နိုင်ငံသားဖြစ်ခွင့် မရသော ဘင်္ဂါလီများကို ထိမ်းသိမ်းစခန်းဖြင့် ထားရန် ရခိုင်ဒေသခံများ အစိုးရကိုတောင်းဆို Rakhine Citizen Journalists
December 21, 2012
21.DECEMBER 2012နိုင်ငံသားဖြစ်ခွင့် မရသော ဘင်္ဂါလီများကို ထိမ်းသိမ်းစခန်းဖြင့် ထားရန် ရခိုင်ဒေသခံများ အစိုးရကိုတောင်းဆိုရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေ အတိုင်းစိစစ်ပြီး နိုင်ငံသားဖြစ်ခွင့်ရသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး ဖြစ်ခွင့်မရသေးသူများကို ထိမ်းသိမ်းစခန်းဖြင့် ထားရန် ရခိုင်တိုင်းရင်းသားများက အစိုးရကတောင်းဆိုလိုက်သည်။ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယားနှင့် လ၀က ၀န်ကြီး ဦးခင်ရီ ဒီဇင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် သွားရောက်ခဲ့သော ရခိုင်ခရီးစဉ်တွင် ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ထိမ်းသိမ်းစခန်းနှင့် ထားရန် အပြင် တတိယနိုင်ငံက လက်ခံပါက ပေးပို့ရန် တောင်းဆိုထားသည်။
၎င်းတို့၏ မြေပုံမြို့ ခရီးစဉ်တွင် ရခိုင်နှင့် ဘင်္ဂါလီများနှင့် တွေ့ဆုံခဲ့ပြီး အတူယှဉ်တွဲနေထိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ရာ ရခိုင်တိုင်းရင်းသားများက ငြင်းဆိုခဲ့သည်။
ဓါတ်ပုံ – နယ်စပ်ရေးရာ ၀န်ကြီးဌာန
ပေါက်တောမြို့တွင်တွေ့ရှိရသော ဘင်္ဂါလီများ
No comments yet


