LAD PADAUNG COPPER MINING PROTEST NEWS 29.JANUARY-VIDEOS
“ယနေ့(29-1-2013)နေ့ညနေပိုင်း လက်ပန်းတောင်းတောင်အရေးအခင်း သပိတ်စခန်း ရက်စက်ယုတ်မာစွာဖြင့် ဖြိုခွင်းခဲ့သော (၂)လပြည့်အထိမ်း အမှတ် ဆန္ဒထုတ်ဖော်ပွဲသို့ သတင်းရယူနေသော သတင်းထောက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခြိမ်းခြောက်၍ ဓာတ်ပုံမရိုက်ရန် ဟန့်တာ…းခဲ့ဟုဆို”
“သတင်းရယူတဲ့ သတင်းထောက်တွေကို ရဲတွေက မျက်နှာရှေ့တည့်တည့် ကနေပြီး ဓာတ်ပုံရိုက်ပါတယ်။ဗွီဒီယိုရိုက်ပါတယ်။ နောက်ကနေပြီးအခုလို ဆောင်ရွက်ရန် ညွန်ကြားတဲ့ရဲက လက်ကိုင်လော်စပီကာနဲ့ အော်ဟစ်ပြီး အမိန့်ပေးခဲ့ပါတယ်။ရဲတွေက အခုလိုလုပ်တာဟာ နိုင်ငံတော်သမ္မတ သိန်းစိန် ရဲ့ ခေါင်းကို ငယ်ပါနဲ့ တက်ထိုးတာနဲ့တူပါတယ်။
ငါချီးလည်းစားသေး ငါ့လည်းဟောင်သေး ဆိုတဲ့ခွေးထက်ကို ဆိုးပါတယ်။ ကျေးဇူးကန်းတဲ့ခေွးမိုက်လို့ ပြောရမှာတောင် ကျေးဇူးကန်းတဲ့ခွေးမိုက် သိက္ခာ ကျမှာပါ။ ပြည်သူကပေးတဲ့ လစာတွေစားပြီး ပြည်သူတွေကို စော်ကားနေ တာပါ။ ကျွန်တော်တို့ မီဒီယာသမားကလည်း ပြည်သူထဲက ပြည်သူပါဘဲ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အခုလိုလုပ်ရပ်တွေမျိုးတာဆက်လုပ်နေမယ်ဆိုရင်
သမ္မတကြီးလက်နဲ့ရေး ရဲကခြေနဲ့ဖျက်ဆိုတဲ့ ကိန်းဆိုက်နေပါပြီ။ သမ္မတကြီး လည်း ဘာမှအဆင့်မရှိဘူး ငါတို့ရဲတွေ လုပ်ချင်တာလုပ်မယ် ဆိုတဲ့သဘော ကိုဆောင်နေတယ်။ နိုင်ငံတော်ရှေ့ဆက်သွားမဲ့လမ်းက ရဲဖျက်လို့ ပျက်မှာ ပါ ။” သတင်းတက်ရောက်ယူတဲ့ သတင်းသမားတစ်ဦးကဆိုပါတယ်။
မီဒီယာတွေကို ဗွီဒီယိုကင်မရာနဲ့ ရိုက်ကူးနေစဉ်ပုံ။


