FRIDAY, 22 JANUARY 2010 14:17 ရိုးမ ၃
ကျောင်းတက်ေနသည့် ကလေးငယ်တဦးအား တပ်သားသစ်အဖြစ် စုဆောင်လိုက်သည့်အတွက် မိခင်ဖြစ်သူက လမ်းပြကြယ်အဖွဲ့သို့ တိုင်တန်းအကြောင်းကြားထားပြီး သားဖြစ်သူအား အမြန်ဆုံး ပြန်လိုချင်သည်ဟု ပြောသည်။
ယခုလ (၁၄) ရက်ေန့က ပဲခူးမြို့၊ ဇိုင်းဂနိုင်ေတာင်၊ ပုလဲလမးေ်န မောင်ေဝဦးချိုအား အထက (၃) တွင် ကျောင်းတက်ေနစဉ် တပ်သားအဖြစ် စုဆောင်းလိုက်ခြင်းဖြစ်ေကြာင်း မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်က ပြောသည်။
“အဲဒီနေ့ မနက် (၉) နာရီခွဲလောက်က ပန်းလှိုင်
လေ့ကျငေ့်ရးကျောင်းသို့ ပို့ဆောင်မည့် တပ်သားသစ်များ
“အဲဒီနေ့ မနက် (၉) နာရီခွဲလောက်က ပန်းလှိုင် စစ်သားစုဆောငးေ်ရးကို ခမရ (၂၁၂) တပ်က တပ်သားတယောက်နဲ့ လာတယ်၊ အရပ်တိုင်းပြီး ကျောင်းသားကဒ်ကိုကြညေ့်တာ့ (၈) တန်းတုန်းက ကဒ်၊ မွေးသက္ကရာဇ်က ၉၄ ခုနှစ်နဲ့ဆိုတော့ ငယ်တယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်ဆိုပြီး ပြောတယ်၊ အဲဒါကို တပ်သားက သူတို့ (၂၁၂) တပ်ထဲမှာပဲ မွေးထားတော့မယ်ဆိုပြီး ပြန်ေခါ်သွားတယ်လို့ ပြောတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။ မိခင်ဖြစ်သူက ဆက်လက်၍ ခမရ (၂၁၂) သို့ သွားရောက်စုံစမ်းရာ တပ်ကြပ်ကြီး သနးေ်အာင်က မောင်ေဝဦးချို မရှိကြောင်းနှင့် တခြားစုဆောင်းထားသည့် တပ်သားသစ်များကို ထုတ်ပြကြောင်း မိခင်ဖြစ်သူက ဆက်ေပြာသည်။
ယင်းကဲ့သို့ ကလေးကိုမတွေ့ရှိသည့်အတွက် မိခင်ဖြစ်သူက ပဲခူး တပ်မ (၇၇) မှ ဂျီဝမ်းထံသို့ ကလေး၏ ကျောငးေ်ထာက်ခံချက်၊ မှတ်ပုံတင်နှင့် အထောက်အထားများကို တင်ပြခဲ့ရာ တွေ့အောင်ရှာပေးမည်ဟု ပြောဆိုခဲေ့ကြာင်း ဒေါ်နွယ်နွယ်က ဆက်ေပြာသည်။
“နောက်တနေ့ညကျတော့ ကျမတို့ လင်မယားနှစ်ေယာက်ကို ခမရ (၂၁၂) က ဗိုလ်ကြီး ဌေးအောင်က ခေါ်တွေ့ပါတယ်၊ သူတို့က တာဝန်ယူပြီး ရှာပေးပါမယ်၊ ခဏစောင့်ပါလို့ ပြောပါတယ်၊ အဲဒါနဲ့ (၂၀) ရက်ေန့ညကျတော့ ကျမ သွားမေးပါတယ်၊ အဲဒါနဲ့ သူတို့က မနက်ဖြန်ကျရင် ဒညင်းကုန်းကို တပ်သားသစ်သွားအပို့မှာ အမတို့ အဲဒီကို လိုက်သွားပါ၊ အဲဒီမှာ ရှိမရှိကြည့်ပါ၊ ကျနော် ဖုန်းကြိုဆက်ထားပါတယ်လို့ ပြောတယ်” ဟု ပြောသည်။
ဒညင်းကုန်း စစ်သားစုဆောငးေ်ရးတပ်သို့ လိုက်သွားရာတွင် ဗိုလ်ကြီး ဦးကိုကိုကြီးက တပ်သားသစ် အိပ်ေဆာင်များအထိ လိုက်လံပြသပြီး မောင်ေဝဦးချိုမရှိကြောင်း ပြောသည်ဟု မိခင်ဖြစ်သူက ဆက်ေပြာသည်။
