Letter to Than Shwe by demowaiyen On August 26, 2009 By Burma Myanmar newsIn Burma Letter to than Shwe Share this:TwitterFacebookPrintPinterestRedditLike this:Like Loading... Related
For The President’s Eyes Only သမ္မတဦးသိန်းစိန် တစ်ဦးတည်းအတွက်သာ ရေးသားသူ – ထိန်လင်း လွှတ်တော်-အစိုးရ အားပြိုင်မှု သမ္မတဦးသိန်းစိန်အနေနဲ့ ဘတ်ဂျက်၊ စီမံကိန်း အတည်ပြုရေးအတွက် လွှတ်တော်နဲ့ Debate ပြုလုပ်နေရသလို Negotiating ဆောင်ရွက်နေတာကိုလည်း တွေ့ရှိရပါတယ်။ ဒီနေရာမှာ အထူးပြုပြော ကြားလိုတဲ့အချက်ကတော့ “မလုပ်သင့်တဲ့ စီမံကိန်း” ၊ “အကျိုးမရှိတဲ့စီမံကိန်း” စတဲ့ အသုံးအနှုံးတွေကို ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ဘက်က ဦးသူရိန်ဇော်၊ ဒေါက်တာအေးမောင်၊ ဦးမောင်တိုး၊ ဦးရဲထွန်း အစရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နှုတ်က ထုတ်ဖော်ပြောကြားခဲ့တာကို တွေ့ ရှိရပါတယ်။ ဆိုလိုတာက ဦးသိန်းစိန်အစိုးရအနေနဲ့ ပြည်သူလူထုအတွက် အကျိုးမရှိ၊ မလုပ်သင့်တဲ့ စီမံ ကိန်းတွေကိုပဲ ဆောင်ရွက်နေတယ် လို့ အဓိပ္ပါယ် ရပါတယ်။ မေးချင်တာက အကျိုးမရှိတဲ့ စီမံကိန်း၊ မလုပ် သင့်တဲ့စီမံကိန်းဆိုတာ ရှိပါသလား။ ဒီလိုပြောကြားချက်ဟာ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရကို အသရေ ဖျက်နေတာ၊ ဂုဏ်သိက္ခာကျဆင်းအောင် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ မြင်ပါတယ်။ ဒီတော့ လုပ်သင့် တာက ဦးသိန်းစိန် အစိုးရအနေနဲ့ အထက်ပါ စကားများ ပြောကြားခဲ့သူများ အားလုံးကို တရားစွဲပါ။ တည်ဆဲဥပဒေများဖြစ်တဲ့ နိုင်ငံတော်အပေါ်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်အစိုးရအပေါ် မထီမဲ့မြင်ပြုမှု၊ နိုင်ငံတော်အစိုးရအပေါ် အသရေဖျက်မှုများနဲ့ တရားစွဲပါ။ ရဲအရေးပိုင်တဲ့ အမှုတွေ ဖြစ်ပါတယ်။ ထောင်ဒဏ်အမြင့်ဆုံးအထိ ချမှတ်လို့ရပါတယ်။ ပြည်ထောင်စုအစိုးရအကြီးအကဲနဲ့ နိုင်ငံတော်အကြီးအကဲ အခုတလော ဦးရွှေမန်း ပြောပြောနေတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ဦးသိန်းစိန်ကို ရည်ညွှန်းပြီး ပြည်ထောင်စုအစိုးရအကြီးအကဲ ဆိုတဲ့ စကားလုံး ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ကြည့် ပါ။ ပုဒ်မ(၁၆)မှာ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည် လို့ ပြဌာန်းထားပါတယ်။ ပုဒ်(၅၇)မှာ နိုင်ငံတော်သမ္မတနှင့် ဒုတယသမ္မတများသည် နိုင်ငံတော် ကို ကိုယ်စားပြုသည် လို့ ပြဌာန်းထားပါတယ်။ ပုဒ်(၅၈)မှာ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည် လို့ ပြဌာန်းထား ပါတယ်။ ဆိုလိုတာက နိုင်ငံတော်အကြီးအကဲ ဖြစ်ပါတယ်။ ဦးရွှေမန်းရဲ့ ဆိုလိုရင်းက အစိုးရအကြီးအကဲ ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားတဲ့ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိမ်ကို လျော့ပေါးစေအောင် ရည်ရွယ်ချက် ရှိရှိ လျှော့ချနေတာလို့ မြင်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုး ဖောက်ရာ ရောက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ အဆင့်အတန်း သတ်မှတ်ချက်ကို ယုတ်လျော့စေလိုသော သဘောဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတရဲ့ အခန်းကဏ္ဍကို လျော့ပါးစေလိုသော သဘောဖြင့်လည်းကောင်း ချိုးနှိမ်ပြောကြားခြင်း ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်နေခြင်း ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်၍ ကျမ်းသစ္စာကျန်ဆိုထားသူ တစ်ဦးအနေနဲ့ ကျော်လွန်ချိုးဖောက်နေခြင်း ဖြစ်တယ်ဆိုတာကို တရားစွဲပါ။ ခုံရုံးတက်ပါ။ ပြည်ထောင်စု အစိုးရအဖွဲ့အကြီးအကဲ လို့ သုံးနှုံးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းပြဌာန်းထားတဲ့ နိုင်ငံတော် အကြီးအကဲဟူသော အသုံးအနှုံးကို မှေးမှိန်ပျောက်ပျက်စေလိုသော သဘောဖြင့် ပြောကြားနေခြင်းသည် အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း အတိအလင်း ကြေညာပါ။ အခြေခံဥပဒေခုံရုံးမှာ တင်ပါ။ အရေးယူပါ။ မြင်ရတဲ့ မြင်ကွင်း မြင်တွေ့ရသလောက်ကတော့ လွှတ်တော်ဟာ လူများစုနဲ့ အနိုင်ကျင့်နေတာ ဖြစ်ပါတယ်။ အစိုးရ ကို ထိပ်ပုတ်လိုက် ခေါင်းပုတ်လိုက်၊ နားရွက်ကို တံတွေးစွတ်လိုက် လုပ်နေတာ ဖြစ်ပါတယ်။ ဦးသိန်းစိန် လုပ်လို့ ရတာတွေကို တန်းစီပြီး ချရေးပြပါ့မယ်။ (၁) ဦးရွှေမန်းရဲ့ မိသားစုတစ်ခုလုံး ဆွေမျိုးအသိုင်းအ၀ိုင်းတစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို စစ်ဆေးဖော်ထုတ်ပါ။ ဦးရွှေမန်းရဲ့ တစ်သက်လုံး ရရှိခဲ့တဲ့ လစာ၊ ထောက်ပံ့ကြေး၊ ပင်စင်လစာ၊ အခြား သော ခံစာခွင့်(တရားဝင်)များကို တွက်ချက်ပါ။ အောင်သက်မန်း၊ တိုးနိုင်မန်း၊ ဦးခင်ရွှေ ပိုင်ဆိုင်မှုအားလုံး ကို တွက်ပါ။ ဦးခင်ရွှေ၊ အောင်သက်မန်းတို့ တရားဝင် အခွန်ဆောင်ထားတဲ့ ပမာဏ(တရားဝင် ကြေညာ ထားတဲ့ပိုင်ဆိုင်မှု) နဲ့ ဦးရွှေမန်းရဲ့ တစ်သက်လုံး တရားဝင်ရရှိခဲ့တဲ့ ငွေကြေးပမာဏ စုစုပေါင်းထက် ကျော် လွန်သော ပမာဏအားလုံးကို နိုင်ငံပိုင်အဖြစ် သိမ်းယူပါ။ အခွင့်အာဏာကို အသုံးချပြီး တရားမ၀င် ဆောင် ရွက်သဖြင့် ရရှိခဲ့သော ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံပိုင် အဖြစ်သိမ်းယူပါ။ အောင်သက်မန်း၊ တိုးနိုင်မန်း၊ ဦးခင်ရွှေတို့ရဲ့ အမြတ်ခွန်(ယခုမရှိတော့)၊ ၀င်ငွေခွန် ကြေညာထားသမျှ ပြီးခဲ့တဲ့ အနှစ်(၂၀)ပြန်လည် စစ်ဆေးပါ။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပါ။ ဦးသိန်းစိန်ရဲ့ တိုက်ရိုက်ညွှန်ကြားမှုနဲ့ ဆောင်ရွက်ပါ။ အခွန်ရှောင်တာတွေ၊ လိမ်လည်စာရင်းသွင်းတာတွေ အကုန်လုံး နိုင်ငံပိုင် အဖြစ် သိမ်းယူပါ။ ဦးရွှေမန်း ကိုယ်တိုင် အခွန်စနစ်နဲ့ ပတ်သက်ပြီး တရားဝင် ပြောထားပြီးသား ဖြစ်ပါတယ်။ သူ့စကားနဲ့ သူ့ကို ပြန်ချည်ပါ။ စံနမူနာပြအဖြစ် အောင်သက်မန်း အဖွဲ့ကစပြီး အထူးစစ်ဆေးရေးနဲ့ စစ်ဆေးပါ။ မီဒီယာများကို ခေါ်ပြပါ။ တွေ့ရှိရသမျှ တရားဝင် ကြေညာပါ။ ပြီးရင် တည်ဆဲဥပဒေ အားလုံးနဲ့ အရေးယူပါ။ (၂) လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ လှုပ်ရှားသွားလာမှု အားလုံးကို ခြေရာခံပါ။ စီးပွားရေးသမား၊ အခြားသော အကျိုးစီးပွား ပွဲစားများနဲ့ တွေ့နေကြတဲ့ စားသောက်ဆိုင်၊ အနှိပ်ခန်း၊ ကေတီဗွီ သွားသမျှ ပက်ပင်း ဖမ်းပါ။ (အစိုးရမှာ လုပ်ပိုင်ခွင့် ရှိပါတယ်။) (၂၄)နာရီ မကျော်ဘဲ ဖမ်းဆီးစစ်ဆေးလို့ ရပါတယ်။ လွှတ်တော်အစည်းအဝေး ကျင်းပချိန်မှာတော့ မရပါဘူး။ လွှတ်တော် နားထားတဲ့ အချိန်တွေမှာ လုပ်ပါ။ (၂၄)နာရီ ကျော်ရင် ပြန်လွှတ်ပါ။ ပြီးရင် ထပ်ဖမ်းပါ။ မသင်ကာဖွယ်ရာ ပုဒ်များနဲ့ တပ်ပါ။ အဂတိလိုက်စား မှုဆိုင်ရာ ပုဒ်မများ တပ်ပါ။ ရသမျှ အုပ်ချုပ်ရေး လုပ်ပိုင်ခွင့် အခွင့်အာဏာ အားလုံး အသုံးချပါ။ (လွှတ် တော်ကိုယ်စားလှယ်များ မှားပါလိမ့်မယ်။ စကားပြောတာ၊ သွားလာလှုပ်ရှားတာ မမှားတဲ့လူ မရှိပါဘူး။ မှားတာနဲ့ ပြတ်ပြတ်သားသား မညှာမတာ အရေးယူပါ။) (၃) ဦးသူရိန်ဇော်၊ ဦးအေးမောင်၊ ဦးအေးမောက်၊ ဦးရဲထွန်း အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော် လွန်ပြီး ဘတ်ဂျက်ကိစ္စတွေမှာ ခေါင်းစဉ်ပြောင်းသုံးဖို့ ပြောခဲ့တာတွေ ရှိပါတယ်။ အခြေခံဥပဒေက သတ်မှတ်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျော်လွန်ပြီး ပြောနေတာတွေဟာ အခြေခံဥပဒေကို ချိုးဖောက်နေ တာ ဖြစ်ပါတယ်။ ဒီအတွက် အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်စေတဲ့အထိ လုပ်လို့ရပါတယ်။ နှုတ်ထွက် သွားအောင် လုပ်ပါ။ (၄) စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဖြတ်တောက်ခံရတဲ့ စီမံကိန်းနယ်မြေခံ ပြည်သူလူထု ဆီကို သွားပါ။ သူတို့ရဲ့ ဆန္ဒသဘောထားကို တောင်းခံပါ။ ဥပမာ-မြင်းခြံနဘူးအိုင်မှာ ရှိတဲ့ ဒေသခံပြည်သူတွေကို စက်မှု စီမံကိန်းအကြောင်း ရှင်းပြပါ။ ပယ်ချခံလိုက်ရတဲ့ လယ်/ဆည်က ဆည်စီမံကိန်းတွေ၊ မြောင်းစီမံကိန်းတွေ ရှိတဲ့ဒေသတွေကို သွားပါ။ ဒေသခံတွေကို ရှင်းပြပါ။ မီးရချင်တာ၊ ရေရချင်တာ၊ အလုပ်အကိုင် ရချင်တာ တွေ အများကြီး ရှိပါတယ်။ သူတို့က အစိုးရစီမံကိန်းတွေ လုပ်ဆောင်မှာကို ထောက်ခံသလား – မေးပါ။ ထောက်ခံတယ်ဆိုရင် ထောက်ခံကြောင်း လက်မှတ်ရေးထိုးခိုင်းပါ။ ဦးသိန်းစိန်ထံ တင်ပြခိုင်းပါ။ သူတို့ ရွေးချယ်တင်မြောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားတွေဆီကို ပို့ပါ။ မီဒီယာတွေမှာ ဖွင့်ချပစ်ပါ။ ဒီဒေသခံ တွေ တိုးတက်စေမယ့်၊ ဒေသ ကောင်းကျိုးရရှိစေမယ့် စီမံကိန်းတွေ ဖြတ်တောက်ခြင်းအတွက် လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူလူထုကို ၀န်ချတောင်းပန်ခိုင်းပါ။ ၀န်ချတောင်းပန်ခြင်း မပြုရင် ဦးသိန်းစိန် ဘက်က အယုံအကြည်မရှိ အဆို တင်သွင်းပါ။ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်က နှုတ်ထွက်သွားတဲ့ အထိ နိုင်ငံရေး သေသွားအောင် လုပ်လို့ရပါတယ်။ (၅) မမှန်မကန်၊ အလွဲသုံးစား လုပ်ဆောင်နေတဲ့ ၀န်ကြီးတွေကို ဖြုတ်ပစ်ပါ။ အကျင့်ဟောင်းတွေ မဖျောက်နိုင်သေးတဲ့ သူတွေ ဖြုတ်ပစ်ပါ။ အပြောအဆိုခံနေရတာကို မနာသော ၀န်ကြီးများ၊ ဖြုံတောင် မဖြုံ သောဝန်ကြီးများ ဖြုတ်ပစ်ပါ။ ဒီလူတွေဟာ ဦးသိန်းစိန်အတွက် အန္တရာယ်တွေ ဖြစ်ပါတယ်။ လူထုအတွက် လည်း အန္တရာယ်တွေ ဖြစ်ပါတယ်။ ပေးအပ်တဲ့တာဝန်ကို မကျေပွန်မှုနဲ့ နှုတ်ထွက်ခိုင်းပါ။ မထွက်ရင် ထုတ်ပစ်ပါ။ (သမ္မတ အခွင့်အာဏာ အများကြီးရှိပါတယ်။ မလုပ်လို့ လူမလေးစား ဖြစ်နေတာပါ။) (၆) ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေကို ချိုးဖောက်ခဲ့တဲ့ ကော်မတီတွေ၊ ကော်မတီဝင်တွေကို ဥပဒေအရ အရေးယူပါ။ သူတို့ သိပါတယ်။ ဘာတွေ ချိုးဖောက်နေသလဲ ဆိုတာတွေ သူတို့ သိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တာဝန်ဟာ မေးခွန်းမေးခြင်း၊ အဆိုတင်သွင်းခြင်း၊ လွှတ်တော်အစည်း အဝေးတွေမှာ ဆွေးနွေးခြင်းသာ လုပ်ရပါတယ်။ ရေးရာကော်မတီဝင်တွေမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။ ချိုးဖောက်နေတာ အများကြီး တွေ့ရှိရပါတယ်။ ဒါတွေကိုလည်း အစိုးရဘက်က ဘယ်ဝန်ကြီးမှ ထောက်ပြတာ၊ တုံ့ပြန်တာ မတွေ့ရပါဘူး။ ဘာဖြစ်လို့လဲ သူတို့ ပြုတ်မှာ ကြောက်နေကြ တာ ဖြစ်ပါတယ်။ သူတို့ကိုလည်း ဖြုတ်ပါ။ ဥပဒေ၊ နည်းဥပဒေတွေကို ချိုးဖောက်တဲ့ လွှတ်တော် ကော် မတီဝင်တွေကို လွှတ်တော်ဥပဒေနဲ့ တရားစွဲပါ။ (၇) နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်နှောက်ယှက်ဖျက်ဆီးသူများရဲ့ ဘေး အန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ တွေဟာ တည်ဆဲ ဥပဒေတွေ ဖြစ်ပါတယ်။ ညိစွန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီပုဒ်မတွေနဲ့ အရေးယူပါ၊ မညှာပါနဲ့။ (၈) တိုးနိုင်မန်း၊ အောင်သက်မန်း မိသားစုက မတရားနည်းလမ်းနဲ့ ရယူထားတဲ့ အစိုးရဌာနတွေနဲ့ ကန်ထရိုက်လုပ်ငန်းတွေ အကုန်လုံး ရပ်ဆိုင်းပါ။ တစ်ဆင့်ခံ ကန်ထရိုက်တွေ အကုန် ဖျက်သိမ်းပါ။ ဦးခင်ရွှေလည်း အလားတူ ဖြစ်ပါတယ်။ အစိုးရက ပေးအပ်ထားတဲ့ အခွင့်အလမ်းတွေ အကုန်လုံး ဇာတ် လမ်း ဖြတ်ပါ။ မဖြတ်တဲ့ ၀န်ကြီးတွေ ဖြုတ်ပစ်ပါ။ ၀န်ကြီးဌာနတွေရဲ့ ကန်ထရိုက်လုပ်ငန်းတွေမှာ ဒီလူတွေ ကို ဘယ်တော့မှ မပေးပါနဲ့။ ပေးထားပြီးသား လုပ်ငန်းတွေ အကုန် ဖျက်ပါ။ သံတမန်ဆက်ဆံရေး ထိခိုက် ခံပြီး မြစ်ဆုံလိုကိစ္စတောင် ဖျက်ပစ်နိုင်ခဲ့သေးတာ။ ဒီပြည်တွင်း ကန်ထရိုက်လုပ်ငန်းတွေက အသေးအမွှား ဖြစ်ပါတယ်။ အားမနာပါနဲ့။ အပြန်ဖြတ်ပစ်ပါ။ ပြီးရင် Black List သွင်းပါ။ (၉) ဖိုးတရုတ် ဘလော့မှာ တင်ထားတဲ့ တိုးနိုင်မန်းကြောင့် စစ်ဘက်အရာရှိ(၂)ဦး သေဆုံးခဲ့မှုကို အမှု ဟောင်း ပြန်ဖော်ပြီး စစ်ဆေးပါ။ ကြားထဲက မဆိုင်ဘဲ ဓါးခုတ်ရာ လက်ဝင်လျှိုခဲ့ရတဲ့ တပ်ကြပ်ကြီး/ အရာ ခံဗိုလ်၊ ထောင်ကျခံခဲ့ရတဲ့အမှုမှာ သူဟာ အပြစ်ကင်းစင်ကြောင်း၊ သူနဲ့ သူ့မိသားစုဝင်တွေ ဂုဏ်သိက္ခာ ထိခိုက်နစ်နာစေမှုအတွက် လူသားဆန်မှုကို ပြန်လည်ဖော်ထုတ်ပါ။ အမှုတစ်ခုကို (၂)ကြိမ် စစ်ဆေး စီရင် ခွင့် မရှိသော်လည်း မမှန်မကန် ပြစ်ဒဏ်ကျခံခဲ့ရသူအား လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်ပါ။ ပြီးရင် အမှုစစ်ရဲဘက်က တရားလိုလုပ်ပြီး အမှုဟောင်းကို ပြန်ဖော်ပြီး