ကန္တာရ၀တီတိုင်း(မ်)/ သြဂုတ် ၁၇၊ ၂၀၀၉ 17.08.by thawthikho

မြန်မာစစ်အစိုးရအား လက်နက်ကိုင်သော နည်းလမ်းဖြင့်သာ ဆက်လက်ခုခံတော်လှန် တိုက်ခိုက် သွားရန်အတွက် ယနေ့ကျရောက် သည့် ကရင်နီပြည် တပ်မတော်နေ့တွင် အင်အား (၁၀၀) ၀န်းကျင်ရှိသည့် တပ်သားသစ်အပတ်စဉ်တခုကို ထပ်မံဖြည့်ဆည်းလိုက် ပါသည်။
ယခုလက်ရှိ မြန်မာစစ်အစိုးရကို အင်အား (၈၀၀) ခန့်ဖြင့် တော်လှန်တိုက်ခိုက်နေရာမှ ယနေ့ သြဂုတ်လ (၁၇) ရက်တွင် ကျရောက် သည့် (၆၁) မြောက် ကရင်နီပြည်တပ်မတော် နေ့ထူးနေ့မြတ်တွင် အင်အား (၈၀) ကျော် ရှိသည့် သင်တန်းသားများက သစ္စ္စာရေ သောက်ခဲ့ကြပြီး ကရင်နီပြည် တပ်မတော်သားအဖြစ်သို့ အသိအမှတ်ပြုပေးလိုက်သည်။
စစ်အစိုးရ ခေတ်အဆက်ဆက်ကို နှစ်ပေါင်း (၆၀) ကျော် တော်လှန်တိုက်ခိုက်လာခဲ့သည့် ကရင်နီပြည်တပ်မတော်တို့သည် ၎င်းတို့၏ အမှတ်စဉ် ကိုယ်ပိုင်အမှတ်မှာ (၇၀၀၀) ရှိသွားပြီ ဖြစ်သော်လည်း ယခုလက်ရှိ တိုက်ပွဲဝင်နေကြသည့် အင်အားမှာ (၈၀၀) ခန့်သာ ကျန်ရှိသည့်အတွက် ယခုလို အင်အား ထပ်မံ ဖြည့်စွက်ရခြင်း ဖြစ်သည်။

