BURMA VJ Media report : Bomb Blasted at Yangon City hall Today
October 30, 2011
ယနေ့ည ၉ နာရီကျော်ခန့်တွင် ရန်ကုန်မြို့ တော်ခန်းမတွင် ဒုတိယအကြိမ်မြောက် ဗုံးထပ်မံပေါက်ကွဲပါတယ်။ မြို့ တော်ခန်းမရဲ့  ဆင်ဝင်နားမှာပေါက်တာဖြစ်ပြီး ပေါက်ကွဲတဲ့အသံတော်တော်ကျယ်၍ မီးခိုးလုံးတွေ ထွက်လာတာကိုပါ မြင်ရတယ်လို့ ဟေမာနွေလ ခရစ်ယာန်ဘုရားကျောင်းနေရာမှနေ ရပ်ကြည့်နေတဲ့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။ပထမတစ်လုံးက ည ၇ နာရီကျော်ခန့်မှာ ပေါက်သွားတာဖြစ်ပြီး ပေါက်ကွဲတဲ့အသံ သိပ်မကျယ်ဘူးလို့ သိရပါတယ်။အခုအချိန်တွင် မြို့ တော်ခန်းမအနီးတစ်ဝိုက်ကို လုံခြုံရေးတွေလည်း ပိုမိုတိုးမြှင့်ချထားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဘားမားဗီဂျေသို့ပြောဆိုခဲ့ပါတယ်။
Advertisement
No comments yet



