Nay Myo Zin interview Ko Tin Soe – brother in law of Ko Kyaw Moe -video
Head of village Ko Win Aung ‘slave beat Ko Kyaw Moe . Ko Kyaw Moe’ eye is damage . They beat and press the villager many year ago . No body help villager. Nay myo Zin ask with interview Ko Tin Soe who is brother in law of Ko Kyaw Moe.
ဓနုဖြူမြို့နယ် အတွင်းမှ အင်းသူကြီး ကိုဝင်းအောင် ဧ။် လက်ပါးစေ လူမိုက်များ လက်ချက်ကြောင့် မျက် လုံး နှစ်ဘက် ပျက်စီးကာ အရေးပေါ် ခွဲစိတ်ရန် ၇န်ကုန် ဆေးရုံကြီးတွင် တင်ပို့ ကုသ နေရပါသည်။
ထို ကဲ့သို့ အင်းသူကြီးများ နှင့် ယင်းတို့ လက်ပါးစေ တို့အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ် နှိပ်စက် နေသည်မှာ ဆယ်စုနှစ်နှင့်ချီ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုမှ ယာလုပ်သား တောင်သူဦးကြီးတို့မှာ ရင်ဖွင့် တိုင်ကြား နိုင်သော မတ်မတ်မားမား ရပ်တည်ပေးသူ များ ရှိလာသဖြင့် ထို မတရားမှုဖြစ်စဉ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ကိုကျော်မိုး အား မည်သူတို့က မတရား အနိုင်ကျင့် ရိုက်နှက်လိုက်သည်။ မည်သို့ ခံစားနေရသည်။ စသည်တို့ အပြင်၊ ယခုလို ဥပဒေမဲ့ လက်နက်ဖြင့် ရိုက်နှက်သူကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကျပ်ငွေ ငါးသောင်းယူပြီး အာမခံဖြင့် လွှတ်ပေးလိုက်ချိန်တွင် အရိုက်ခံရသူ ကိုကျော်မိုး ခမျာ ဆေးရုံပို့ကုသရန် စရိတ် မရှိသောကြောင့် ယောက်ဖ ဖြစ်သူ က ဆိုင်ကယ်ကို ငွေငါးသောင်းနှင့် ပေါင်နှံပြီး ယခု ရန်ကုန် ဆေးရုံကြီးတွင် ကုသရန် စောင့်ဆိုင်းနေသည်။
မျက်လုံးကို ခွဲစိတ် ကုသ ရမည်ဖြစ်ကြောင်း ဆေးစစ်ချက်များ ပေါ်ထွက်လာသည်။ ရိုက်နှက်သူတို့မှာ အာမခံ နှင့် လွတ်မြောက်နေဆဲ့ လား။ တာဝန်ရှိ ရဲတပ်ဖွဲ့ ဘာဆက်လုပ်မှာလဲ။ တရား ဥပဒေ စိုးမိုးရေးကို ဘယ်သူတွေက ဖေါ်ဆောင်မှာလဲ။ ဘယ်သူတွေက ဖျက်ဆီး နေတာလဲ။ ဥပဒေမဲ့ ကျူးလွန်သူတွေကို ဘယ်သူတွေက ကာကွယ်ပေးနေလဲ ဆက်လက် စောင့်ကြည့်ရအုန်းမည်ဖြစ်ပါသည်။
ယခု ဖြစ်စဉ် အသေးစိတ်ကို မတရား ရိုက်နှက်ခံရသူ ကိုကျော်မိုး ဧ။် ယောက်ဖ တော်သူ ကိုတင်စိုးက ရှင်းပြထားပြီး ကိုနေမျိုးဇင်က မေးမြန်းထားခြင်းဖြစ်ပါသည်

