UPDATE: U Gambira was taken back to a monastery at 8pm this night – Burmese time
February 10, 2012
U Gambira was taken back to a monastery at 8pm this night – Burmese time
ယနေ့နံနက်ပိုင်းက လယ်တီဝိပဿနာကျောင်းမှာ ခေတ္တသီတင်းသုံး နေထိုင်နေတဲ့ ရွှေဝါရောင် ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့မနက်ပိုင်းက အာဏာပိုင်များမှ ခေါ်ဆောင် သွားခဲ့ပြီး ယနေ့ည ၈နာရီခွဲအချိန်က ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပြီး ယခုအခါ.. မဂ္ဂင်ကျောင်းတိုက်နဲ့ ပြန်လည် သီတင်းသုံးနေပြီ ဖြစ်ကြောင်း သိရှိရပါသည်…။ မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားတယ် ဆိုတဲ့သတင်းကိုတော့ သိရှိရခြင်း မရှိသေးပါ..။
ယနေ့နေ့လည်ပိုင်းက ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း ချိတ်ပိတ်ခြင်း ခံထားရတဲ့ ကျောင်းတိုက်လေးခုအနက်မှ မဂ္ဂင်ကျောင်းတိုက်၊ ရွှေတောင်ကျောင်းတိုက်တို့အား သာသနာရေးဦးစီးဋ္ဌာနနဲ့ အာဏာပိုင်များမှ ပြန်လည်ဖွင့်လှစ် ပေးခဲ့ပြီး သာသနာ့သိပ္ပံ ကျောင်းတိုက်နဲ့ ရတနာဂုဏ်ရည် ကျောင်းတိုက်တို့အား ချိတ်ပိတ်ထးဆဲ ဖြစ်ပါတယ်..။
ဂျပန်နိုင်ငံမှ စေတနာရှင်များရဲ့ အလှူ
မနေ့က လယ်တီဝိပဿနာကျောင်းမှ ယာယီသီတင်းသုံး နေထိုင်နေတဲ့ ဆရာတော် အရှင်ဂမ္ဘီရ
ဂျပန်နိုင်ငံမှ စေတနာရှင်များမှ နဝကမ္မဝတ္ထုအလှူငွေ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်.
ဓာတ်ပုံ၊ သတင်း.. ဒီမိုဝေယံ..
No comments yet







