မြိုင်ကြီးငူဆရာတော် ဘန်ေကာက်ေဆးရုံတွင် ကုသမှုခံနေ by KIC

ဖေဖော်ဝါရီလ ၁၅ရက်။ ကေအိုင်စီ
သက်ေတာ် ၆၄နှစ်ရှိပြီဖြစ်သည့် မြိုင်ကြီးငူဆရာတော် ဦးသုဇနသည် ကျန်းမာရေးဆိုးရွားကာ လက်ရှိအချိန်တွင် ဘန်ေကာက် မြို့ရှိ ဘန်ရွန်ရပ်ေဆးရုံ၌ ကျန်းမာရေးကုသမှု လာရောက်ခံယူနေကြောင်း ဘန်ေကာက်ရှိ ကရင်လူမှုအသိုင်းအ၀ိုင်းများက ပြောသည်။

“တချို့ပြောတာက ဆရာတော်ဟာ အသညးေ်ရာဂါနဲ့ ဆေးလာကုနေတယ်တဲ့။ လောလောဆယ် အောက်စီဂျင်နဲ့ အသက်ရှူ နေရပြီး အသည်းတခြမ်းကို ဖြတ်ထုတ်ရမယ်လို့ ပြောသံကြားတယ်။ အဆုတ်ေရာဂါလည်း ရှိတယ်”ဟု ဘန်ေကာက်ရှိ ရွှေ့ ပြောင်းကရင်အလုပ်သမားတဦးက ဆိုသည်။ ဆရာတော်ဦးသုဇနသည် လွန်ခဲ့သည့် ၅ရက်ကတည်းက ဘန်ေကာက်သို့ရောက်ရှိလာကာ ဆေးကုသခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်၊ နှစ်ကုန်ပိုင်းကလည်း ဖားအံဆေးရုံ၌ ယခုလိုပင် အောက်စီဂျင်ပိုက်သွင်းကာ လေးရက်ကြာ တက်ေရာက်ကုသခဲ့ရသေးသည်။

ဆရာတော် ဦးသုဇနသည် ကရင်ပြည်နယ်အတွင်း အင်အားအများဆုံး အပစ်ရပ်အဖွဲ့ဖြစ်သည့် တိုးတက်ေသာဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)၏ နာယကဆရာတော်တဦးလည်း ဖြစ်သည်။

၂၀၀၉ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်ေန့က ဆရာတော်သည် ဒီကေဘီအေ (၉၀၇) ကလို့ထူးဘော ဗျူဟာမှူး ဒုဗိုလ်မှူး ကြီးစောမုတ်သုန်နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင် သည့် ကေအဲန်ယူခေါငးေ်ဆာင် လေးဦးနှင့် မဲဆောက်မြို့တွင် လျှို့ဝှက်ေတွ့ဆုံခဲ့ကြသည်ဟု သိရသည်။


၁၅နှစ်ေမြာက် ဒီကေဘီအေနေ့ ကျင်းပသည့်အချိန်တွင် တွေ့ရသည့် ဆရာတော် ဦးသုဇန

ထိုအချိန်မတိုင်ခင်က ဆရာတော်သည် နယ်စပ်တလျှောက်တွင် တိုက်ခိုက်ေနကြသည့် ကေအဲန်ယူနှင့် ဒီကေဘီအေ အဖွဲ့များ အား အပစ်အခတ်ရပ်စဲကြရန် မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့သလို နအဖ ဗိုလ်ချုပ်မှူးကြီးသနးေ်ရွှထံသို့လည်း ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ (၁)ရက်ေန့စွဲဖြင့် ဒီကေဘီအေတပ်ဖွဲ့ကို အပ်နှံသည့်အကြောင်း စာရေးသားပေးပို့ခဲ့သည်။

ဒီကေဘီအေတပ်ဖွဲ့သည် ၁၉၉၅ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ပြန်လည်ပူး ပေါင်းခဲ့သည့် လက်နက်ကိုင်အပစ်ရပ်အဖွဲ့ဖြစ်သည်။

http://www.kicnews.org/?p=1989

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s