Skip to content

Thaksin bumps into Suu Kyi at the 2013 Formula 1 Singapore Grand Prix.တိုက်တိုက်ဆိုင်ဆိုင်ပါလား ကိုသက်ဆင်ရယ်

September 23, 2013

တိုက်တိုက်ဆိုင်ဆိုင်ပါလား ကိုသက်ဆင်ရယ်

ဖော်မြူလာဝမ်းကို သွားလည်ရင်း သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှတ်မထင်ဆုံမိတယ်လို့ တရားခံပြေးဖြစ်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က သတင်းထုတ်ပြန်တယ်။

တမင်ရည်ရွယ်တာမဟုတ်ပဲ အမှတ်မထင်ဆုံဖြစ်တာပါလို့ သူက ဆိုပေမဲ့ စင်္ကာပူအစိုးရဧည့်သည်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလွယ်တကူ အခုလိုဝင်ရောက်နုတ်ဆက် စကားပြောနေတဲ့ ပုံက သူမတော်တဆကြီးက ရိုးမှရိုးရဲ့လား စနစ်တကျ ပြင်ဆင်ထားတဲ့ မတော်တဆမျိုးကြီးလားလို့ တွေးစရာပါ။

သူဝန်ကြီးချုပ်ဘ၀က မြန်မာစစ်အစိုးရနဲ့ အလွန်နီးကပ်ခဲ့တဲ့ သက်ဆင်ဟာ အဲဒီတုန်းက မြန်မာနိုင်ငံရေးလမ်းကြောင်းမှာ အောင်ဆန်းစုကြည်ဟာ ဂျမ်းတုံးကြီးတုံးပဲ လို့ဝေဘန်ခဲ့ဖူးသူဖြစ်ပြီး တလောက အင်တာနက်ပေါ်ပျံ့နှံ့ခဲ့ သူနဲ့ လက်ရှိထိုင်းအစိုးရ ထိပ်တန်းအရာရှိကြီးတစ်ဦး ဟောင်ကောင်မှာ စကားလက်ဆုံကြခဲ့စဉ် အသံဖိုင်လို့ ယူဆရတဲ့ အသံဖိုင်ထဲမှာ ထိုင်းတွေအနေနဲ့ မြန်မာပြည်အပေါ်မှာ ဆက်လက်သြဇာလွှမ်းမိုးထားဖို့နဲ့ လက်ရှိအာဏာ
အရှိဆုံးဖြစ်တဲ့ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အပိုင်ထိန်းထားဖို့
ညွှန်ကြားခဲ့သူပါ။

Former prime minister Thaksin Shinawatra posted on his Instagram that he accidentally met Myanmar opposition leader Aung San Suu Kyi on Sunday at the 2013 Formula 1 Singapore Grand Prix.

Thaksin Shinawatra (back to camera) meets Aung San Suu Kyi at the 2013 Formula 1 Singapore Grand Prix. (Photo from Instagram @thaksinlive)

http://www.bangkokpost.com/breakingnews/371076/photo-shows-thaksin-meeting-suu-kyi-at-f1-meet-in-singapore

DASSK THAKSIN SINGAPORE

 

DASSK : ကျမ ဖေဖေက စစ်သားကနေ နိုင်ငံရေးသမားကို ကူးပြောင်းခဲ့တာ မဟုတ်ပါဘူး၊
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေးသမားဘ၀ကနေ
စစ်သားဘ၀ကို ကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေ နှစ်ရပ်က အလွန်ခြားနားပါတယ်။
ကျမ အမြင်အရလည်း စစ်သားဟာ နိုင်ငံရေးသမားဘ၀ကို မကူးပြောင်းသင့်ဘူးလို့ ထင်တယ် (ရယ်လျက်) စစ်ကြီးပြီးလို့ နိုင်ငံရေးပြန်လုပ်ဖို့ အချိန်ရောက်တဲ့အခါမှာ ကျမ ဖေဖေအတွက် . စစ်တပ်ထဲမှာပဲ ဆက်နေမလား၊ စစ်တပ်က ထွက်မလားဆိုတာကို ဆုံးဖြတ်ချရမယ့် အချိန်ရောက်လာတယ်..

အဲဒီအချိန်တုန်းက မောက်ဘက်တန်ဆီကို ဖေဖေရေးခဲ့တဲ့ စာမှာ
အရပ်သားဘ၀ ရွေးချယ်တော့မယ့်အကြောင်း ရှင်းပြထားတယ်။
အကြောင်းကတော့ နိုင်ငံရေးကိစ္စတွေကို အဓိက လုပ်ဖို့ လိုအပ်တဲ့အခြေအနေမှာ
သူ့အနေနဲ့ စစ်သားတယောက်အနေနဲ့ မဟုတ်တော့ဘဲ
သာမန် အရပ်သားတယောက်အနေနဲ့ပဲ နိုင်ငံရေးကို ဆက်လုပ်မယ်ဆိုတဲ့ အကြောင်းကို ရှင်းပြထားတယ်၊

စစ်တပ်ကို ပရော်ဖက်ရှင်နယ် စစ်သားတွေက ဦးဆောင်သင့်တယ်လို့ ယုံကြည်တဲ့အတိုင်းပဲ
အဲဒီအချိန်တုန်းက မြန်မာ့တပ်မတော်ကို ဦးဆောင်ဖို့ သင့်တော်တဲ့
စစ်ဦးချုပ်တယောက်ကို ဖေဖေက လျာထားပေးခဲ့တယ်။
အဲဒီလူကတော့ ကရင်တိုင်းရင်းသားလည်းဖြစ်၊ ဗြိတိသျစစ်တပ်က လေ့ကျင့်ပေးထားတဲ့ ပရော်ဖက်ရှင်နယ်စစ်သားတယောက်ပါ၊ အကြောင်းကတော့ ကျမ ဖေဖေဟာ ပရောဖက်ရှင်နယ်ဝါဒ အပေါ်မှာယုံကြည်လို့ပါပဲ၊

(စင်္ကာပူတက္ကသိုလ်တွင် ပြောကြားသော မိန့်ခွန်းမှ…) (22-9-2013)

1240606_181455228709265_1244880336_n

About these ads
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 3,549 other followers

%d bloggers like this: