BURMESE MIGRANT WORKER FREED FROM ROOM UNDERGROUND AT MAHACHAI-engl/burmese
One Burmese was keep this small room under ground . This is Sundit prwan Factory in Mahachai ( naywat) near BKK . Who ,owner or leader , they keep this room If they punish worker . keep 3 or 4 day in undergrond . Last 7 month ago, Myanmar worker in Thai assocation help those 146 workers send back to Burma with AHTD ( Authority of Human Trafficking Thai-Gov) . They try to charge factory Owner to Justice . They keep Ma Win ( she has 2 child in Myawaddy ) in Re. camp in PaHtunHtaNi city. Nobody help her and she wasn,t paid. Many come to thailand for work . She is still in camp waiting for personal Documents.
————
နေ့စဉ် နံနက်၃နာရီမှာ အိပ်ရာကထပြီးတော့၎နာရီမှာအလုပ် ၀င်ရပါတယ်။
နေ့လည်၁၂ နာရီ မှာ အလုပ်နား ထမင်းစားရတယ်။ ညနေ ၉နာရီလောက်အထိ အလုပ်လုပ်ရ တယ်။ ဒီလောက် အလုပ် လုပ်ရတာ လုပ်အားခ ၁၀ ဘတ်စီပဲရတယ်။ပွဲစားတွေ ချက်ကျွေးတာတွေကိုပဲ ကျမတို့စားရတယ်။ ၀က်ရိုး၊ကြက်ရိုးတွေကို ဗူးသီး ခရမ်းသီးတွေနဲ့ ရောပြုတ်တာတွေကိုပဲ စားရ တယ်။ ထမင်းစားလို့ မကောင်းလို့ လဘက်သုတ်လေးဘာလေး စားချင်လို့လည်း မစားရဘူး။ ကြက်သွန်ကလေးဘာလေး စားချင်လို့လည်းမစားရဘူး။ အဆာပြေ သွားရည်စာ မန်ကျည်းစေ့ ကိုစားရ တယ်။
နေမကောင်းလို့လည်း ဆေးမကုရဘူး။ ရောဂါများရင်တောင် အစောင့်တွေ အများကြီး နဲ့ သွားရတယ်။ ကျမပင်ပန်းလွန်းလို့ အလုပ်မဆင်းပဲနေလို့ပွဲစား ကျော်စိုး ကသံတုတ်နဲ့ ရိုက်တာ ခံခဲ့ရတယ်။ မလုပ်နိုင်တဲ့သူ ဂျစ်ကန်ကန် ပြန်ပြောသူနဲ့ ထွက်ပြေးဖို့ကြံစည် တဲ့လူတွေ ကို မြေအောက်ခန်းမှာ ထမင်း မကျွေး ရေမတိုက်ပဲ တစ်ရက် နှစ်ရက်ထားပစ်လိုက်တယ်။ တကယ့်ငရဲခန်းပါပဲ။ကျမတို့ လုပ်သမျှ ပိုက်ဆံတွေကို ပွဲစားတွေက သိမ်းတယ်။ အလုပ်လုပ်တာ ငွေအရ နည်းရင် ပွဲစားတွေက ခုံပေါ်ကထိုင်တယ်။ ကျမတို့က ပွဲစားတွေ ပါးရိုက်ဖို့မျက်နှာကိုလှည့်ပေး ရတယ်။ သားသမီးနဲ့ မိဘတွေဆီကို တပြားမှ မပို့နိုင်ပဲ အဲဒီပုဇွန် အလုပ်ရုံမှာ ကျမတို့ လင်မယား ၁၃ လ ကြာလုပ်ခဲ့ရပါတယ်။
ကျမတို့ဆီမှာ ၇လလောက် အလုပ်လုပ်နေခဲ့ ကိုမြင့်ဦး ဆိုသူကို ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်သားများအဖွဲ့ MAT အဖွဲ့က လာရွေးထုတ်သွားတယ်။ အယင် ကတည်းက ကိုမြင့်ဦး ကဖုန်းနဲ့ဆက် ပြီးတော့ သတင်းပေးထားတာ။ ကိုမြင့်ဦး မိသားစုတွေ
ပေးပို့တဲ့ငွေနဲ့ ဒီအဖွဲ့က လာရွေးတော့ ကျမတို့ အလုပ်ရုံ တွင်းက အခြေအနေတွေကို MAT အဖွဲ့က အကုန်သိသွားခဲ့တယ်။“ကယ်ထုတ်ကြခြင်း”
=============
မေလ ၁၅ ရက်နေ့မှာ သမီးတို့ အလုပ်ရုံကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့AHTD နဲ့ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များ အဖွဲ့ MAT တို့ စီးနင်းဝင်ရောက် ကယ်တင်ခဲ့တာ ကျမတို့ အလုပ်ရုံ ထဲကအလုပ်သမား၁၄၆
ယောက် ဖြစ်တယ်။
