ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံနေ့ ကျင်းပ
စစ်အာဏာရှင်စနစ်တည်ရှိသရွေ့ ကျောင်းသားစိတ်ဓာတ် မည်သည့်အခါမှ ကွယ်ပျောက်သွားမည်မဟုတ်ကြောင်း ယနေ့ ကျရောက်သည့် (၄၇) နှစ်မြောက် ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံနေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်က ပြောကြားသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ကျင်းပသည့် (၄၇) နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) မှ တာဝန်ခံ ကိုမင်းနိုင်က စစ်အာဏာရှင်စနစ်နှင့် တဆက်တည်း ပေါ်ပေါက်လာသည့် ကျောင်းသားလှုပ်ရှားမှုကို ရည်စူးပြောကြားခြင်းဖြစ်သည်။ continue
http://www.khitpyaingnews.org/news/july09/070709b.php