Buddhist Strength Force -NO HALAL
သီရိလင်္ကာတွင် သဘောထားတင်းမာသည့်
ဗုဒ္ဓဘာသာဝင် အဖွဲ့ တစ်ခုက အစားအစားများနှင့်
ကုန်ပစ္စည်းများတွင် မူဆလင်တို့၏ ဟာလာ အမှတ်
တံဆိပ် ထည့်သွင်းမှု ပပျောက်ရေး ဆန္ဒပြ
Monday, 18 February 2013
သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလမ်ဘိုတွင် ဆင်ဟာလီ
လူမျိုး သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာအုပ်စု
တစ်ခုသည် နိုင်ငံ၌ အစားအသောက် များနှင့် အခြား
ကုန်ပစ္စည်းများတွင် မူဆလင်ဘာသာဝင်တို့၏ ဟာလာ
အမှတ်အသား ထည့်သွင်းသည့်စနစ် ပပျောက်ရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ဗောဒုဘာလဆီနာခေါ် ဗုဒ္ဓဝါဒီစွမ်းအားအဖွဲ့  Buddhist
Strength Force က ဟာလာအမှတ်အသား ပပျောက်ရေး အပါအဝင် နိုင်ငံခြားမှ ဘာသာရေးဝါဒဖြန့်သူများလည်း
တစ်လအတွင်း တိုင်းပြည်မှ ထွက်ခွာသွားသင့်ကြောင်း
ပြောဆိုခဲ့သည်။

ယမန်နေ့က ပြုလုပ်ခဲ့သော မြို့တော်ကိုလမ်ဘို ဆင်ခြေ
ဖုံးရှိ ဆန္ဒပြပွဲသို့ ထောက်ခံသူများထောင်နှင့်ချီ၍ တက်
ရောက်ခဲ့ကြပြီး ၎င်းတို့၏တောင်း ဆိုမှုများမှာ နိုင်ငံတွင် ဘာသာရေးတင်းမာမှုများ မြင့်တက်လာချိန်တွင် ဖြစ်ပေါ်
လာခဲ့ခြင်း ဖြစ်သည်။
ယင်းအဖွဲ့ သည် ယခင်ကလည်း မူဆလင်ဗလီများ၊ မူဆလင်ဘာသာဝင်များပိုင်ဆိုင်သောစီးပွားရေးလုပ်
ငန်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများ၊ ဘုန်းတော်
ကြီးများကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း
ကိုလမ်ဘိုရှိ ဘီဘီစီသတင်းထောက် ချားလ်စ် ဟာဗီလန့်က
ပြောကြားသည်။
ယမန်နေ့က ချီတက်တောင်းဆိုမှုများတွင် အမျိုးသား၊ အမျိုးသမီးထောင်ပေါင်းများစွာ ပါဝင်ခဲ့ပြီး အဖွဲ့ ၏ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဟောကြားသော
တရားများကိုလည်း နားထောင်ခဲ့ကြသည်။
ဆန္ဒပြမှုတွင် ခေါင်းဆောင်သူများက ဟာလာတံဆပ်
တပ်ထားသော အသားများကို သပိတ်မှောက်၍ ဝယ်ယူ
ခြင်းမပြုရန် ဧပြီလမှစ၍ ဆိုင်များတွင် ဟာလာအမှတ်
တံဆိပ်ပါ ကုန်ပစ္စည်းများကို ဖယ်ရှားပေးရန် တောင်းဆို
ခဲ့ကြသည်။
အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ဘုန်းတော်ကြီး
ဂါလဘောဓ အဿသီ ဂန်နာစာရက ဘုန်းတော်ကြီးများ
သည်သာ ဆင်ဟာလီလူမျိုးများကို ကယ်တင်နိုင်မည်ဖြစ်
ကြောင်း၊ ခရစ်ယန်နှင့် မူဆလင်အစွန်းရောက်များသည် ဗုဒ္ဓဘာသာဝင်များကို ခြိမ်းခြောက်နေကြောင်း၊ မိမိတို့
နိုင်ငံသည် ဆင်ဟာလီတိုင်းပြည်ဖြစ်၍ မိမိတို့သည်
တိုင်းပြည်၏ တရားမဝင်သော ရဲတပ်ဖွဲ့ ပင်ဖြစ်ကြောင်း
ပြောကြားသည်။
သီရိလင်္ကာ သမ္မတ မဟင်ဒရာရာဂျပက်ဆာကမူ
ဘုန်းတော်ကြီးများအား ဘာသာရေးအမုန်းပွားမှုနှင့်
အကြမ်းဖက်မှုများတွင် မပါဝင်ရန် တိုက်တွန်းထား
သော်လည်း နိုင်ငံတွင် ဘာသာရေးတင်းမာမှု အခြေ
အနေမှာ အလွန်ဆိုးရွားနေကြောင်း အတိုက်အခံ
နိုင်ငံရေးသမားတစ်ဦး က ပြောကြားသည်။
သီရိလင်္ကာ၏ လူဦးရေ သန်း၂၀ တွင် လေးပုံသုံးပုံမှာ
ဗုဒ္ဓဘာသာဝင် ဆင်ဟာလီလူမျိုးများ ဖြစ်ပြီး မူဆလင်
များမှာ လူဦးရေ၏ ၁၀ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း
သိရသည်။
Ref: BBC
The Myanma Age
————ရတနာဓါတ်ငွေ့ ပိုက်လိုင်းပြုပြင်ရေးကြောင့်
မီးမပျက်ရန် ထိုင်းစွမ်းအင်ဝန်ကြီး လျှပ်စစ်
ကုမ္ပဏီများနှင့် အစည်းအဝေးပြုလုပ်မည်
ဘန်ကောက်၊ ဖေဖေါ်ဝါရီ ၁၈။

ထိုင်းစွမ်းအင်ဝန်ကြီး ပုန်ဆက်ရက်ကထာပုန်ပိုင်
ဆယ်သည် လာမည့်ဧပြီ ၄ မှ ၁၂အထိ မြန်မာရှိ
ရတနာဓါတ်ငွေ့ ပိုက်လိုင်းပြုပြင်ရေးကြောင့် ထိုင်းသို့ 
ဓါတ်ငွေ့ ပို့လွှတ်မှု ထိုရက်ပိုင်းအတွင်း ပြတ်လပ်မှုကို
ပြင်ဆင်နိုင်ရန် သက်ဆိုင်ရာ လျှပ်စစ်ဓါတ်အားပေး
ကုမ္ပဏီများနှင့် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်
ကြောင်း သိရသည်။
မြန်မာသည် ထိုင်းသို့ ယင်းဓါတ်ငွေ့ပိုက်လိုင်းမှ
တစ်နေ့လျှင် ဓါတ်ငွေ့ပမာဏ ၁ဒဿမ ၁ ဘီလီယံ ကုဗပေပို့ လွှတ်ပေးနေခဲ့ခြင်း ဖြစ်သည်။ သို့သော်
ဧပြီလအတွင်း ရတနာ ဓါတ်ငွေ့ ပိုက်လိုင်း အချို့
နေရာများတွင် ပြုပြင်မှုများ လုပ်ဆောင်မည်ဖြစ်
သောကြောင့် တစ်ပတ်ခန့်ပိုက်လိုင်း ကို ရပ်နားမည်
ဖြစ်သည်။
ထိုင်းဝန်ကြီးက ပြည်တွင်း လျှပ်စစ်ဓါတ်အားပေးကုမ္ပဏီ များနှင့် တွေ့ ဆုံပြီး မြန်မာမှ ဓါတ်ငွေ့ပို့ပေးမှု လျော့ကျချိန်
တွင် ပြည်တွင်း၌ ဓါတ်အား ချွေတာရေး၊ ဒီဇယ်စွမ်းအင်သုံး ဓါတ်အားပေးစက်များ အစားထိုးအသုံးပြုရေးတို့ကို ညွှန်ကြားဆွေးနွေးသွားမည်ဟု သိရသည်။
Ref: pattayamai