အခြားအလုပ်သမားတွေ ရက်ပိုင်း လပိုင်းအတွင်း မြန်မာပြည်ကို ပြန်သွားကြတယ်။ တချို့ဆို ထိုင်းနိုင်ငံကို ပြန်လာလို့ အလုပ်တောင်လုပ်နေပြီလို့သိရတယ်။ ကျမက ပုဇွန် အလုပ်ရုံထဲက ဆိုးဝါးတဲ့ အခြေအနေကို တိတိကျကျ ပြောပြနိုင်တာကြောင့် အစိုးရ သက်သေအဖြစ် ပထုံဌာနီ ကယ်ဆယ်ရေး စခန်းထဲကိုပို့လိုက်တယ်။
“သကြားရည်လူးထားတဲ့တိုင်းပြည်မှာ စံမြန်းရခြင်း”
========================
နုတ်သီးကောင်း လျှာပါးတဲ့ ကျမ ခုတော့ သကြားရည်လူး တဲ့နေရာကိုရောက်နေ ရပြီ။ ဦးကျော်သောင်း ဆိုတဲ့ လူကြီးလည်း ကျမတို့ကို ပုဇွန်ရုံ ငရဲအိုးထဲက လာပြီးတော့ ခေါ် ထုတ်ပါရဲ့။ ကျမတို့ကို ကယ်ဆယ်ရေးစခန်းထဲ တခါမှ လာမတွေ့ဘူး။ ငါးပိစားတဲ့ ကျမတို့ ဗမာတွေရဲ့ပါးစပ်မှာ အဲဒီ ကယ်ဆယ်ရေးစခန်း ထဲက သကြားရည် နဲ့ ချက်ပြုတ် ကြော်လှော် တာတွေနဲ့ စားရ ရတာ အချိန်ကြာလာတော့ စိတ်တွေ ထိခိုက်လာရတယ်။ တစ်နေ့ပြန် ရနိုး နဲ့ မျှော်လင့်နေတာလည်း သုံးလကျော်ခဲ့ပြီဖြစ်တယ်။
လူကုန်ကူးခံရသူတွေကို စောင့်ရှောက်တဲ့ဂေဟာလို့ သာပြောတာ။ အမှန်က အကျယ်ထောင် တစ်မျိုးပဲ။ ကျမတို့က ဆင်းရဲလို့ ဒီတိုင်းပြည်လာအလုပ် လုပ် တာ အလုပ်လည်းမလုပ်ရ၊၀င်ငွေလည်း မရှိတော့ ကျမတို့စိတ်ဓါတ်ကျလာကြတယ်။ ကျမတို့ သက်သေ အဖြစ်နေကြတဲ့ လင်မယား ၄တွဲမှာ ၄ယောက်က ထိုင်းနိုင်ငံ အတွင်း နေထိုင် ခွင့်ထောရောစာရွက်ပါတယ်။ ပတ်စပို့လျှောက်ပါရစေလို့ ပြောတာကို စခန်းလူကြီးတွေက လက်မခံဘူး။ လုပ်မပေးဘူး။ မြန်မာပြည်က လူမှုဝန်ထမ်းအဖွဲ့တွေ လာတယ်။ အမြန်ဆုံးပြန်ခေါ်မယ်လို့ ပြောပြီး ပြန်သွားကြတာပဲ
။ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ အဲဒီနိုင်ငံတကာအင်ဂျီအိုကြီးတွေမှာ လုပ်နေတဲ့ ဘယ်လိုလူစားမျိုး လို့ ပြောရခက်တဲ့ မြန်မာအရာရှိဆိုသူတွေ (သကြားရည်လူထားတဲ့ မျက်နှာနဲ့လူတွေ)လည်း ဟိုမေးဒီမေး ပြီး ပြန်သွားကြတာပဲ။
ကျမစိတ်အထိခိုက်ဆုံးအရာတစ်ခုကို ပြောပါရစေ။ ကျမတို့ ကို နှိပ်ကွပ်တဲ့ ပွဲစား ကျော်စိုး ကို ကျမတို့ ရှေ့မှာပဲ ခြောက်လုံးပြူး တစ်လက်၊မြင်းဆေးတွေနဲ့ မိတယ်။ သူ့ကို သူဌေးက အာမခံနဲ့ ယူသွားတာ အချုပ်ခန်းထဲ တစ်နာရီတောင် မနေခဲ့ရဘူး။ ကျမတို့ လင်မယား ၂ယောက် ၁၃လ လုပ်တာ မဟာချိုင်တရားဝင် နေ့တွက် ခနဲ့တွက်တော့ ဘတ်တစ်သိန်းကျော်ရမယ်။ အဲဒါကို လင်မယား ၂ယောက်လုံးမှ ခြောက်သောင်းပဲပေးတယ်။
သူဌေးကိုယ်တိုင်လာပြီးတော့ ကယ်ဆယ်ရေး စခန်းမှူး နဲ့ ဖိအား လာပေးတယ်။ ကျမတို့ အမှုပိတ် လက်မှတ် ထိုးပေးလိုက်ရတယ်။ ကျမတို့ ဆီကို ရှေ့နေရှေ့ရပ်နဲ့ တိုင်ပင်ပြီး လာချင်တဲ့ ဦးကျော်သောင်း တို့ လာခွင့် တောင်းတာ ဒီနေ့ အထိ ဒီစခန်းက လာခွင့်မပြုဘူး။
နိဂုံးချုပ်လိုက်ရင် လူကုန်ကူးမှုတိုက်ဖျက်ရေး အတွက် ကျမတို့ တတပ်တအား ပါဝင်ကြသူတွေဟာ …………
(၁) အချိန်ကုန်တယ်။
(၂) အလုပ်မလုပ်ရတဲ့အတွက် ၀င်ငွေမရှိဘူး။ ဒါကြောင့် နောက်မှာကျန်နေခဲ့တဲ့ မိသားစုတွေ အခက်အခဲကြုံရတယ်။
(၃) ကျမတို့ကို အချိန်ဆွဲထားတယ်။ စိတ်ဓါတ်ကျလာပြီးတော့ အမှုပိတ်ခိုင်းတယ်။ (၄) ကျမတို့ ဘာနစ်နာကြေးမှ မရပဲ နယ်စပ်ကို ပြန်ရောက်။
. . . . ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေး၊က …ဒါပါပဲ။
ကျော်သောင်း
၂၀၁၂ ခု စက်တင်ဘာ ၂၂
ရွှေလုပ်သား
http://goldenworkers.blogspot.com/


