Skip to content

ကရင်နီပြည်တွင် ဖောက်ခွဲရေးသမားရှိနိုင်ဟုဆို၍ လုံခြုံရေးတင်းကြပ်

May 31, 2011

ကရင်နီပြည်တွင် ဖောက်ခွဲရေးသမားများ ရှိနိုင်သည်ဟု အကြောင်းပြ၍ လွိုင်ကော်မြို့မှ တခြားမြို့များနှင့်ပြည်နယ်သို့ သွားလာသည့် ခရီးသည်များအား အစိုးရစစ်တပ်မှ တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည်ဟု သိရသည်။

ကရင်နီဘက်မှ နေပြည်တော်ကို ဖောက်ခွဲရန် ၀င်လာသူရှိသည်ဟု သတင်းရရှိထားသည့်အတွက် တာဝန်ရှိရဲအပြင် စစ်တပ်များကိုပါ လုံခြုံရေးအတွက် စစ်ဆေးရေး လုပ်နေခြင်းဖြစ်သည်ဟု မြို့ခံတို့က ဆိုသည်။

“ပြောတာတော့ ဖောက်ခွဲရေးသမား အယောက် ၂၀ ရောက်လာတယ်လို့ သတင်းရတယ်။ ကရင်နီကလူ ပြောတာပဲ” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါသည်။
ကရင်နီပြည် လွိုင်ကော်မြို့မှ တခြားမြို့နယ်သို့ သွားလာသည့် လမ်းမတလျှောက်တွင် စစ်တပ်များ တင်းကြပ်စွာချထားပြီး ခရီးသွားများနှင့် လူထုများအား မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်ဟု ဆိုသည်။

စစ်ဆေးမှုပြုလုပ်နေတဲ့ လွိုင်ကော်မြို့အ၀င်ရှိ ပန်ကန်းဂိတ် (ဓါတ်ပုံ-ကယားလီဖု)

စစ်ဆေးမှုပြုလုပ်နေတဲ့ လွိုင်ကော်မြို့အ၀င်ရှိ ပန်ကန်းဂိတ် (ဓါတ်ပုံ-ကယားလီဖု)

“လွိုင်ကော်အကျော်မှာ တစ်ဂိတ်ရှိတယ်။ ပြီးတော့ မိုးဗြဲနဲ့ ဖယ်ခုံကြားမှာ တစ်ဂိတ်ရှိတယ်။ ဂိတ်နာမည်တော့ မသိဘူး။ လွိုင်ကော်အကျော်က ဂိတ်ဆို တအားစစ်တယ်။ လွယ်အိတ်ကိုတောင် ဖွင့်ကြည့်ပြီး စစ်တယ်လေ” ဟု ဆီးဘူးမှ ခရီးသည်တစ်ဦးက ပြောသည်။

လွိုင်ကော်မှ ရှမ်းပြည်သို့သွားသည့် မိုးဗြဲ၊ ဖယ်ခုံနှင့် ဆီးဘူးလမ်း၌ ပိုမိုစစ်ဆေးမှုတင်းကြပ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၀၁၀ ခုနှစ်က လွိုင်ကော်မြို့ နာရီစင်အနီး ရဲစခန်းအတွင်း၌ အသေခံဗုံးဖောက်ခွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ရဲများဒါဏ်ရာရရှိခဲ့ကြသည်။

 http://www.ktimes.org/
Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 357 other followers