Skip to content

U WIRA THU “တိုင်း/မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊ ကျောင်းထိုင်ဆရာတော်များ အမှူးပြုသော ဘာသာရေး၊ လူမှုရေး၊ ပရဟိတအသင်းအဖွဲ့ ဦးဆောင်ပုဂ္ဂိုလ်များသို့ လျှောက်ထားပန်ကြားလွှာ”

June 4, 2013

“ယဉ်ကျေးလိမ္မာ ဆရာဖြစ် မွမ်းမံသင်တန်းသို့ တင်ပြ လျှောက်ထားလွှာ”
=====================================
ရက်စွဲ။ ။ ၂ဝ၁၃ ခုနှစ်၊ မေလ၊ (၂၈)ရက်။
——————————————————-
အရှင်ဝီရသူအား ဆက်ကပ်ပါ၏ဘုရား……….
မိုးကုတ်မြို့၊ ဓမ္မရံသီ မိုးကုတ်ဝိပဿနာရိပ်သာကြီးသို့ ကြွရောက်တော်မူကြကုန်သော ဓမ္မသင်တန်းများ၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းများကို သင်ကြားပို့ချနေကြသော သံဃာတော်အရှင်သူမြတ် အပေါင်းတို့နှင့် သိက္ခာရှင် ဆရာကြီး/လေး၊ ဆရာ/မ အပေါင်းတို့အား မင်္ဂလာပါလို့ နှုတ်ခွန်းဆက် ဂါရဝပြုအပ်ပါတယ် အရှင်သူမြတ်တို့ဘုရား။
တပည့်တော်ကတော့ ဓမ္မရံသီဆရာတော်ဘုရားနှင့် နမ့်ခွမ်ဆရာတော်ဘုရားတို့၏ ဘုန်းရိပ် ကံရိပ် မေတ္တာရိပ်တို့ကို ခိုလှုံပြီး သြဝါဒကိုခံယူလျက် အမျိုးဘာသာ၊ သာသနာအကျိုးကို တပည့်တော် စွမ်းနိုင်သမျှ ဆောင်ရွက်နေသူ မူဆယ်မြို့၊ ဓမ္မရံသီ မိုးကုတ်ရိပ်သာကြီး၏ အတွင်းရေးမှူး ဇော်လေး ဖြစ်ပါတယ် အရှင်ဘုရား။
တပည့်တော်၏ လျှောက်ထားချက်များထဲမှ အမှားများ ပါဝင်သွားခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးပါရန် ရှေးဦးစွာပဲ ရိုသေစွာ လျှောက်ထားအပ်ပါတယ် သံဃာတော် အရှင်သူမြတ်တို့ ဘုရား။
တပည့်တော်ဟာ မူဆယ်မြို့နှင့် နယ်စပ်ဒေသဖြစ်သည့် တရုတ်နိုင်ငံ ရွှေလီမြို့မှာ သွားလာနေထိုင်သည်မှာ (၁၂)နှစ် ကြာခဲ့ပါပြီ ဘုရား။ ရွှေလီမြို့မှာ ယခင်က ဘာသာလူမျိုးခြားများဟာ ရာပိုင်း ဦးရေမျှသာရှိကြပြီး မြန်မာ့သယံဇာတ ကျောက်မျက်ရတနာများကို ဘန်းပြ၍ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေးများကို ပြုလုပ်ကြရန်အတွက် ရခိုင်ပြည်နယ်မှ တဆင့် အမြို့မြို့ကို ဖြတ်ကျော်ပြီး မူဆယ်မြို့မှ ရွှေလီမြို့သို့ မှတ်ပုံတင် အတုများ ပြုလုပ်ခါ ဝင်ရောက်နေထိုင်ကြသည်မှာ ယခုဆိုလျှင် သုံးသောင်းကျော်မက ရှိနေပါပြီဘုရား။ ထိုဘာသာလူမျိုးခြားများဟာ နယ်စပ်ဒေသမှ ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားများအား ၎င်းတို့၏ ဥစ္စာဓနပြ၍ သူတို့ဘာသာဝင် မယားအဖြစ် သိမ်းသွင်းပြီး မယားအဖြစ်ရောက်ရှိပြီ ဆိုလျှင် သူတို့၏ မသမာသည့် စီးပွားရေးတွင် ဓားစာခံအဓမ္မစေခိုင်းမှုကို အစဉ်သဖြင့် ကြားသိနေရပါတယ်ဘုရား။
သူတို့စေခိုင်းမှုကတော့ သူတို့ဘာသာဝင်ဖြစ်သွားကြတဲ့ တိုင်းရင်းသူများရဲ့ ခန္ဓာကိုယ်အတွင်း ဘိန်းဖြူ အခဲများ ထည့်သွင်း၍ တရုတ်ပြည် ပြည်မထဲသို့ အကြိမ်ကြိမ်ပို့ခိုင်းခြင်းပါ ဘုရား။ ထိုသို့ အဓမ္မစေခိုင်းခြင်း အမှုကြောင့် နှစ် ဆယ်နှင့်ချီ၍ အဖမ်းခံရသည့် တိုင်းရင်းသူများ ထောင်နှင့်ချီ၍မက တရုတ်ပြည်တွင်း အကျဉ်းထောင်များမှာ ကျခံနေရပါတယ်ဘုရား။
သူတို့ အဓမ္မစေခိုင်းတာတွေကို မလုပ်နိုင်သူတွေကိုတော့ အမျိုးမျိုး နှိပ်စက်ကြပါတယ်ဘုရား။ သူတို့ အဓမ္မခိုင်းလို့ ထောင်ကျခံပြီး ပြန်လွှတ်လာသူတွေကျတော့ သူတို့ဟာ စွန့်ပယ်လိုက်ကြတာကို ရင်နာစရာ မြင်တွေ့နေရပါတယ်ဘုရား။ အဲဒီလို စွန့်ပယ်ခံရသော တိုင်းရင်းသူတို့၏ စိတ်ဓာတ်မြှင့်တင်ရေး ဆောင်ရွက်ခြင်းများကို တပည့်တော်တို့ဘက်မှ လျစ်လျူရှုခံထားရပါတယ်ဘုရား။
ဒီထက်စိုးရိမ်မိတာကတော့ သူတို့ရဲ့ ယုတ်မာရက်စက်တတ်တဲ့အကျင့်ဟာ ရွှေလီမြို့မှာ လူဦးရေ တိုးပွားအောင် စုဆောင်းလျက် နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့၊ နမ့်ခမ်းမြို့နှင့် အနီးအနားကျေးရွာများသို့ ရုတ်တရက်ပြန်လည် ဝင်ရောက်ပြီး ရခိုင်ပြည်မှာကဲ့သို့ စော်ကားတိုက်ခိုက်ခဲ့လျှင် တပည့်တော်တို့ ပြည်ထောင်စုဖွား တိုင်းရင်းသားများကို မည်သို့မည်ပုံ ကာကွယ်ရမည်ကို ညွှန်ပြပေးတော်မူကြပါ သံဃာတော် အရှင်သူမြတ်အပေါင်းတို့ ဘုရား။

1544_274319102711605_1223302179_n984141_274319092711606_969934629_n

 

U WIRA THU 4.JUNE 2013

“တိုင်း/မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊ ကျောင်းထိုင်ဆရာတော်များ အမှူးပြုသော ဘာသာရေး၊ လူမှုရေး၊ ပရဟိတအသင်းအဖွဲ့ ဦးဆောင်ပုဂ္ဂိုလ်များသို့ လျှောက်ထားပန်ကြားလွှာ”
=====================================
အမျိုး၊ ဘာသာ၊ သာသနာနှင့် တိုင်းပြည် လူမျိုးမကွယ်ပျောက်စေရေး တာဝန်သိသူတိုင်း အမျိုးသားရေးအသိ၊ သတိ၊ ပညာဉာဏ်ဦးစီးလျက် ဗုဒ္ဓအလိုကျ မိမိတို့ရပ်ရွာ၊ မြို့နယ်ဒေသအသီးသီးတွင် တာဝန်ကိုယ်စီရှိကြသည်ဟု ခံယူချက်ဖြင့် အောက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဦးဆောင် ဆောင်ရွက်တော်မူကြပါရန် ရိုသေစွာ တောင်းပန်လျှောက်ထားပန်ကြားအပ်ပါသည်။ အရှင်မြတ်တို့နှင့် သူတော်ကောင်း အပေါင်းတို့ …..။
လုပ်ငန်းစဉ် (၁)
- ဗုဒ္ဓအဆုံးအမများနှင့် ဗုဒ္ဓယဉ်ကျေးမှုကို သိရှိနားလည် တန်ဖိုးထား လိုက်နာကျင့်သုံးနေထိုင်၍ ယဉ်ကျေးလိမ္မာသော၊ ထူးချွန်ထက်မြတ်သော လူကောင်းလူတော် မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းပေါ်ပေါက်စေရေး၊
- မျိုးဆက်သစ်လူငယ်များ၊ အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုအစဉ်အလာများနှင့် ဝံသာနုရက္ခိတ စိတ်ဓာတ်များကို ခိုင်မာစွာ ထိန်းသိမ်းစောင့်ရှောက်တတ်စေရေး၊
- မျိုးဆက်သစ်လူငယ်များတွင် လောကအကျိုး စွန့်လွှတ်ပေးဆပ်တတ်သော ပရဟိတစိတ်ဓာတ်များနှင့် မိမိကိုယ်ကို တာဝန်ယူတတ်သော စိတ်ဓာတ်များ ဖြစ်ထွန်းရှင်သန်လျက် ဗြဟ္မစိုရ်တရားများ ထွန်းကားသော ငြိမ်းချမ်းသာယာသည့် လူ့ဘောင်လောကအဖြစ် အလှဆင် ရှင်သန်နေထိုင်ရေး၊
ကလေး၊ လူငယ်အရွယ်များမှ စတင်၍ နှလုံးသားဝယ် ဘုရားတည်စေနိုင်ရန်၊ တစ်ပတ် (၁)ရက် တစ်နေ့ (၂)နာရီမျှ ဘုရား၊ ကျောင်း၊ ကန်၊ ဘာသာရေး နေရာဌာနများတွင် ကလေးလူငယ်များ စုစည်းစေလျက်၊
(က) အသက်(၁၅)နှစ်အောက် ကလေးငယ်များအတွက် ဓမ္မကျောင်းတော် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်တက်ရောက်စေခြင်း။
(ခ) အသက်(၁၅)နှစ်အထက် လူငယ်များအတွက် ဗုဒ္ဓဘာသာလူငယ်စကားဝိုင်း (အမြင်ဖွင့်၊ အသိပညာပေး ဆွေးနွေးပွဲ)များ၊ ဝတ်တက်၊ ဝတ်ရွက်ခြင်းများ ပြုလုပ်ပေးခြင်း။
လုပ်ငန်းစဉ် (၂)
အမျိုးတူ၊ ဘာသာတူ အချင်းချင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးမှအစ အတတ်နိုင်ဆုံး ရိုင်းပင်းကူညီစောင့်ရှောက်ရေး၊ ဝံသာနုရက္ခိတ စိတ်ဓာတ်ရှင်သန်ရေး ဆရာတော်၊ သံဃာတော်များမှ ဆွမ်းစား ကွမ်းစား ရေစက်ချတရားများတွင်မှ စ၍ ဒကာ၊ ဒကာမအား ဟောကြားစည်းရုံးခြင်း။
အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ ဘာသာမှ တစ်ခြားဘာသာသို့ ကူးပြောင်းသွားလျက် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသူများကိုလည်း ပစ်ပယ်မထား ညီရင်းအကို မောင်ရင်းနှမ ရင်ဝယ်မွေးဖွား သားသမီးပမာ မေတ္တာထားလျက် ထွေးနွေးကြင်နာ ကရုဏာဖြင့် ဝိုင်းဝန်းစောင့်ရှောက်ပေးခြင်း။
လုပ်ငန်းစဉ် (၃)
ပဋိပက္ခများ ကြီးထွားမှုသည် အခြေအမြစ်မခိုင်မာသော ကောလဟာလသတင်းများနှင့် ပညာဉာဏ်အားနည်းမှုတို့ကို အရင်းခံသဖြင့် အမျိုး၊ ဘာသာ၊ သာသနာနှင့် အကြမ်းဖက်မှုများ ကာကွယ်ရန်အတွက် ပုဂ္ဂိုလ်၊ ဂိုဏ်းဂဏ၊ အဖွဲ့အစည်း အစွဲမထားရှိကြဘဲ အမျိုးသားရေး တာဝန်အဖြစ် ဆရာ၊ ဒကာ အားလုံးညီညွှတ်စည်းလုံးစွာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်မြို့နှင့်တစ်မြို့ ချိတ်ဆက် ဆယ်သွယ်ပူးပေါင်း ဆောင်ရွက်ကြခြင်း။
(နောင်သမိုင်း မရိုင်းစေရန်၊ သတိကြီးကြီး၊ ဉာဏ်ကြီးကြီးဖြင့် စောင့်ရှောက်ရန်)
လုပ်ငန်းစဉ် (၄)
အမျိုး၊ ဘာသာ၊ သာသနာနှင့် တိုင်းပြည်လူမျိုးနှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးစေမည့်အရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ပြိုကွဲစေမည့်အရေး၊ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ရန် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းကာကွယ်နိုင်ရေး။
နိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ စုပေါင်း မေတ္တာရပ်ခံ တင်ပြခြင်း။
အထက်ပါလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သောအခြေအနေ အချိန်အခါသို့ ကျရောက်နေပြီ ဖြစ်သဖြင့် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်တော်မူကြပါရန် ရိုသေစွာ လျှောက်ထားပန်ကြားအပ်ပါသည်။

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့

8673_274302269379955_508181400_n600746_274301789380003_1287609628_n936804_274302109379971_34668873_n

About these ads
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 3,452 other followers

%d bloggers like this: