Skip to content

Khitpyaing news 23.02. ခေတ်ပြိုင်၊ ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၀၉ myanmar rice

February 23, 2009

myanmar-rice-2

လွန်ခဲ့သည် နှစ်လခန့် ကောက်သစ်ပေါ်ချိန်မှစ၍ မြ၀တီမှ မဲဆောက်ဘက်သို့ ညစဉ် ဆန်အိတ်ရေ တစ်သောင်းခန့် တရားမ၀င် တင်သွင်းနေခြင်းကို ထိုင်းဘက်မှ ရုတ်တရက် တင်သွင်းခွင့် ပိတ်လိုက်သည့်အတွက် မြ၀တီဘက်ကမ်းတွင် မြန်မာဆန်အိတ်ရေ နှစ်သောင်းခန့် သောင်တင်နေသည်။

မြန်မာဆန်ကုန်သည်တဦးက “ထိုင်းဘက်က ပိတ်လို့ မြန်မာဆန်တွေ သောင်တင်နေတာ လှေဂိတ်တဂိတ်မှာဆိုရင် အိတ်ရေ ငါးထောင်လောက်ကို ဒီအတိုင်းကမ်းနဖူးမှာ ပုံထားရတယ်။ ဟွေ့မုတ်ဂိတ်နဲ့ သုံညဂိတ်မှာဆိုရင် ပိုများတယ်။ ထိုင်းဘက်က ဆန်ကုန်သည်ပြောတာက ဆန်ခိုးသွင်းတဲ့ကိစ္စ စစ်ဆေးရေးဝင်လို့ ပိတ်ထားရတယ်လို့ ပြောတယ်။ အခုပိတ်တာ ငါး ရက်ရှိပြီ။ ထိုင်းဘက်က ပြန်ဖွင့်မဲ့ရက်ကိုပဲ စောင့်နေရတယ်။ ကိုယ်က တရားဝင်သွင်းတာ မဟုတ်တော့ သူတို့ လာသိမ်းရင် အလကားဖြစ်မှာကိုလဲ စိုးရိမ်ရတယ်” ဟု ပြောသည်။

ထိုင်းဘက်ခြမ်း ကမ်းနဖူးရှိ အထည်ချုပ်စက်ရုံများမှ မြန်မာအလုပ်သမားများသည် အလုပ်မရှိသည့်ရက်များတွင် မြန်မာဆန်ထမ်းပို့ပေးရသည့်အတွက် တဦးလျင် တည မြန်မာငွေ တသောင်းခန့် ရရှိကြသည်ဟု သိရသည်။ ဆန်ထမ်းသမားတဦးက “ဆန်ထမ်းတာ နှစ်လကျော် သွားပြီး၊ တအိတ်ကို (၂) ဘတ်ခွဲရတယ်။ ဆန်ထမ်းတဲ့လူ ရာနဲ့ချီရှိတယ်။ ညတိုင်းပဲ အိတ်ရေ တသောင်းအထက်မှာ ရှိတယ်။ မြ၀တီဘက်က စက်လှေနဲ့ လာတဲ့ဆန်ကို ထိုင်းဘက်လှေဆိပ်ကနေ ဆယ်ဘီးကားပေါ် ထမ်းတင်ရတယ်” ဟု ပြောသည်။ continue
http://www.khitpyaingnews.org/news/February_09/23-2-09d.php

Advertisements
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: