88 Generation Students’ statement on Government Handling the Latpadaung copper mine protest
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုအား
ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းအပေါ် ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်ထုတ်ပြန်
———————————————-
စာအမှတ် – ၃၀/၂၀၁၂(၈၈)
ရက်စွဲ – ၂၉၊ နိုဝင်ဘာ၊ ၂၀၁၂
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း- ၀၁-၅၇၇ ၆၅၆
Email – 88generation@gmail.com
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုအား
ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းအပေါ် ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပါအ၀င် ဆန္ဒပြမှုများအား အကြမ်းဖက် အင်အားသုံး၍ ဖြေရှင်းခြင်းမပြုပါရန် ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်းသားများမှ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ သဘောထား ထုတ်ပြန်ခဲ့ပါသည်။
ယနေ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၉ ရက်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုအား ကိုင်တွယ်ဖြေရှင်းရာ၌ အင်အားသုံးဖြေရှင်းခဲ့ခြင်းကြောင့် ဆန္ဒပြသူများ မီးလောင် ထိခိုက်ဒဏ်ရာရမှု ကြီးမားစွာရှိခဲ့ကြောင်း သိရှိရပါသည်။ ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့်လည်း ဒဏ်ရာရရှိသူများ၊ မိသားစုဝင်များနှင့် ထပ်တူ ထိခိုက်ခံစားကြရပါသည်။ ယင်းဖြစ်ရပ်နှင့်ပါတ်သက်၍ လွတ်လပ်သော စုံစမ်းရေးကော်မရှင် တစ်ရပ် အမြန်ဆုံး ဖွဲ့စည်းစစ်ဆေးပေးရန် ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်းသားများမှ အလေးအနက် တောင်းဆိုလိုက်သည်။
၈၈မျိုးဆက်ကျောင်းသားများ