ကန္တာရ၀တီတိုင်း(မ်)/ သြဂုတ် ၁၇၊ ၂၀၀၉
မြန်မာစစ်အစိုးရအား လက်နက်ကိုင်သော နည်းလမ်းဖြင့်သာ ဆက်လက်ခုခံတော်လှန်တိုက်ခိုက်သွားရန်အတွက် ယနေ့ကျရောက် သည့် ကရင်နီပြည် တပ်မတော်နေ့တွင် အင်အား (၁၀၀) ၀န်းကျင်ရှိသည့် တပ်သားသစ်အပတ်စဉ်တခုကို ထပ်မံဖြည့်ဆည်းလိုက် ပါသည်။
ယခုလက်ရှိ မြန်မာစစ်အစိုးရကို အင်အား (၈၀၀) ခန့်ဖြင့် တော်လှန်တိုက်ခိုက်နေရာမှ ယနေ့ သြဂုတ်လ (၁၇) ရက်တွင် ကျရောက် သည့် (၆၁) မြောက် ကရင်နီပြည်တပ်မတော် နေ့ထူးနေ့မြတ်တွင် အင်အား (၈၀) ကျော် ရှိသည့် သင်တန်းသားများက သစ္စ္စာရေ သောက်ခဲ့ကြပြီး ကရင်နီပြည် တပ်မတော်သားအဖြစ်သို့ အသိအမှတ်ပြုပေးလိုက်သည်။
စစ်အစိုးရ ခေတ်အဆက်ဆက်ကို နှစ်ပေါင်း (၆၀) ကျော် တော်လှန်တိုက်ခိုက်လာခဲ့သည့် ကရင်နီပြည်တပ်မတော်တို့သည် ၎င်းတို့၏ အမှတ်စဉ် ကိုယ်ပိုင်အမှတ်မှာ (၇၀၀၀) ရှိသွားပြီ ဖြစ်သော်လည်း ယခုလက်ရှိ တိုက်ပွဲဝင်နေကြသည့် အင်အားမှာ (၈၀၀) ခန့်သာ ကျန်ရှိသည့်အတွက် ယခုလို အင်အား ထပ်မံ ဖြည့်စွက်ရခြင်း ဖြစ်သည်။
စစ်အစိုးရ အာဏာရှင်စနှစ်ကို တော်လှန်တိုက်ခိုက်ရာမှာ စစ်ရေးအရ လက်နက်ကိုင်သော နည်းလမ်းတခုဖြင့်သာ တော်လှန်နေခြင်း မဟုတ်ဘဲ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ကလည်း တွေ့ဆုံဆွေးနွေးရန်အတွက် အမြဲကမ်းလှမ်းခဲ့ပါသည်။ သို့သော် မြန်မာစစ် အစိုးရဘက်က တရားဝင်လက်ခံတွေ့ဆုံခြင်းကို လက်မ ခံခဲ့ပါ၊
“လူမျိုးစု ဖြစ်တဲ့ ကျနော်တို့ ကရင်နီတဖွဲ့ထဲ အနေနဲ့ မြန်မာပြည်ရဲ့ ပြဿနာကို ကျနော်တို့ တဖွဲ့ထဲတည်းနဲ့ လုပ်လို့မရဘူး။ မြန်မာ ပြည်က လူမျိုးစုတွေ အားလုံးကနေ ပါဝင်ရမှာ ဖြစ်တယ်။ အဲဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံရေးအရ၊ စစ်ရေးအရ ပူးပေါင်းပြီးမှ လုပ်ဆောင်ရမှာ ဖြစ်တယ်။ တဖွဲ့ထဲနဲ့ ဖြေရှင်းလို့ ရတဲ့ကိစ္စ မဟုတ်ဘူး” ဟု ကရင်နီတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက (၆၁) ပြည့် ကရင်နီတပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားပါသည်။
ယနေ့ ကျရောက်သည့် ကရင်နီတပ်မတော်နေ့ အခမ်းအနားကို ကရင်နီပြည် တပ်မတော် စခန်းတခုဖြစ်သည့် ညာမိုတပ်စခန်းတွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသား မဟာမိတ်များ၊ ကရင်နီလူငယ်နှင့် ပြည်သူ (၆၀၀) ကျော်တို့ကို ဗိုလ်ချုပ် ဘီထူးမှ တပ်မတော်နေ့နှင့် ပါတ်သက်သည့် အကြောင်းအရာများ ဟောပြောပေးခဲ့ပါသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တဖွဲ့နှင့်တဖွဲ့ ပူးပေါင်းကူညီမှုသည် စစ်အစိုးရကို တော်လှန်တိုက်ခိုက်သည့် နေရာမှာ ပိုမိုထိရောက်ပြီး အကျိုးရှိသည့်ကိစ္စတခု ဖြစ်သည်ဟု ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်သော မဟာမိတ် ကချင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့မှ တပ်ကြပ်ကြီး တဦးက ပြောသည်။
ကရင်နီပြည်တပ်မတော်ကို ပြီးခဲ့သည့် ၁၉၄၈ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပြီး ဖဆပလအစိုးရ လက်ထက်မှ စ၍ မဆလ၊ န၀တ၊ နအဖစစ်အစိုးရ အဆက်ဆက်ကို ယနေ့တိုင် လက်နက်ကိုင်သည့် နည်းလမ်းနှင့်အတူ နိုင်ငံရေး နည်းလမ်းဖြင့်လည်း ခုခံတော်လှန်တိုက်ခိုက်နေသည်မှာ (၆၁) ပြည့်သွားပြီ ဖြစ်သည်။

http://thawthikho.blogspot.com/

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s