ဒုက္ခသည်ကရင်ကလေးငယ်များ စာသင်ကြားရေးအခက်တွေ့
စစ်ပြေးဒုက္ခသည် ကရင်ကလေးငယ်များ စာသင်ကြားနိုင်ရန် ကိုယ်ထူကိုယ်ထ စာသင်ဆောင်ဆောက်လုပ်ခွင့်ကို ဒေသခံ ထိုင်းအာဏာပိုင်များက ခွင့်မပြုသဖြင့် ကလေးငယ်များ စာသင်ကြားရေး အခက်အခဲဖြစ်နေကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက ပြောသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ် နောင်ဘိုးရွာ ယာယီခိုလှုံခွင့်စခန်းတွင် ကူညီနေသူတဦးက “ဒီနေရာကို ပြောင်းရွှေ့လာတာ အိမ်ခြေ (၃၀၇) လုံးရှိတယ်။ လူဦးရေကတော့ နောက်တိုးစာရင်း အပါအ၀င် (၁,၈၀၀) ခန့်ရှိတယ်။ အဲဒီထဲမှာ ကလေးငယ်တွေက (၃၅၀) လောက်ရှိတယ်။ သူတို့ စာသင်ဖို့ ကျောင်းဆောင်တခုဆောက်ဖို့ ခွင့်တောင်းတာကို ဒေသခံအာဏာပိုင်တွေက ခွင့်မပြုဘူး။ အဲဒီအတွက် ကျနော်တို့ထပ်ပြီးတော့ မေတ္တာရပ်ခံထားတယ်။ ဒီနေ့အထိတော့ ဘာမှအကြောင်းမပြန်သေးဘူး” ဟု ပြောသည်။
တပ်မဟာ (၇) ဘားအံခရိုင်ဒေသတွင် နအဖနှင့်ဒီကေဘီအေအဖွဲ့များ၏ ထိုးစစ်များကြောင့် ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် (၄,၀၀၀) အနက် (၁,၈၀၀) ခန့်သည် နောင်ဘိုးရွာတွင် ယာယီခိုလှုံလျက်ရှိသည်။ continue
http://www.khitpyaingnews.org/news/july09/200709c.php