ကိုမိုးသီးဇွန် ( မြန်မာ ပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်နှင့် ) နှင့် ကိုဇော်ဝင်း
( ၈လေးလုံးမျိုးဆက် ကျောင်းသားများ – ပြည်ပ) တို့ဟာ လန်ဒန်မြို့ ကို ရောက်ရှိနေခိုက် လက်ရှိရင်ဆိုင် နေရသော မြန်မာ့ နိုင်ငံရေးအခြေအနေနဲ့ ပက်သက်၍ လန်ဒန်ရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ၊ လူငယ်များနှင့် အောက်တိုဘာလ ၃၁ ရက်နေ့က ပွင့်ပွင့်လင်းလင်း တရင်းတနှီး ဆွေးနွေး ခဲ့ကြပါသည်။ ယင်း ဆွေးနွေးပွဲသို့ အဖွဲ့အစည်း အသီးသီးမှ လူငယ် ခေါင်းဆောင်များ၊ စိတ်ဝင်စားသူများ အားတက်သရော ၀င်ရောက်ဆွေးနွေး ခဲ့ကြပါသည်။