Skip to content

KNU Ceasefire and Peace Talk Progress Report-KNU Press Release final – English-Burmese

February 22, 2012
View this document on Scribd
View this document on Scribd
View this document on Scribd
View this document on Scribd

            
အဖွဲ့အတွင်း တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု လတ်တလော ထွက်ပေါ်နေသည့် သတင်းများမှာ အခြေအမြစ်မရှိသည့် သတင်းများသာဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် KNU ပြော

သတင်းနှင့်ဓာတ်ပုံ – မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ်

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာအစိုးရတို့အကြား လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကြောင့် အဖွဲ့အတွင်း တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု လတ်တလော ထွက်ပေါ်နေသည့် သတင်းများမှာ အခြေအမြစ်မရှိသည့် သတင်းများသာဖြစ်သည်ဟု ယနေ့ပြုလုပ်သည့် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် KNU က ပြောသည်။

KNU ဖားအံခရိုင်ရှိ ကလေးထာ့ တပ်စခန်း၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့၏ တွဲဘက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက “ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထားတွေ ကွဲနေကြတယ်လို့ ပြောနေကြတာ မဟုတ်ပါဘူး။ လုပ်နည်းလုပ်ဟန် ကွဲတာပဲဖြစ်တယ်။ စစ်တိုက်လာတာ ကြာပြီးဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ချင်နေတဲ့အဖွဲ့နဲ့ ထာဝရငြိမ်းချမ်းရေးအစစ်အမှန်ကို ရရှိဖို့အတွက် တဆင့်ပြီးတဆင့် လုပ်ဆောင်သွားဖို့ဆိုတဲ့အဖွဲ့ ဆိုပြီး ဖြစ်နေတာပါ” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်အတွက် KNU အဖွဲ့သည် မြန်မာအစိုးရနှင့် လာမည့် လဆန်းပိုင်းတွင် ဒုတိယအကြိမ် သွားရောက်ဆွေးနွေးရန် ရှိသည်ဟုလည်း ပဒိုစောလှငွေက ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆက်လက် ဆွေးနွေးနိုင်ရန်အတွက် KNU အဖွဲ့က ယနေ့ရက်စွဲဖြင့် အဆင့် ၄ ဆင့်ပါသည့် လမ်းပြမြေပုံကို ထုတ်ဖော်ကြေညာခဲ့သည်။

စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် …

၁။ ပဏာမ အပစ်အခတ်ရပ်စဲရေးအဆင့်
၂။ ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးအဆင့်
၃။ ကနဦး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၊ အခြေခံနိုင်ငံရေးပြဿနာများကို အဖြေရှာရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
၎။ နိုင်ငံရေးအရ ပူးပေါင်းပါဝင်ခြင်းတို့ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲသို့ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများနှင့် နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက် ၂၀ ကျော် တက်ရောက်ခဲ့ကြပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် တွဲဘက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေတို့က အဖွဲ့၏ သဘောထားများကို ရှင်းပြခဲ့ကြသည်။

KNU အဖွဲ့သည် မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေးအဆင့် လက်မှတ်ရေးထိုးခြင်းကို ယခင်လ ၁၂ ရက်နေ့က ဖားအံမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

http://drlunswe.blogspot.com.au/2012/02/knu.html

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 2,706 other followers