လေတပ်သားတစ်ဦး၏ ဘ၀ကောက်ကြောင်းမှ အနားသတ်များ -အပိုင်း (၂) by photayokeking
ဆောင်းပါးရှင် – မြင့်မိုရ် (အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှု နိုင်ပါသည်…)
လေတပ်သားတစ်ဦးရဲ့ ဘ၀ကောက်ကြောင်းကို ပုံဖော်ရာမှာ အနားသတ် မျဉ်းများသဖွယ်ဖြစ်တဲ့ သူတို့ရဲ့ ပါရမီဖြည့်ဘက် ဇနီးသည်များရဲ့ ဘ၀နဲ့ ခံစားချက်တွေကိုလည်း တင်ပြပါမှ ပြည့်စုံပါလိမ့်မယ်။
မြတ်နိုးခြင်း သံယောဇဉ်တွေနဲ့ ဘ၀နှစ်ခုကို ပေါင်းစပ်တည်ထောင်ကြတဲ့ အိမ်ထောင်သည် ဘ၀ဟာ သာမန်ပြည်သူများ အနေနဲ့ကတော့ သိပ်ပြီးထူးခြားမှု မရှိလှပါဘူး။ နအဖ လက်အောက်က တပ်တွင်းမိသားစုဝင် ဖြစ်သွားရတဲ့ စစ်သည်များနဲ့ ပါရမီဖြည့်ဘက်တို့ အတွက်ကျတော့ သူမတူအောင် ခံစားချက်တွေက ပြည့်နှက်လို့ နေပြန်ပါတယ်။
အာဏာရှင်တွေ တင်ပြနေတဲ့ အကျိုးပြုဇာတ်လမ်း ဒါမှမဟုတ် ဂုဏ်ပြုဇာတ်လမ်းလို့ သူတို့တတွေ နာမည်တပ်ထားတဲ့ ဖန်သားပြင်ထက်က တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ ဘ၀များမှာတော့ ရှေ့တန်းထွက် စစ်သည်မောင်အတွက် အိမ်သူသက်ထားက ဘုရားမှာ ဆုတောင်းရင်း မိသားစုဘ၀ကို ထိန်းကျောင်းကာ အေးချမ်းစွာ လင်တော်မောင်ရဲ့ ရှေ့တန်းပြန်ချိန်အား စောင့်ကြိုနေပုံမျိုး သရုပ်ဖော်တတ်ကြပါတယ်။ read all
http://www.photayokeking.org/truewords/povertyinarmy/454-lay-tat-tal-taoo-i-bawa-kawk-jawng-mya

