Skip to content

MYANMAR POLICE FORCE:မော်တော်ယာဉ်အတွင်း လျှို့ဝှက်သယ်ဆောင်လာသည့် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

September 4, 2013
မော်တော်ယာဉ်အတွင်း လျှို့ဝှက်သယ်ဆောင်လာသည့် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၎
၃-၉-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မြစ်ကြီးနားမူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ရပ်ကွက်နေဆွပ်လီ(ခ)ကျော်ဝင်း(၅၂)နှစ်၏ နေအိမ်အားဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းရှိ ၇င/xxxxပါဂျဲရိုး ယာဉ်နောက်ခန်း ထိုင်ခုံပေါ်ရှိအိတ်(၃)အိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက်(၂၉၇)ခွက်၊ အလေးချိန်(၃.၁၈၆)ကီလို၊ ယာဉ်ရှေ့ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ ပြား၊ တန်ဘိုးငွေကျပ်(၄၄၆၆.၇)သိန်း သိမ်းဆည်းရမိသဖြင့် ဆွပ်လီ(ခ) ကျော်ဝင်းအား ဖားကန့်မြို့မရဲစခန်း မယ(ပ)၆၂/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
72838_601921859860617_1758955126_n
————–
လားရှိုးမြို့တွင် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၎
၃-၉-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် လားရှိုးမူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များသည် သတင်းအရ လားရှိုးမြို့၊ ပြည်ထောင်စုလမ်းမကြီးနှင့်ရုံးကြီးလမ်းထောင့်တွင် ကျောက်မဲမြို့၊ ပန်ဟတ်ရပ်ကွက်နေ ကျော်မင်းထွေး (ခ)အားယုံ(၂၀)နှစ်မောင်းနှင်ပြီး တစ်ရပ်တည်းနေ အေးဟွမ်(ခ)ခင်မင်းစိုး(၁၈)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား(၁၀၀)ပြား၊၊ ကျော်မင်းထွေး၏အင်္ကျီအိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက်(၂)ခွက်နှင့် အေးဟွမ်၏ဘောင်းဘီအိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက်(၁)ခွက်၊ စုစုပေါင်းအလေးချိန်(၅၁)ဂရမ၊် တန်ဖိုးငွေကျပ်(၁၁.၆၉)သိန်းတွေ့ရှိသိမ်းဆည်း ရမိသဖြင့် ကျော်မင်းထွေး(ခ)အားယုံနှင့် အေးဟွမ်(ခ)ခင်မင်းစိုးတို့ ၂ ဦးအား လားရှိုးမြို့မရဲစန်း မယ(ပ) ၁၃၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။
1240012_601922049860598_1554303842_n
About these ads
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 3,599 other followers

%d bloggers like this: