ရန်ကုန်းတိုင်းအတွင်းရှိ ရွှေပြည်သာစက်မှုဇုံ (၂) မှ ‘OK’ ကြာဇံစက်ရုံတွင် အလုပ်သမား (၁၀၀) ခန့် ယမန်နေ့ မွန်းတည့် (၁၂) နာရီမှစ၍ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြသည်။
အလုပ်အားခ နည်းပါးသည့်အတွက် အရေးဆိုပေးရန် ရွှေပြည်သာအလုပ်သမားရုံးသို့ အလုပ်သမ (၁၀) ဦး သွားရောက်တိုင်တန်းရာမှ ယခုကဲ့သို့ ဆန္ဒပြနေခြင်းဖြစ်သည်။
“ပထမတော့ ၁၀ ယောက်၊ နောက်တခါကျတော့ လေးငါးဆယ်ယောက်။ ရွှေပြည်သာ အလုပ်သမားရုံးကို ချီတက်ပြီး သွားတိုင်တာ။ တစ်နေ့ (၁၇၀၀) ရတာကို (၂၅၀၀) တိုးပေးဖို့ သူတို့ကို လာပြောပေးဖို့။ အဲလိုမျိုးမှ တိုးမပေးလို့ရှိရင် သူတို့ အလုပ်မဆင်းတော့ဘူးပေါ့။ အဲဒါ အခု ဒီမနက် (၉) နာရီထိတော့ အလုပ်ရှင်ဘက်က ဘာမှ လိုက်လျောတာ မရှိသေးဘူး” ဟု ဆန္ဒပြအလုပ်သမားများနှင့် နီးစပ်သူ အမျိုးသမီးတဦးက ပြောသည်။
အဆိုပါ ဆန္ဒပြအလုပ်သမား (၁၀၀) ခန့်တွင် အများစုမှာ အမျိုးသမီးများဖြစ်ကြောင်းနှင့် စက်ရုံရှိ အလုပ်သမားများသည် နယ်မှ လာရောက် လုပ်ကိုင်ကြသူ အများစုဖြစ်ကြောင်း အဆိုပါ ဆန္ဒပြအလုပ်သမားများနှင့် နီးစပ်သူ အမျိုးသမီးက ဆက်ပြောသည်။ continue
http://www.yoma3.org/index.php?option=com_content&view=article&id=518:-ok-&catid=41:2008-09-21-07-44-45&Itemid=124