For understanding_ Daw Aung San Suu Kyi’s on Latpadaung copper mine project
November 29, 2012
ဒေါ်အောင်ဆန်းစုကြည်ကလက်ပန်တောင်းတောင်ကိစ္စနဲ့ပတ်သပ်ပြီးမီဒီယာတွေရဲ့အမြင်ကိုမေးမြန်းဆွေးနွေးစဉ်မှာသူတခုပြောခဲ့တာတော့ရှိတယ် အဲ့ဒါက ” ကိစ္စတိုင်းမှာ Demonstration နဲ့ချည်းသွားလို့မရဖူး၊ Negotiation နဲ့သွားနိုင်အောင်လုပ်ရမယ်” လို့ဆိုတာပါပဲ။ (ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် Media ကန်တင်း၊ ၂၃၊၁၁၊၁၂)
SOME GROUPS want to destroy the negotiation. Also MILITARY – NOT THEIN SEIN GROUP – want to rule.That’s why Daw Suu said don’t always demonstrate, negotiate - We need to consider the fact that there are people out there who want to destroy the national reconciliation. They will do whatever it takes to control. We need to work cleverly.
From face Book of Thiha Thwe’s status.ဒေါ်အောင်ဆန်းစုကြည်ပြောတာလည်းသင့်မြတ်ပါတယ်၊ နိုင်ငံတ
ကာနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေကိုခဏခဏဖျက်တာဟာရင်းနှီးမြှုတ်နှံသူတွေကိုနောက်တွန့်စေတယ်ဆိုတာဟာမှန်ပါတယ်။ဒါပေမယ့်၊ အမှောင်ခောတ်မှာတိတ်တဆိတ်၊လက်သိပ်ထိုးချုပ်ဆိုခဲ့တဲ့စာချုပ်တွေကိုတော့ပြန်သုံးသပ်သင့်တယ်။ ဒါဟာပါယ်ဖျက်ဖို့ဆိုတာထက်မတရားလုပ်မှုတွေ၊မသမာမှုတွေ ဖေါ်ထုတ်ဖို့ – ကျေးဇူးရှင်တွေလားအချောင်သမားတွေလားထင်ထင်ရှားရှားသိရဖို့၊ ဆောင်ရွက်ဆဲစီမံကိန်းတွေကို အနည်းဆုံးလွှတ်တော်အဖွဲအစည်းတွေကိုလေ့လာသုံးသပ်ခွင်ပေးရမယ်။ ဒါဟာဆက်လက်ဆောင်ရွက်မယ့်စီမံကိန်းတွေအတွက်လည်းစံပြဖြစ်သွားမှာဖြစ်ပါတယ်။ပြီးတော့ဘယ်သူကကျေးဇူးရှင်လဲ၊ဘယ်သူကခွချက်လဲဆိုတာလည်းမျက်ဝါးထင်ထင်တွေမြင်ရမှာလည်းဖြစ်ပါတယ်။From face Book of Thiha Thwe’s status.”အခုလက်ပံတောင်း တောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီး သွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက် ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရမယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ တင့် တယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည် ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မဝင်စား နိုင
်တော့ဘူး” ”အစိုးရအနေနဲ့ ပွင့်လင်း မြင် သာမှုရှိဖို့ လိုတယ်။ အစကတည်းက ပွင့်လင်းမြင်သာမှုရှိခဲ့ရင်ဒီလိုပြဿနာ တွေမဖြစ်ဘူး။ အခုက ဒီမိုကရေစီ မရခင်ချုပ်ခဲ့တဲ့ စာချုပ်တွေကို ဒီမို ကရေစီခေတ်မှာ ပြန်ရှင်းရတာဆို တော့ နည်းနည်းတော့ အရှုပ်အရှင်း ရှိတယ်။ ကိုယ့်ဘာသာကိုယ် လိုလို ချင်ချင်နဲ့ပေးထားတဲ့ ကတိ ကိုယ့် ဘာသာကိုယ် လိုလိုချင်ချင်နဲ့ လုပ် ထားတဲ့ အလုပ်တစ်ခု သဘောတူညီ ချက်တစ်ခုကို ဖျက်ဆိုတာကတော့ အင်မတန်မှ စဉ်းစားချင့်ချိန်ရမယ့် ကိစ္စပဲ” ( ဒေါ်အောင်ဆန်းစုကြည်)အေးချမ်းမွန်မှ ဗမါ ဆရါဝင်္န တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်From face Book of Aye Chan Mon

suukyi speech update 30.november 2012
No comments yet