တရားစွဲပါ။ သက်သေတွေ အထင်အရှား ရှိနေပါသေးတယ်။ တရားခံ အစစ်ဖြစ်တဲ့ တိုးနိုင်မန်းကို တရားဥပဒေနဲ့အညီ ထောင်ဒဏ် အမြင့်ဆုံး ချပစ်ပါ။ (သမ္မတ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အမှုသစ်နဲ့ ပြန်ပြီး အရေးယူလို့ ရပါ တယ်။) (၁၀) မီဒီယာတွေနဲ့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဦးရွှေမန်း ဦးသူရိန်ဇော်၊ ဦးမောင်တိုး၊ ဒေါက်တာအေးမောင်၊ ဦးရဲထွန်း၊ ဦးသိန်းညွန့် အစရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို နိုင်ငံတော်အပေါ် အကြည်ညို ပျက်စေမှု၊ လွှတ်တော်ဥပဒေ ဖောက်ဖျက်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖောက်ဖျက်မှု၊ လျှို့ဝှက်ချက်အက် ဥပဒေ ဖောက်ဖျက်မှုတွေနဲ့ အရေးယူနိုင်အောင် လုပ်ပါ။ (၁၁) မီဒီယာတွေကို နည်းဥပဒေ၊ စည်းမျဉ်းနဲ့ မညီညွတ်ဘဲ စာတမ်းတွေ၊ စာရွက်တွေ ပေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အဲဒီဥပဒေတွေ အပြင် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ပါ အရေး ယူပါ။ လျှို့ဝှက်ချက်အက်ဥပဒေဆိုရင် ရဲအရေးပိုင်သွားပါပြီ။ အာမခံ ပေးစရာ မလိုပါဘူး။ ညိစွန်းတဲ့ သူ အကုန်လုံးကို ပြင်းပြင်းထန်ထန် အရေးယူပါ။ မညှာပါနဲ့။ (၁၂) လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတာ အခြေခံဥပေဒ မကျော်ပါ။ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို အဆင့် သတ်မှတ်ခြင်းသည်သာလျှင် မညီညွတ်တာ ဖြစ်ပါတယ်။ အဆင့်သတ်မှတ်ချက် အမိန့်ဟာ ဥပဒေကြောင်း အရ ပြည်ထောင်စုလွှတ်တော်က သဘောမတူတဲ့အတွက် ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။ (အခြေခံဥပဒေ ပုဒ် ၂၁၂(ဂ) အရ ဖြစ်ပါတယ်။) ဒီဟာကို မညီပါဘူး ပြောနေရင် အခြေခံဥပဒေနဲ့ကိုင်ပြီး တရားစွဲပါ။ ခုံရုံးက ဆုံးဖြတ်ပါလိမ့်မယ်။ (၁၃) လစာ တိုးမြှင့်ခံစားခြင်း မပြုဘဲ လျှော့ပေါ့ ခံစားတဲ့ကိစ္စဟာ နိုင်ငံအကျိုးအတွက် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါကိုလည်း ကတိက၀တ်ကော်မတီကို စာပေးလိုက်ရင် ရပါတယ်။ သူတို့ မှတ်တမ်းတင်ရမယ်။ ဒါ့အပြင် ဒါဟာလည်း တရားဝင် ထုတ်ဖော်ပြောကြားထားတာ ဖြစ်တဲ့အတွက် အစိုးရအာမခံချက်များ၊ ကတိက၀တ်ကော်မတီအနေနဲ့ မှတ်တမ်းတင်ထားလို့ ရပါတယ်။ ဒါဟာ သမ္မတက ကတိက၀တ်ပြုလိုက် တာ ဖြစ်ပါတယ်။ (၁၄) တိုးနိုင်မန်းရဲ့ ဂျာနယ်ဖြစ်တဲ့ Street View, Eleven , The Voice ဒီဂျာနယ်တွေမှာ အစီရင်ခံစာ တွေ ပေးပို့နေတဲ့ တရားခံဟာ ဘယ်သူလဲ။ ဖော်ထုတ်ပါ။ အဲဒါတွေဟာ ဥပဒေ၊ နည်းဥပဒေတွေကို ချိုး ဖောက်နေတာ ဖြစ်ပါတယ်။ (လုံးဝ ခွင့် မလွှတ်ပါနဲ့။ ပြင်းပြင်းထန်ထန် အရေးယူပါ။ ) (၁၅) တိုးနိုင်မန်း၊ အောင်သက်မန်းတို့ကြောင့် ၅၀၀၀ တန်ဖုန်း မဖြစ်လာတာလို့ သိရပါတယ်။ ဒီတော့ ငါးထောင်တန်ဖုန်းတွေ ပေးလိုက်ပါ။ သူတို့ရဲ့ ကန်ထရိုက်တွေ ဖျက်ပစ်ပါ။ E-Lite, Red-Link အကုန် စာချုပ်တွေ ဖျက်ပစ်ပါ။ ဒါတွေဟာ ဦးသိန်းစိန်တစ်ဦးတည်းအတွက် ကျွန်တော့်ရဲ့ အကြံပြုချက်တွေပဲ ဖြစ်ပါတယ်။ တစ်ခု သတိ ပြုဖို့က သမ္မတဟာ အထွတ်အထိပ် ဖြစ်ပါတယ်။ ဒါကို ယုတ်လျော့အောင် ပြုလုပ်လာရင် ပြုလုပ်သူဟာ အခြေခံဥပဒေကို ချိုးဖောက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ဟာ ပြည်ထောင်စုတစ်ဝန်းလုံးမှာ တည်ပါတယ်။ ဟိုက ထိပ်ပုတ်လိုက်၊ ဒီက ခေါင်းပုတ်လိုက်နဲ့ လုပ်နေ တာဟာ အစိုးရကို အကဲစမ်းတာ ဖြစ်ပါတယ်။ ဒါတွေကို ငြိမ်ခံနေစရာ မလိုပါဘူး။ အုပ်ချုပ်ရေးအာဏာ ဟာ အများကြီး အသုံးချလို့ ရပါတယ်။ ဥပဒေတွေ အများကြီး ရှိနေပါတယ်။ တစ်ခုမဟုတ် တစ်ခုနဲ့ စွဲလို့ ရပါတယ်။ ဒါကိုတော့ မမေ့မလျော့ သုံးစေချင်ပါတယ်။ သုံးလို့ရတာ အများကြီး ရှိပါတယ်။ ဒီအစမှာ အလျှော့ပေးလိုက်ရင် ဒီ(၅)နှစ်စလုံး ဆက်ပြီး စော်ကားနေမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ဟာ အဆင့်အမြင့်ဆုံး၊ အထိရောက်ဆုံး ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် အသုံးချလို့ရပါတယ်။ အစွမ်းကုန် အသုံးချပါ။ သမ္မတဆိုတာ ဘယ်နိုင်ငံမှာမဆို အကုန်လုပ်လို့ရပါတယ်။ ဥပဒေတွေ အများကြီး ရှိပါတယ်။ ယူသုံးပါ။ အသုံးချပါ။ ပြင်းပြင်းထန်ထန် အရေးယူပါ။ April 3, 2012 at 8:16 am
For The President’s Eyes Only
သမ္မတဦးသိန်းစိန် တစ်ဦးတည်းအတွက်သာ
ရေးသားသူ – ထိန်လင်း
လွှတ်တော်-အစိုးရ အားပြိုင်မှု
သမ္မတဦးသိန်းစိန်အနေနဲ့ ဘတ်ဂျက်၊ စီမံကိန်း အတည်ပြုရေးအတွက်
လွှတ်တော်နဲ့ Debate ပြုလုပ်နေရသလို Negotiating ဆောင်ရွက်နေတာကိုလည်း
တွေ့ရှိရပါတယ်။ ဒီနေရာမှာ အထူးပြုပြော ကြားလိုတဲ့အချက်ကတော့ “မလုပ်သင့်တဲ့
စီမံကိန်း” ၊ “အကျိုးမရှိတဲ့စီမံကိန်း” စတဲ့ အသုံးအနှုံးတွေကို
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ဘက်က ဦးသူရိန်ဇော်၊
ဒေါက်တာအေးမောင်၊ ဦးမောင်တိုး၊ ဦးရဲထွန်း အစရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ
နှုတ်က ထုတ်ဖော်ပြောကြားခဲ့တာကို တွေ့ ရှိရပါတယ်။ ဆိုလိုတာက
ဦးသိန်းစိန်အစိုးရအနေနဲ့ ပြည်သူလူထုအတွက် အကျိုးမရှိ၊ မလုပ်သင့်တဲ့ စီမံ
ကိန်းတွေကိုပဲ ဆောင်ရွက်နေတယ် လို့ အဓိပ္ပါယ် ရပါတယ်။ မေးချင်တာက အကျိုးမရှိတဲ့
စီမံကိန်း၊ မလုပ် သင့်တဲ့စီမံကိန်းဆိုတာ ရှိပါသလား။ ဒီလိုပြောကြားချက်ဟာ
ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရကို အသရေ ဖျက်နေတာ၊ ဂုဏ်သိက္ခာကျဆင်းအောင်
ဆောင်ရွက်နေတာ ဖြစ်တယ်လို့ မြင်ပါတယ်။ ဒီတော့ လုပ်သင့် တာက ဦးသိန်းစိန်
အစိုးရအနေနဲ့ အထက်ပါ စကားများ ပြောကြားခဲ့သူများ အားလုံးကို တရားစွဲပါ။
တည်ဆဲဥပဒေများဖြစ်တဲ့ နိုင်ငံတော်အပေါ်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်အစိုးရအပေါ်
မထီမဲ့မြင်ပြုမှု၊ နိုင်ငံတော်အစိုးရအပေါ် အသရေဖျက်မှုများနဲ့ တရားစွဲပါ။
ရဲအရေးပိုင်တဲ့ အမှုတွေ ဖြစ်ပါတယ်။ ထောင်ဒဏ်အမြင့်ဆုံးအထိ ချမှတ်လို့ရပါတယ်။
ပြည်ထောင်စုအစိုးရအကြီးအကဲနဲ့ နိုင်ငံတော်အကြီးအကဲ
အခုတလော ဦးရွှေမန်း ပြောပြောနေတဲ့ စကားတစ်ခွန်း ရှိပါတယ်။
ဦးသိန်းစိန်ကို ရည်ညွှန်းပြီး ပြည်ထောင်စုအစိုးရအကြီးအကဲ ဆိုတဲ့ စကားလုံး
ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ကြည့် ပါ။ ပုဒ်မ(၁၆)မှာ
နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတ
ဖြစ်သည် လို့ ပြဌာန်းထားပါတယ်။ ပုဒ်(၅၇)မှာ နိုင်ငံတော်သမ္မတနှင့်
ဒုတယသမ္မတများသည် နိုင်ငံတော် ကို ကိုယ်စားပြုသည် လို့ ပြဌာန်းထားပါတယ်။
ပုဒ်(၅၈)မှာ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည် လို့ ပြဌာန်းထား
ပါတယ်။ ဆိုလိုတာက နိုင်ငံတော်အကြီးအကဲ ဖြစ်ပါတယ်။ ဦးရွှေမန်းရဲ့ ဆိုလိုရင်းက
အစိုးရအကြီးအကဲ ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားတဲ့
နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိမ်ကို လျော့ပေါးစေအောင် ရည်ရွယ်ချက် ရှိရှိ
လျှော့ချနေတာလို့ မြင်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ချိုး ဖောက်ရာ ရောက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားတဲ့
နိုင်ငံတော်သမ္မတရဲ့ အဆင့်အတန်း သတ်မှတ်ချက်ကို ယုတ်လျော့စေလိုသော
သဘောဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတရဲ့ အခန်းကဏ္ဍကို လျော့ပါးစေလိုသော
သဘောဖြင့်လည်းကောင်း ချိုးနှိမ်ပြောကြားခြင်း ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို ချိုးဖောက်နေခြင်း ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်၍
ကျမ်းသစ္စာကျန်ဆိုထားသူ တစ်ဦးအနေနဲ့ ကျော်လွန်ချိုးဖောက်နေခြင်း
ဖြစ်တယ်ဆိုတာကို တရားစွဲပါ။ ခုံရုံးတက်ပါ။ ပြည်ထောင်စု အစိုးရအဖွဲ့အကြီးအကဲ
လို့ သုံးနှုံးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းပြဌာန်းထားတဲ့
နိုင်ငံတော် အကြီးအကဲဟူသော အသုံးအနှုံးကို မှေးမှိန်ပျောက်ပျက်စေလိုသော
သဘောဖြင့် ပြောကြားနေခြင်းသည် အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း
အတိအလင်း ကြေညာပါ။ အခြေခံဥပဒေခုံရုံးမှာ တင်ပါ။ အရေးယူပါ။
မြင်ရတဲ့ မြင်ကွင်း
မြင်တွေ့ရသလောက်ကတော့ လွှတ်တော်ဟာ လူများစုနဲ့ အနိုင်ကျင့်နေတာ
ဖြစ်ပါတယ်။ အစိုးရ ကို ထိပ်ပုတ်လိုက် ခေါင်းပုတ်လိုက်၊ နားရွက်ကို
တံတွေးစွတ်လိုက် လုပ်နေတာ ဖြစ်ပါတယ်။ ဦးသိန်းစိန် လုပ်လို့ ရတာတွေကို
တန်းစီပြီး ချရေးပြပါ့မယ်။
(၁) ဦးရွှေမန်းရဲ့ မိသားစုတစ်ခုလုံး ဆွေမျိုးအသိုင်းအ၀ိုင်းတစ်ခုလုံးရဲ့
ပိုင်ဆိုင်မှုတွေအားလုံးကို စစ်ဆေးဖော်ထုတ်ပါ။ ဦးရွှေမန်းရဲ့ တစ်သက်လုံး
ရရှိခဲ့တဲ့ လစာ၊ ထောက်ပံ့ကြေး၊ ပင်စင်လစာ၊ အခြား သော
ခံစာခွင့်(တရားဝင်)များကို တွက်ချက်ပါ။ အောင်သက်မန်း၊ တိုးနိုင်မန်း၊
ဦးခင်ရွှေ ပိုင်ဆိုင်မှုအားလုံး ကို တွက်ပါ။ ဦးခင်ရွှေ၊ အောင်သက်မန်းတို့
တရားဝင် အခွန်ဆောင်ထားတဲ့ ပမာဏ(တရားဝင် ကြေညာ ထားတဲ့ပိုင်ဆိုင်မှု) နဲ့
ဦးရွှေမန်းရဲ့ တစ်သက်လုံး တရားဝင်ရရှိခဲ့တဲ့ ငွေကြေးပမာဏ စုစုပေါင်းထက် ကျော်
လွန်သော ပမာဏအားလုံးကို နိုင်ငံပိုင်အဖြစ် သိမ်းယူပါ။ အခွင့်အာဏာကို
အသုံးချပြီး တရားမ၀င် ဆောင် ရွက်သဖြင့် ရရှိခဲ့သော ပိုင်ဆိုင်မှုအားလုံးကို
နိုင်ငံပိုင် အဖြစ်သိမ်းယူပါ။ အောင်သက်မန်း၊ တိုးနိုင်မန်း၊ ဦးခင်ရွှေတို့ရဲ့
အမြတ်ခွန်(ယခုမရှိတော့)၊ ၀င်ငွေခွန် ကြေညာထားသမျှ ပြီးခဲ့တဲ့ အနှစ်(၂၀)ပြန်လည်
စစ်ဆေးပါ။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပါ။ ဦးသိန်းစိန်ရဲ့
တိုက်ရိုက်ညွှန်ကြားမှုနဲ့ ဆောင်ရွက်ပါ။ အခွန်ရှောင်တာတွေ၊
လိမ်လည်စာရင်းသွင်းတာတွေ အကုန်လုံး နိုင်ငံပိုင် အဖြစ် သိမ်းယူပါ။ ဦးရွှေမန်း
ကိုယ်တိုင် အခွန်စနစ်နဲ့ ပတ်သက်ပြီး တရားဝင် ပြောထားပြီးသား ဖြစ်ပါတယ်။
သူ့စကားနဲ့ သူ့ကို ပြန်ချည်ပါ။ စံနမူနာပြအဖြစ် အောင်သက်မန်း အဖွဲ့ကစပြီး
အထူးစစ်ဆေးရေးနဲ့ စစ်ဆေးပါ။ မီဒီယာများကို ခေါ်ပြပါ။ တွေ့ရှိရသမျှ တရားဝင်
ကြေညာပါ။ ပြီးရင် တည်ဆဲဥပဒေ အားလုံးနဲ့ အရေးယူပါ။
(၂) လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ လှုပ်ရှားသွားလာမှု အားလုံးကို ခြေရာခံပါ။
စီးပွားရေးသမား၊ အခြားသော အကျိုးစီးပွား ပွဲစားများနဲ့ တွေ့နေကြတဲ့
စားသောက်ဆိုင်၊ အနှိပ်ခန်း၊ ကေတီဗွီ သွားသမျှ ပက်ပင်း ဖမ်းပါ။ (အစိုးရမှာ
လုပ်ပိုင်ခွင့် ရှိပါတယ်။) (၂၄)နာရီ မကျော်ဘဲ ဖမ်းဆီးစစ်ဆေးလို့ ရပါတယ်။
လွှတ်တော်အစည်းအဝေး ကျင်းပချိန်မှာတော့ မရပါဘူး။ လွှတ်တော် နားထားတဲ့
အချိန်တွေမှာ လုပ်ပါ။ (၂၄)နာရီ ကျော်ရင် ပြန်လွှတ်ပါ။ ပြီးရင် ထပ်ဖမ်းပါ။
မသင်ကာဖွယ်ရာ ပုဒ်များနဲ့ တပ်ပါ။ အဂတိလိုက်စား မှုဆိုင်ရာ ပုဒ်မများ တပ်ပါ။
ရသမျှ အုပ်ချုပ်ရေး လုပ်ပိုင်ခွင့် အခွင့်အာဏာ အားလုံး အသုံးချပါ။ (လွှတ်
တော်ကိုယ်စားလှယ်များ မှားပါလိမ့်မယ်။ စကားပြောတာ၊ သွားလာလှုပ်ရှားတာ
မမှားတဲ့လူ မရှိပါဘူး။ မှားတာနဲ့ ပြတ်ပြတ်သားသား မညှာမတာ အရေးယူပါ။)
(၃) ဦးသူရိန်ဇော်၊ ဦးအေးမောင်၊ ဦးအေးမောက်၊ ဦးရဲထွန်း အားလုံးဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော် လွန်ပြီး ဘတ်ဂျက်ကိစ္စတွေမှာ
ခေါင်းစဉ်ပြောင်းသုံးဖို့ ပြောခဲ့တာတွေ ရှိပါတယ်။ အခြေခံဥပဒေက သတ်မှတ်ထားတဲ့
လုပ်ပိုင်ခွင့်တွေကို ကျော်လွန်ပြီး ပြောနေတာတွေဟာ အခြေခံဥပဒေကို ချိုးဖောက်နေ
တာ ဖြစ်ပါတယ်။ ဒီအတွက် အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က
နှုတ်ထွက်စေတဲ့အထိ လုပ်လို့ရပါတယ်။ နှုတ်ထွက် သွားအောင် လုပ်ပါ။
(၄) စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဖြတ်တောက်ခံရတဲ့ စီမံကိန်းနယ်မြေခံ
ပြည်သူလူထု ဆီကို သွားပါ။ သူတို့ရဲ့ ဆန္ဒသဘောထားကို တောင်းခံပါ။
ဥပမာ-မြင်းခြံနဘူးအိုင်မှာ ရှိတဲ့ ဒေသခံပြည်သူတွေကို စက်မှု စီမံကိန်းအကြောင်း
ရှင်းပြပါ။ ပယ်ချခံလိုက်ရတဲ့ လယ်/ဆည်က ဆည်စီမံကိန်းတွေ၊ မြောင်းစီမံကိန်းတွေ
ရှိတဲ့ဒေသတွေကို သွားပါ။ ဒေသခံတွေကို ရှင်းပြပါ။ မီးရချင်တာ၊ ရေရချင်တာ၊
အလုပ်အကိုင် ရချင်တာ တွေ အများကြီး ရှိပါတယ်။ သူတို့က အစိုးရစီမံကိန်းတွေ
လုပ်ဆောင်မှာကို ထောက်ခံသလား – မေးပါ။ ထောက်ခံတယ်ဆိုရင် ထောက်ခံကြောင်း
လက်မှတ်ရေးထိုးခိုင်းပါ။ ဦးသိန်းစိန်ထံ တင်ပြခိုင်းပါ။ သူတို့
ရွေးချယ်တင်မြောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားတွေဆီကို ပို့ပါ။ မီဒီယာတွေမှာ
ဖွင့်ချပစ်ပါ။ ဒီဒေသခံ တွေ တိုးတက်စေမယ့်၊ ဒေသ ကောင်းကျိုးရရှိစေမယ့်
စီမံကိန်းတွေ ဖြတ်တောက်ခြင်းအတွက် လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူလူထုကို
ဝန်ချတောင်းပန်ခိုင်းပါ။ ၀န်ချတောင်းပန်ခြင်း မပြုရင် ဦးသိန်းစိန် ဘက်က
အယုံအကြည်မရှိ အဆို တင်သွင်းပါ။ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်က
နှုတ်ထွက်သွားတဲ့ အထိ နိုင်ငံရေး သေသွားအောင် လုပ်လို့ရပါတယ်။
(၅) မမှန်မကန်၊ အလွဲသုံးစား လုပ်ဆောင်နေတဲ့ ၀န်ကြီးတွေကို ဖြုတ်ပစ်ပါ။
အကျင့်ဟောင်းတွေ မဖျောက်နိုင်သေးတဲ့ သူတွေ ဖြုတ်ပစ်ပါ။ အပြောအဆိုခံနေရတာကို
မနာသော ၀န်ကြီးများ၊ ဖြုံတောင် မဖြုံ သောဝန်ကြီးများ ဖြုတ်ပစ်ပါ။ ဒီလူတွေဟာ
ဦးသိန်းစိန်အတွက် အန္တရာယ်တွေ ဖြစ်ပါတယ်။ လူထုအတွက် လည်း အန္တရာယ်တွေ
ဖြစ်ပါတယ်။ ပေးအပ်တဲ့တာဝန်ကို မကျေပွန်မှုနဲ့ နှုတ်ထွက်ခိုင်းပါ။ မထွက်ရင်
ထုတ်ပစ်ပါ။ (သမ္မတ အခွင့်အာဏာ အများကြီးရှိပါတယ်။ မလုပ်လို့ လူမလေးစား
ဖြစ်နေတာပါ။)
(၆) ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေကို ချိုးဖောက်ခဲ့တဲ့ ကော်မတီတွေ၊
ကော်မတီဝင်တွေကို ဥပဒေအရ အရေးယူပါ။ သူတို့ သိပါတယ်။ ဘာတွေ ချိုးဖောက်နေသလဲ
ဆိုတာတွေ သူတို့ သိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တာဝန်ဟာ
မေးခွန်းမေးခြင်း၊ အဆိုတင်သွင်းခြင်း၊ လွှတ်တော်အစည်း အဝေးတွေမှာ
ဆွေးနွေးခြင်းသာ လုပ်ရပါတယ်။ ရေးရာကော်မတီဝင်တွေမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်း
စည်းကမ်းတွေ ရှိပါတယ်။ ချိုးဖောက်နေတာ အများကြီး တွေ့ရှိရပါတယ်။ ဒါတွေကိုလည်း
အစိုးရဘက်က ဘယ်ဝန်ကြီးမှ ထောက်ပြတာ၊ တုံ့ပြန်တာ မတွေ့ရပါဘူး။ ဘာဖြစ်လို့လဲ
သူတို့ ပြုတ်မှာ ကြောက်နေကြ တာ ဖြစ်ပါတယ်။ သူတို့ကိုလည်း ဖြုတ်ပါ။ ဥပဒေ၊
နည်းဥပဒေတွေကို ချိုးဖောက်တဲ့ လွှတ်တော် ကော် မတီဝင်တွေကို လွှတ်တော်ဥပဒေနဲ့
တရားစွဲပါ။
(၇) နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေမှု၊
နိုင်ငံတော်နှောက်ယှက်ဖျက်ဆီးသူများရဲ့ ဘေး အန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်
ဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ တွေဟာ တည်ဆဲ ဥပဒေတွေ ဖြစ်ပါတယ်။
ညိစွန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီပုဒ်မတွေနဲ့ အရေးယူပါ၊ မညှာပါနဲ့။
(၈) တိုးနိုင်မန်း၊ အောင်သက်မန်း မိသားစုက မတရားနည်းလမ်းနဲ့ ရယူထားတဲ့
အစိုးရဌာနတွေနဲ့ ကန်ထရိုက်လုပ်ငန်းတွေ အကုန်လုံး ရပ်ဆိုင်းပါ။ တစ်ဆင့်ခံ
ကန်ထရိုက်တွေ အကုန် ဖျက်သိမ်းပါ။ ဦးခင်ရွှေလည်း အလားတူ ဖြစ်ပါတယ်။ အစိုးရက
ပေးအပ်ထားတဲ့ အခွင့်အလမ်းတွေ အကုန်လုံး ဇာတ် လမ်း ဖြတ်ပါ။ မဖြတ်တဲ့ ၀န်ကြီးတွေ
ဖြုတ်ပစ်ပါ။ ၀န်ကြီးဌာနတွေရဲ့ ကန်ထရိုက်လုပ်ငန်းတွေမှာ ဒီလူတွေ ကို ဘယ်တော့မှ
မပေးပါနဲ့။ ပေးထားပြီးသား လုပ်ငန်းတွေ အကုန် ဖျက်ပါ။ သံတမန်ဆက်ဆံရေး ထိခိုက်
ခံပြီး မြစ်ဆုံလိုကိစ္စတောင် ဖျက်ပစ်နိုင်ခဲ့သေးတာ။ ဒီပြည်တွင်း
ကန်ထရိုက်လုပ်ငန်းတွေက အသေးအမွှား ဖြစ်ပါတယ်။ အားမနာပါနဲ့။ အပြန်ဖြတ်ပစ်ပါ။
ပြီးရင် Black List သွင်းပါ။
(၉) ဖိုးတရုတ် ဘလော့မှာ တင်ထားတဲ့ တိုးနိုင်မန်းကြောင့် စစ်ဘက်အရာရှိ(၂)ဦး
သေဆုံးခဲ့မှုကို အမှု ဟောင်း ပြန်ဖော်ပြီး စစ်ဆေးပါ။ ကြားထဲက မဆိုင်ဘဲ ဓါးခုတ်ရာ
လက်ဝင်လျှိုခဲ့ရတဲ့ တပ်ကြပ်ကြီး/ အရာ ခံဗိုလ်၊ ထောင်ကျခံခဲ့ရတဲ့အမှုမှာ သူဟာ
အပြစ်ကင်းစင်ကြောင်း၊ သူနဲ့ သူ့မိသားစုဝင်တွေ ဂုဏ်သိက္ခာ ထိခိုက်နစ်နာစေမှုအတွက်
လူသားဆန်မှုကို ပြန်လည်ဖော်ထုတ်ပါ။ အမှုတစ်ခုကို (၂)ကြိမ် စစ်ဆေး စီရင် ခွင့်
မရှိသော်လည်း မမှန်မကန် ပြစ်ဒဏ်ကျခံခဲ့ရသူအား လွတ်ငြိမ်းချမ်းသာခွင့်နဲ့
လွှတ်ပေးလိုက်ပါ။ ပြီးရင် အမှုစစ်ရဲဘက်က တရားလိုလုပ်ပြီး အမှုဟောင်းကို
ပြန်ဖော်ပြီး တရားစွဲပါ။ သက်သေတွေ အထင်အရှား ရှိနေပါသေးတယ်။ တရားခံ
အစစ်ဖြစ်တဲ့ တိုးနိုင်မန်းကို တရားဥပဒေနဲ့အညီ ထောင်ဒဏ် အမြင့်ဆုံး ချပစ်ပါ။
(သမ္မတ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အမှုသစ်နဲ့ ပြန်ပြီး
အရေးယူလို့ ရပါ တယ်။)
(၁၀) မီဒီယာတွေနဲ့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဦးရွှေမန်း ဦးသူရိန်ဇော်၊
ဦးမောင်တိုး၊ ဒေါက်တာအေးမောင်၊ ဦးရဲထွန်း၊ ဦးသိန်းညွန့် အစရှိတဲ့
လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို နိုင်ငံတော်အပေါ် အကြည်ညို ပျက်စေမှု၊
လွှတ်တော်ဥပဒေ ဖောက်ဖျက်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖောက်ဖျက်မှု၊
လျှို့ဝှက်ချက်အက် ဥပဒေ ဖောက်ဖျက်မှုတွေနဲ့ အရေးယူနိုင်အောင် လုပ်ပါ။
(၁၁) မီဒီယာတွေကို နည်းဥပဒေ၊ စည်းမျဉ်းနဲ့ မညီညွတ်ဘဲ စာတမ်းတွေ၊ စာရွက်တွေ
ပေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အဲဒီဥပဒေတွေ အပြင်
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ပါ အရေး ယူပါ။
လျှို့ဝှက်ချက်အက်ဥပဒေဆိုရင် ရဲအရေးပိုင်သွားပါပြီ။ အာမခံ ပေးစရာ မလိုပါဘူး။
ညိစွန်းတဲ့ သူ အကုန်လုံးကို ပြင်းပြင်းထန်ထန် အရေးယူပါ။ မညှာပါနဲ့။
(၁၂) လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတာ အခြေခံဥပေဒ မကျော်ပါ။ ဥက္ကဌနဲ့
အဖွဲ့ဝင်တွေကို အဆင့် သတ်မှတ်ခြင်းသည်သာလျှင် မညီညွတ်တာ ဖြစ်ပါတယ်။
အဆင့်သတ်မှတ်ချက် အမိန့်ဟာ ဥပဒေကြောင်း အရ ပြည်ထောင်စုလွှတ်တော်က
သဘောမတူတဲ့အတွက် ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။ (အခြေခံဥပဒေ ပုဒ် ၂၁၂(ဂ) အရ
ဖြစ်ပါတယ်။) ဒီဟာကို မညီပါဘူး ပြောနေရင် အခြေခံဥပဒေနဲ့ကိုင်ပြီး တရားစွဲပါ။
ခုံရုံးက ဆုံးဖြတ်ပါလိမ့်မယ်။
(၁၃) လစာ တိုးမြှင့်ခံစားခြင်း မပြုဘဲ လျှော့ပေါ့ ခံစားတဲ့ကိစ္စဟာ
နိုင်ငံအကျိုးအတွက် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါကိုလည်း ကတိက၀တ်ကော်မတီကို
စာပေးလိုက်ရင် ရပါတယ်။ သူတို့ မှတ်တမ်းတင်ရမယ်။ ဒါ့အပြင် ဒါဟာလည်း တရားဝင်
ထုတ်ဖော်ပြောကြားထားတာ ဖြစ်တဲ့အတွက် အစိုးရအာမခံချက်များ၊
ကတိက၀တ်ကော်မတီအနေနဲ့ မှတ်တမ်းတင်ထားလို့ ရပါတယ်။ ဒါဟာ သမ္မတက ကတိက၀တ်ပြုလိုက်
တာ ဖြစ်ပါတယ်။
(၁၄) တိုးနိုင်မန်းရဲ့ ဂျာနယ်ဖြစ်တဲ့ Street View, Eleven , The Voice
ဒီဂျာနယ်တွေမှာ အစီရင်ခံစာ တွေ ပေးပို့နေတဲ့ တရားခံဟာ ဘယ်သူလဲ။ ဖော်ထုတ်ပါ။
အဲဒါတွေဟာ ဥပဒေ၊ နည်းဥပဒေတွေကို ချိုး ဖောက်နေတာ ဖြစ်ပါတယ်။ (လုံးဝ ခွင့်
မလွှတ်ပါနဲ့။ ပြင်းပြင်းထန်ထန် အရေးယူပါ။ )
(၁၅) တိုးနိုင်မန်း၊ အောင်သက်မန်းတို့ကြောင့် ၅၀၀၀ တန်ဖုန်း မဖြစ်လာတာလို့
သိရပါတယ်။ ဒီတော့ ငါးထောင်တန်ဖုန်းတွေ ပေးလိုက်ပါ။ သူတို့ရဲ့ ကန်ထရိုက်တွေ
ဖျက်ပစ်ပါ။ E-Lite, Red-Link အကုန် စာချုပ်တွေ ဖျက်ပစ်ပါ။
ဒါတွေဟာ ဦးသိန်းစိန်တစ်ဦးတည်းအတွက် ကျွန်တော့်ရဲ့ အကြံပြုချက်တွေပဲ
ဖြစ်ပါတယ်။ တစ်ခု သတိ ပြုဖို့က သမ္မတဟာ အထွတ်အထိပ် ဖြစ်ပါတယ်။ ဒါကို
ယုတ်လျော့အောင် ပြုလုပ်လာရင် ပြုလုပ်သူဟာ အခြေခံဥပဒေကို ချိုးဖောက်တာ
ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ဟာ
ပြည်ထောင်စုတစ်ဝန်းလုံးမှာ တည်ပါတယ်။ ဟိုက ထိပ်ပုတ်လိုက်၊ ဒီက
ခေါင်းပုတ်လိုက်နဲ့ လုပ်နေ တာဟာ အစိုးရကို အကဲစမ်းတာ ဖြစ်ပါတယ်။ ဒါတွေကို
ငြိမ်ခံနေစရာ မလိုပါဘူး။ အုပ်ချုပ်ရေးအာဏာ ဟာ အများကြီး အသုံးချလို့ ရပါတယ်။
ဥပဒေတွေ အများကြီး ရှိနေပါတယ်။ တစ်ခုမဟုတ် တစ်ခုနဲ့ စွဲလို့ ရပါတယ်။ ဒါကိုတော့
မမေ့မလျော့ သုံးစေချင်ပါတယ်။ သုံးလို့ရတာ အများကြီး ရှိပါတယ်။
ဒီအစမှာ အလျှော့ပေးလိုက်ရင် ဒီ(၅)နှစ်စလုံး ဆက်ပြီး စော်ကားနေမှာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးအာဏာ ဟာ အဆင့်အမြင့်ဆုံး၊ အထိရောက်ဆုံး ဖြစ်ပါတယ်။
ပြင်းပြင်းထန်ထန် အသုံးချလို့ရပါတယ်။ အစွမ်းကုန် အသုံးချပါ။ သမ္မတဆိုတာ
ဘယ်နိုင်ငံမှာမဆို အကုန်လုပ်လို့ရပါတယ်။ ဥပဒေတွေ အများကြီး ရှိပါတယ်။
ယူသုံးပါ။ အသုံးချပါ။ ပြင်းပြင်းထန်ထန် အရေးယူပါ။