KACHIN WAR: KIO and Myanmar Gov meeting at Shwe Li
February 4, 2013
ကေအိုင်အို ကချင်အဖွဲ့ နဲ့ မြန်မာ အစိုးရတို့ ဒီကနေ့ တရုပ်နယ်စပ် ရွေလီမြို့ မှာ အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နေပြီး ဒီပွဲမှာ ကေအိုင်အို ဗဟို ဦးဆောင် ကော်မတီဝင် ဦးဆွမ်လွတ်ဂမ်ဦးဆောင်ပြီး ဗိုလ်ချုပ်ဂွမ်မော်နဲ့ တခြား တာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။အစိုးရဘက်က ငြိမ်းချမ်းရေးအဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်း ခေါင်းဆောင်ပြီး မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်နဲ့ 
အကျိုးတော်ဆောင် ဦးလှမောင်ရွေတို့ လဲ ပါဝင်ပါတယ်။ ထူးခြားတာက ကြားခံလူတွေအဖြစ် တိုင်းရင်းသားခေါင်းဆောင် ကေအင်န်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုး။ ကေအင်န်ယူ အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းနဲ့ ရှမ်းအဖွဲ့ ဖြစ်တဲ့ RCSS ခေါင်းဆောင်တချို့ လဲ ဆွေးနွေးပွဲအတွင်း ပါဝင်ပါတယ်။
ဒီတစ်ခေါက် ရွှေလီတွေ့ ဆုံ ပွဲမှာ ထူးခြားတာက ကြားခံလူတွေအဖြစ် တိုင်းရင်းသားခေါင်းဆောင် ကေအင်န်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုး ကို တွေ့ ရတာပါ။ မည်သည့် ရည်ရွယ်ချက်ဖြင့် ပါဝင်လာကြောင်း မသိရသေးပါ။ အလားတူ ကေအင်န်ယူ အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းနဲ့ ရှမ်းအဖွဲ့ ဖြစ်တဲ့ RCSS ခေါင်းဆောင်တချို့ လဲ ဆွေးနွေးပွဲအတွင်း ပါဝင်လာခဲ့ပါတယ်။
No comments yet




