ကမ္ဘာ့အလားအလာ ဗမာ့အလားအလာနှင့် လူငယ့်တာဝန် – အပိုင်း(၂)
ရှာဖွေတင်ပြသူ – မောင်ကျော်ရင်
အပိုင်း (၁) ကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါသည်။
အဲဒီက မီးတွေဟာ ယခုကမ္ဘာစစ်ကြီး ဖြစ်တဲ့အထိ ဥရောပတိုက်ရော အာရှတိုက်ကပါ ဖြစ်နေတယ်။ ရှေးခေတ်နှင့် ယခုခေတ် နှိုင်းစာကြည့်လျှင် အစစ အရာရာ အကုန်ပိုလာတယ်။ စီးပွားရေးမှာလည်း အရင်ကထက် ပိုတယ်။ လူအား မှာလည်း အရင်ကထက်ပိုတယ်။ နယ်ကလဲ အရင်ကထက် ပိုကျယ်လာတယ်။ ဒီစစ်ကြီးဖြစ်တဲ့အတွက် ဗမာပြည် ကလဲ လွတ်လပ်တဲ့ ဗမာပြည် ပေါ်လာတယ်လို့ ပြောကြတယ်။ ဒီစစ်ကို ဘယ်သူနိုင်သလဲ ဘယ်လိုဖြစ်မလဲ ရှေ့အဖြစ် နောက်အဖြစ် အချိန်အခါတွေကို တွေးတောကြည့်ရင် အတော်အတွေးရကျပ်တယ်။ သို့သော်လည်း ဒီစစ်ကြီး ဘယ်သူ နိုင်မယ်။ ဘယ်သူရှုံးတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။
ပထမဦးအစက ဥရောပတိုက်မှာ ဂျာမနီနိုင်တယ်။ အခုတော့ သူတို့ကို ပြန်ချနေတယ်၊ အရှေ့ဘက်မှာဆိုရင် တရုတ်က တောင့်ခံနေတယ်။ အနောက်ဘက်မှာဆိုရင် ရုရှားက တောင့်ခံနေတယ်။ ဒီကြားထဲ အင်္ဂလိပ်က လက်နက်တွေလုပ်ပြီး တိုက်ခိုက်တဲ့အတွက် ဒီလို ဖြစ်တယ်၊ အင်္ဂလိပ်က မနှစ်ကသြဂုတ်လမှနေပြီး တိုက်တာ အခုထက်ထိ အကုန်မနိုင်သေးဘူး။ ပထမဦးဆုံးတော့ ဂျာမနီက အတော်အရေးသာနေတယ်။ နောက်ကျတော့ ရုရှားက ပြန်ချလိုက်တယ်။ ဒါပေမဲ့ လုံးလုံး မနိုင်သေးဘူး၊ အနောက်ဘက် စစ်မျက်နှာဟာ စစ်ဖြစ်တာ ၅ နှစ်ကျော်နေပြီ၊ ဒါပေမဲ့ ဘယ်သူရှုံးတယ်၊ ဘယ်သူ နိုင်တယ် ဆိုတဲ့ အခြေကို မရောက်သေးဘူး။
continue
http://photayokeking.net/Articlesmm/general-and-his-commands-part-2.html
You must be logged in to post a comment.