Dr.Luns We Post 4.11.09

phoe chit
ဖိုးချစ်ဇာတ်ပွဲနှင့် ပြည်သူကို လည်ပင်းညှစ်
ပေးပို့ – အင်းစိန်မြို့နေတဦး
အင်းစိန်မြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးဦးစီးဌာန တို့မှ ကြီးမှူး၍ ဖိုးချစ်ဇာတ်သဘင်ပွဲအား ၁၈-၁၁-၀၉ မှ ၁၉-၁၁-၀၉ အထိ ကျင်းပမည်ဖြစ်ရာ ရယကများ၊ နယ်ထိန်းရဲများနှင့် စည်ပင်ဝင်ထမ်းများက လက်မှတ်များအား အတင်းလိုက်လံရောင်းချနေကြသည်။ ၄င်းပွဲ အား မကြည့်ချင်သော်လည်း ကြောက်၍ဝယ်နေရကြောင်း ဈေးနှုန်းမှာလည်း ၇၀၀၀/၈၀၀၀ ဖြစ်၍ မတန်တဆ မြင့်မားကြောင်း၊ အင်းစိန်မြို့မှ လုပ်ငန်းရှင်တဦး ညဉ်းညူနေသည်ကို ကြားသိရသည်။ ဖိုးချစ်အား ၄င်းတို့၏ က တော်များမှ ကြိုက်နှစ်သက်၍ ပွဲစီစဉ်ခြင်းဖြစ်ကြောင်း၊ အဆိုပါလက်မှတ်များ ရောင်းမကုန်လျှင်လည်း ၄င်း ရောင်းချသူများက စိုက်ထည့်ရမည်ဟုပြော၍ အတင်းရောင်းနေချနေခြင်းဖြစ်ကြောင်း ဆက်လက်ကြားသိရ သည်။ သို့ဖြစ်ပါ၍ အဆိုပါ မတရားမှုများအား သက်ဆိုင်ရာမှ အချိန်မီတားဆီးနိုင်ရန် တင်ပြအပ်ပါသည်။

ရန်ကုန်မြို့က ရဲတွေအကြောင်း (၁)
ပေးပို့ – မိုးကြိုးကြီး (ရန်ကုန်)
ကျနော်ကတော့ ရန်ကုန်တိုင်းက ရဲတွေ ဘာလုပ်နေသလဲ စောင့်ကြည့်နေတဲ့ လူတယောက်ဖြစ်ပါတယ်။ မြန် မာနိုင်ငံက ရဲဝန်ထမ်းတွေအတွင်းမှာ လာဘ်စားမှု/အထက်အောက် ငွေကြေးအရ ဖိနှိပ်မှုများ များပြားလျက်ရှိ ပါတယ်။ မြို့နယ်တခုမှာ ဖြစ်နေတဲ့ ဖြစ်ရပ်များကို ပြောချင်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့က မြို့နယ်ရဲ တပ်ဖွဲ့မှူး ဒု-ရဲမှူးဦးစိုးဝင်း ဖြစ်ပါတယ်။ သူဟာ လက်အောက်ငယ်သားများအပေါ် ဖိနှိပ်အုပ်ချုပ်ကာ လာဘ်ငွေ ယူသူဖြစ်ပါတယ်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင် (ယခုထွက်ပြေးနေ) လက်ထက်ကဆိုရင် ပိုဆိုးပါတယ်။ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တွေဆီကနေ မတရားခွဲတမ်းကောက်ခံခဲ့သူဖြစ်ပါတယ်။ နယ်ထိန်းတယောက်လျှင် တလ ကို (၈၀၀၀၀) ကျပ် ပေးရပါတယ်။ မပေးနိုင်တဲ့သူ နယ်ထိန်းမလုပ်နဲ့တဲ့။ မပေးနိုင်လို့ အပြောင်းအရွှေ့ခံကြရတဲ့ သူတွေ ရှိတယ်လေ။ မြို့နယ်မှူးဆိုသူက တိုင်းရဲတပ်ဖွဲ့မှူးထံ ဒီနယ်ထိန်း မကောင်းပါဘူး တင်ပြလိုက်တာနဲ့ တိုင်းမှူး ဦးဝင်းနိုင်ကလည်း သဘောပေါက်ကာ ပြောင်းရွှေ့ခြင်းလုပ်ငန်းများကို လုပ်ပါတော့တယ်။

ဒီတော့ကာ မြို့နယ်မှူးဆိုတဲ့လူတွေ ပိုပြီးလုပ်ပိုင်ခွင့် ရှိသွားကြတာပေါ့။ နယ်ထိန်းတွေက ပိုက်ဆံဘယ်ကရသ လဲမေးရင် သူတို့လည်း ပြောင်းရွှေ့ရမှာ ကြောက်တဲ့အတွက် ရပ်ကွက်ထဲက ဒုစရိုက်သမားများနဲ့ပေါင်းပြီး လိုင်းကြေးကောက်ခံခြင်းများကို မဖြစ်မနေလုပ်ရပါတော့တယ်။ ဒုစရိုက်နှိမ်နင်းရမယ့်အစား ဒုစရိုက်သမားများ နဲ့ ပူးပေါင်းရပါတော့တယ်။ ဦးဝင်းနိုင်နောက် အသစ်ရောက်လာတဲ့သူကတော့ ရဲမှူးကြီး အောင်နိုင်သူ ဖြစ်ပါ တယ်။ သူကတော့ လေးစားစရာ ကောင်းပါတယ်။ ဘယ်မြို့နယ်ရဲမှူး ၀င်ရောက်ကန်တော့တာကိုမှ လက်မခံပါ ဘူး။ အလုပ်လုပ်သူများကို နေရာပေး/ချီးမြှောက်သူ ဖြစ်ပါတယ်။ ဒါပေမယ့် မြို့နယ်ရဲမှူး ဦးစိုးဝင်းကတော့ နယ်ထိန်းတွေဆီက အရင်ကလို ကောက်ခံဆဲဖြစ်ပါတယ်။ ဒါကတော့ မြို့နယ်တခုက ဖြစ်စဉ်အကျဉ်းမျှဖြစ်ပါ တယ်။
ရန်ကုန်မြို့က ရဲတွေအကြောင်း (၂)

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးဦးဝင်းနိုင် ဘယ်ထွက်ပြေးလဲဆိုတာတော့ အတိအကျမသိပါဘူး။ တရုတ်ပြည်ဘက်ကို ထွက်ပြေးသွားတယ်လို့ ကြားပါတယ်။ သူ့ရဲ့ယာဉ်မောင်း ရဲတပ်ကြပ်အောင်ထိုက်ကိုတော့ ဆိပ်ကမ်းရဲစခန်းမှာ ဖမ်းထားပါတယ်။ ဦးဝင်းနိုင် ထွက်ပြေးရာမှာ ကားမောင်းလိုက်ပို့ပေးခဲ့လို့ပါပဲ။ နေပြည်တော်ကနေ ထွက်ပြေး သွားတာပါ။ သူ့ဇနီးကတော့ စစ်ကိုင်းဘက်ကနေ နယ်စပ်ထွက်ပြေးသွားတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် ဦးဝင်းနိုင်ရာထူးရှိစဉ်က သူ့ အိမ်မှာနေပြီး အောက်ခြေထံ တောင်းရမ်းပေးခဲ့တဲ့ ဒု-ရဲအုပ်နိုင်ဦးကတော့ ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနမှာ ထမ်းဆောင်နေဆဲဖြစ်ပါတယ်။ ဦးဝင်းနိုင်ဇနီးနဲ့ အရင်းနှီးဆုံးဖြစ်ပြီး တပ် ဖွဲ့ဝင်များ အပြောင်းအရွှေ့ကို ကြားကနေပြီး ဆက်စပ်ပေးတဲ့ ရဲအုပ် မငယ်လေးဆိုတာလည်း ရှိနေပါတယ်။ အ ဖမ်းခံထားရသူများကတော့ ဆိပ်ကမ်းမြို့နယ်မှူး ဒု-ရဲမှူးတင်စိုး၊ အထူးအဖွဲ့မှ ရဲမှူးဌေးအောင်တို့ ဖြစ်ကြပါ တယ်။

ထွက်ပြေးနေသူ ဦးဝင်းနိုင်လက်ထက်မှာ နေရာကောင်း ပြောင်းရွှေ့ကြသူအားလုံးဟာ ပေးကမ်းကြပြီး ပြောင်း ရွှေ့ကြသူများ ဖြစ်ကြပါတယ်။ ဘယ်လိုဈေးပေါက်လဲဆိုတော့ စခန်းမှူး လိုချင်ရင် (၁၀) သိန်း၊ မြို့နယ်မှူး လို ချင်ရင် သိန်း(၂၀)။ ရန်ကုန်တိုင်းရုံး (ဒုစရိုက်နှိမ်နင်းရေးဌာန/မှုခင်းအကူ/စစရ/ထောက်လှမ်းရေးနဲ့ နိုင်ငံရေး) များအတွက်ဆိုရင် (၁၀) သိန်း စသည်ဖြင့် ပေးကြရပါတယ်။ ဦးဝင်းနိုင်ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ တာဝန်ကျ ခဲ့ကတည်းက နာမည်တလုံးနဲ့ နေခဲ့သူဖြစ်ပါတယ်။ ဘယ်လိုနာမည်လဲဆိုတော့ (ဆန်မစားဘူးတဲ့၊ ပြောင်းစား တာတဲ့)။ တပ်ဖွဲ့ဝင်တွေကို ပြောင်းရွှေ့ခြင်းဖြင့် လာဘ်ငွေကောက်ခံသူအဖြစ် ထင်ရှားပါတယ်။ အခု သူပြေး သွားပါပြီ။ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်လည်မဖြေရှင်းတော့ဘူးလား။ ဆိုးတဲ့နေရာတွေကို အပို့ခံထားရသူ တွေက ဘယ်လောက်နစ်နာသလဲ။ ကောင်းတဲ့နေရာ ရောက်နေတဲ့ သူတွေကရော ဘယ်လိုမျှတမှုရှိသလဲ။ ဒါ တွေ ဖြေမရှင်းတော့ဘူးလား။

မိုးကြိုးကြီး
ရန်ကုန်။
http://drlunswe.blogspot.com/

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s