“ကျမ ဗိုလ်ကြီး ဦးကိုကိုကြီးနဲ့ တွေ့တော့ အဖြစ်အပျက်ေတွကို အားလုံးကို တင်ပြပါတယ်၊ အဲတော့ သူက စုံစမးေ်ပးပါမယ်ေပြာတယ်၊ အဲဒီမှာ သူက ကျနော်တို့ တပ်သားခေါ်သွားတာ ဖြစ်တဲ့အတွက် ကျနော်တို့ တပ်ထဲမှာပဲ ရောက်ေနမှာပါ၊ ဒါပေမဲ့ စာရင်းမသွငးေ်သးတဲ့အတွက် ကျနော်တို့ မသိသေးတာ ဖြစ်ပါလိမ့်မယ်လို့ မှတ်ချက်ေပးပြောပါတယ်” ဟု ပြောသည်။
ယင်းကဲ့သို့ စစ်သားစုဆောငးေ်ရးတပ်များကို တာဝန်ယူ ဖြေရှငးေ်ပးခြင်းမရှိသည့်အတွက် မိခင်ဖြစ်သူအနေဖြင့် ပဲခူးမြို့မှ လမ်းပြကြယ်အဖွဲ့အား အကူညီတောင်းကာ ကလေးကို ပြန်ရှာဖွေရန် လုပ်ေဆာင်ေနခြင်းဖြစ်သည်ဟု ပြောသည်။
“အခုလို သားသမီးချင်း မစာနာဘဲ အခုလိုလုပ်တဲ့အတွက် ဦးအေးမြင့်ကိုလာပြီး အကူညီတောင်းရတာပါ၊ ကျမသားလေးဟာ စာလဲတော်ပါတယ်၊ ဒီလို ကျမသားလေးကို အညွှန့်ချိုးတာ ကျမ လုံးဝကို မခံစားနိုင်ပါဘူး၊ ကျမသားလေးကို ကျမလက်ထဲ ပြန်ထညေ့်ပးပါလို့ အားလုံးကို အကူအညီတောင်း မေတ္တာရပ်ခံပါတယ်” ဟု ပြောသည်။
နအဖစစ်အစိုးရအနေဖြင့် ကလေးစစ်သားအသုံးပြုခြင်း မရှိကြောင်း အကြိမ်ကြိမ်ေပြာဆိုနေသော်လည်း ယခုကဲ့သို့ အသက်မပြညေ့်သးသည့် ကလေးငယ်များ စစ်သားအဖြစ် စုဆောင်းခံနေရကြောင်း လမ်းပြကြယ် ဦးအေးမြင့်က ထောက်ပြပြောခဲ့သည်။
“ကျောင်းတက်ေနတဲ့ ကလေး၊ ပန်းလှိုင် စစ်သားစုဆောငးေ်ရးစခန်းကို ရောက်တာ အရာရှိတွေက သိရဲသားနဲ့ အမေ အလိမ်ခံလိုက်ရတယ်၊ ကလေးကို ဟိုတပ်ပါသွားတယ်၊ ဒီတပ်ပါသွားတယ် ဆိုပြီးပြောတယ်၊ နအဖ အစိုးရ က အထက်ကတော့ ကလေးစစ်သားမရှိဘူးဆိုပြီး ငြင်းတယ်၊ အခု အိုင်အယ်လို အဖွဲ့ဒါရိုက်တာ လာတဲ့ အချိန်မှာ ကလေးက ပျောက်တယ်၊ အခုဟာက ပဲခူးမြို့ပေါ်က တကယ်နာမည်ကြီးကျောင်းက ကျောင်းတက်ေနတဲ့ကလေး ကို စစ်သားတယောက်က အသက်မပြညေ့်သးဘဲ ဆွဲသွားတာဟာ မိခင်အနေနဲ့ ဘယ်ေလာက်ခံစားရမလဲ ဆိုတာ အားလုံးသိစေချင်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ မောင်ေဝဦးချို ကိစ္စနှင့်ပတ်သက်၍ ယနေ့ (ILO) ရုံးသို့ တင်ပြပြီး စနေနေ့တွင် (ILO)အဖွဲ့ အမှုဆောင်ဒါရိုက်တာနှင့် လမ်းပြကြယ်အဖွဲ့တို့ တွေ့ဆုံရာတွင် ယင်းကိစ္စက ဆက်လက်ေဆွးနွေးသွားမည်ဖြစ်ေကြာင်း ဦးအေးမြင့်က ဆက်ေပြာသည်။
သူက “၂၀၀၉ တနှစ်လုံးမှာ ကျနော်တို့ဆီရောက်လာတဲ့ ကလေးစစ်သား ၁၂၁ ယောက် ရှိတယ်၊ အခု ၂၀၁၀ မှာတော့ ပဲခူးမြို့ပေါ်မှာ မောင်ေဝဦးချိုကတော့ နံပတ် (၁) ဖြစ်တာပေါ့၊ အခုချိန်အထိကို သူတို့က ကလေးစစ်သား မရှိပါဘူးလို့ ငြင်းတာကို ကျနော်တို့က လက်ေတွ့ပြနိုင်ပြီ၊ ဒီ ၂၀၁၀ မှာ၊ ဒီအကြောင်းကို ပူပူနွေးနွေး တင်ပြမယ်၊ ကလေးရဲ့ ဓါတ်ပုံ အထောက်အထားတွေနဲ့ ကျနော်တို့ တင်ပြမယ်” ဟု ပြောသည်။
YOMA