Skip to content

မိုင်းလားတပ်ဖွဲ့ ရုပ်ပေးလိုက်ရသည့်ဒေသ မြန်မာစစ်တပ် လူ့အခွင့်အရေးချိုးဖောက်

May 27, 2011
WEDNESDAY, 25 MAY 2011 17:13 သျှမ်းသံတော်ဆင့်
E-mailPrint

ပြီးခဲ့သည့်လက မိုင်းယောင်းမြို့နယ်အတွင်းမိုင်းလား တပ်စခန်းအချို့ရုပ်သိမ်း၍ မြန်မာစစ်တပ် ဝင်ရောက် အခြေချလာသည့် နောက်ပိုင်း ဒေသခံများလူ့အခွင့် အရေးအမျိုးမျိုးချိုးဖောက်ခံနေကြောင်းဒေသခံများ ပြောပြ ချက်အသိရပါသည်။
“ကျနော်တို့  စစ်တပ်အတွက် လုပ်အားပေးရတာ၊ အိမ်မွေးတိရိစ္ဆာန်တွေ  ဖမ်းစားတာ အခုမှ ကြုံဖူးတယ် ” – ဟု တာချီလိတ်ရောက် ဝမ့်ခိုးဒေသခံတဦးကပြောပြပါသည်။

Map_of_Monglမိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေနှင့် တပ်စခန်းတချို့ပြ မြေပုံ

သံလွင်အရှေ့ခြမ်း မိုင်းယောင်းမြို့နယ် မဲခေါင်မြစ်အနောက်ဖက်ကြောရှိ ဝမ့်ခိုးတပ်စခန်း နှင့် ပုံဟက် တပ်စခန်းအား မိုင်းလားတပ် ဖွဲ့ ရုပ်သိမ်းပေးပြီး နောက် ပိုင်း မိုင်းဖြတ်အခြေစိုက် စကခ ၁၈ လက်အောက်ခံ ခမယ ၅၇၀ နဲ့ ၅၇၃ တို့ ရောက်တပ်ချထား၏။ ထိုမြန်မာတပ်များကပင် ဒေသခံလူထုအပေါ် တပ်စခန်း တည်ဆောက်ရေး နေ့စဉ်ရက် ဆက် လုပ်အားပေးဆင့်ခေါ်နေသည့်အပြင် ဒေသခံများ၏ အိမ်မွေး ကြက်၊ ဝက်၊ ဘဲ၊ နွားများလည်း ဖမ်းယူ သတ်ဖြတ်စားသောက်ကြောင်း  နောက်တဦးက ဤကဲ့သို့ပြောပြ ပါသည်။
“ဝမ့်ခိုးကျေးရွာအုပ်စုထဲက ကြက်ဝက်တွေ အဓမ္မ အလကားယူစားတာ မရေမတွက်နိုင်တော့ဘူး။ ပုံဟက်ရွာက နွားတွေ ဗမာတွေ ယူစားတာ ၇ ကောင်ရှိပြီ၊   ဗမာတပ် ရောက်လာတာ  သူခိုးဓါးပြရောက်လာတဲ့ အတိုင်းဘဲ” – ဟု ဆို၏။
မိုင်းလားတပ်ဖွဲ့၏ နမ့်လွေမြစ်ဝ (ဆွပ်လွေ) တောင်ဖက်ရှိ မိုင်းဖှန် တပ်စခန်း ထပ်မံဆုတ်ပေးရန် မြန်မာ စစ်တပ်  ဖိအားမပေးသေး သော်လည်း မိုင်းလားဖက်မှတပ်ဆုပ် ပေး မည့်အလားအလာမရှိကြောင်း၊ မိုင်းလားနှင့် ဝ ပူးပေါင်းတပ်ဖွဲ့တို့ ထပ်မံအင် အား ဖြည့် တပ်ချဲ့ထားကြောင်း မိုင်းယောင်း ပြည်သူ့ စစ်တပ်ဖွဲ့ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။
ထို့အတူ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့  လှုပ်ရှားနေသည်ဆိုသည့်သတင်းကြောင့် စကခ ၁၈ လက်အောက်ခံ ခမယ ၃၃၅ (မိုင်းဖြတ်) အင်အား ၃၀ ခန့်က (မိုင်းဖြတ်မြို့နယ်ရှိ နမ့်ယုံး၊ ဝမ့်မုန့်၊ မိုင်း ဖြတ်) လားဟူပြည်သူ့စစ်အဖွဲ့ စုပေါင်း အင်အား ၇၀ ကျော်အားဆင့်ခေါ်၍ မိုင်းဖြတ်မြို့ အရှေ့ မြောက်ဘက်( မိုင်းဖြတ် – မိုင်းယောင်း ကားလမ်းမြောက်ဘက်ခြမ်း)  မိုင် ၂၀ ခန့်ဝေး သည့် မိုင်းတင်း၊ လန်း ဆတ်၊ မိုင်းကာယီ၊ မိုင်းငွမ်း ကျေးရွာဘက်သွားရောက်လှုပ်ရှားခဲ့သည်ဟုဆို၏။
အမည်မဖေါ်လိုသည့် လားဟူပြည်သူ့စစ် တဦးက – “ဗမာတပ်က ထော်လာဂျီ ၁၄ စီး ချောခေါ်တယ်။ ဘာဆို ဘာမှ မပေးဘူး။ ဆီ၊ စရိတ်  ကိုယ့်ဟာကိုယ်ဘဲ။ ကျနော်တို့လဲ လိုက်ချင်လို့လိုက် သွားတာမဟုတ်ဘူး၊ မလွန် ဆန်နိုင် လို့ လိုက်သွားရတာ။ သျှမ်းစစ်ကြောင်း နောက် ယောက်ခံလိုက်ခိုင်းတာ နေရာဟောင်းတွေဘဲတွေ့ ရတယ်။ ကျနော်တို့အတွက် ကံကောင်းတယ်လို့ ဘဲပြော ရမှာပေါ့” – ဟု ဆို၏။
ဧပြီ  ၂၇ ရက်က မိုင်းလားတပ်ဖွဲ့၏ ဝမ့်ခိုးတပ်စခန်းနှင့် ပုံဟက်တပ်စခန်းကို ဝင်ရောက်သိမ်းပိုက် တပ်စွဲလိုက် သည်မှာ မိုင်းဖြတ် အခြေစိုက် စကခ ၁၈ လက်အောက်ခံ ခမရ ၅၇၀ နှင့် ၅၇၃ တို့ဖြစ်ကြသည်။ မိုင်းဖှန် တပ်စခန်းကိုပါလက်လွတ်လိုက်ရပါက မိုင်းလား တပ်ဖွဲ့ နှင့် ၀ တပ်ဖွဲ့တို့၏ တောင်ဘက်အသက်ရှူပေါက်၊ အဓိက  လမ်းကြောင်းကို  ပိတ်ဆို့နိုင်သည့်သဘောဖြစ်သဖြင့် အဆိုပါမိုင်းဖှန်တပ်အား အင်အားထပ်မံဖြည့် ထား ခြင်းဖြစ်ကြောင်း မိုင်းယောင်းပြည်သူ့စစ်အသိုင်းအဝိုင်းက ပြောသည်။

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers