Skip to content

President U Thein Sein arrives Oslo

February 26, 2013

နေပြည်တော်ဖေဖော်ဝါရီ၂၆

 

602190_3898405958554_2145031084_n733868_3898361597445_33839876_n

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နော်ဝေ ၊ဖင်လန် ၊သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီးသွားရောက်ရန်အတွက် ဖေဖော်ဝါရီ(၂၅)ရက် နံနက်ပိုင်းတွင်နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းအထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီးရန်ကုန်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညပိုင်းတွင် ရောက်ရှိသည်။

နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှMr. IsornPocmontri နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ဝင်း၊ စစ်သံမှူးဗိုလ်မှူးကြီးဝင်းမောင်နှင့် သံရုံး၊စစ်သံရုံးတို့မှဝန်ထမ်းများက ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ထိုင်းလေကြောင်းခရီးစဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ဖေဖော်ဝါရီ(၂၆)ရက် ဒေသစံတော်ချိန် နံနက်(၆)နာရီ(၁ဝ)မိနစ်တွင် နော်ဝေနိုင်ငံ အော်စလိုမြို့ သို့ရောက်ရှိသည်။

နိုင်ငံတော်သမ္မတအား နော်ဝေနိုင်ငံသံတမန်ဌာန အကြီးအကဲMs. Merete Brattested၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Mr. KatjaNordgaard၊ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် သံရုံးဝန်ထမ်းများက အော်စလိုအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ခေတ္တတည်းခိုမည့် အော်စလိုမြို့ရှိ Hotel Continental သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိသည်။

 

About these ads
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 3,597 other followers

%d bloggers like this: