သူရဲကောင်းတို့ ရဲ့ အမေ
February 10, 2012
စနေနေ့၊ ဖေဖော်ဝါရီလ ၁၁၊ ၂၀၁၂

မန္တလာနွေ
ဒဏ်ရာတို့ နဲ့ ပြည့်နှက်နေတဲ့ လူတယောက်ရဲ့
နောက်ဆုံးအချိန်
အသင့်သတ်မှတ်ပြီသား သေဒဏ်ကို
ရဲဝင့်စွာခံဖို့……………………
… အော်………အားပေးစကားတို့ ဝေးကွာ
ဒို့တစ်တွေဟာ
အတူနေ
အတူသေ ဘ၀တွေမှာ ဆိုပေမယ့်
စကားတစ်ခွန်း တောင်မဲ့နေခဲ့
ကျက်သရေမဲ့ည
သီချင်းကသာ ကုသစားနိုင်မယ်ထင်ရဲ့
ကိုညီ ဆိုခဲ့တဲ့ သီချင်းမှာ
မျက်လုံးအရောင်တွေ တောက်ပလာခဲ့တဲ့
ကိုထွန်းအောင်ကျော်အတွက်ပါ..(Kyaw Gyi AB)
(ပါဂျောင် အကျဉ်းထောင်ရဲ့ ညမှာ ကိုညီညီဟာ
ကိုထွန်းအောင်ကျော် အတွက် သီချင်းတပုဒ်ဆို
ခဲ့ပါတယ်။မသေဆုံးခင်ရက်တွေမှာပေါ့..
ဒီသီချင်းကို ကိုထွန်းအောင်ကျော်၊ကိုညီညီတို့ရဲ့
Wavy Echo ၀ိုင်းက ၁၉၈၆ မှာတီးခဲ့ပါတယ်။
ကိုညီညီရဲ့ စာသား ကိုထွန်းအောင်ကျော်ရဲ့ arrangement
by than htut
No comments yet

