ပစ်တယ်နော်။ (၁၁)နာရီမထိုးခင်ကနော် စတာနော်။ ခုနကကျနော်တို့ ပြန်ဆုတ် လာတာ(၁)နာရီနဲ့မိနစ်(၄၀)မှာ ကျနော်တို့ ပြန်ဆုတ်လာတာနော်၊ ကျနော်တို့ ဆုတ်နေတဲ့အချိန်မှာ လည်း သူတို့ပစ်နေသေးတယ်၊ သူတို့ပစ်တာ ဟို အိပ်မှုန်စုံမွားနဲ့ ဘယ်မှာရှိမှန်းသူတို့မသိဘူး။ လက်နက်ကြီးဟာ ဘယ်ရောညာရော အရှေ့ကိုပစ်တယ် အနောက်ဘက်မှာက ယိုးဒယားချောင်းခံနေတာကိုး။ ကျနော်တို့က မပစ်ဘူးဆိုတော့ ကျနော်တို့ ဘယ်နေရာမှာရှိမှန်း သူတို့မသိဘူးပေါ့” Continue reading “နော်အဲဏီ(ဒီဇင်ဘာ-၅)။ ။ နအဖတပ်များနှင့်ဒီကေဘီအေတပ်များ kaowao news 5.Dec.”
You must be logged in to post a comment.