Skip to content

နိုင်ငံရေးအကျဉ်းကျ “သျှမ်းအမျိုးသား ခေါင်းဆောင်များ” လွတ်မြောက် မည်ဟု SNDP ယုံကြည်

March 24, 2011

စစ်အစိုးရ၏ ဖမ်းဆီး ထောင်ချခံ သျှမ်းတိုင်းရင်းသား ခေါင်းဆောင်များ မကြာမီ လွတ်မြောက်ဘွယ်ရှိသည် ဟု ယုံကြည် ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ကပြောကြား လိုက်သည်။

 

SNLD ဥက္ကဌ စဝ်ခွန်ထွန်းဦး

 

“နိုင်ငံတော် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဥပဒေအရ လုပ်ဆောင်ပိုင်ခွင့် ရှိတယ်။ ပြည်ထောင်စု အစိုးရသစ် အဖွဲ့ပေါ်လာရင် ကျနော်တို့ ခေါင်းဆောင်/အမျိုးသား ခေါင်ဆောင်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ ယုံကြည် တယ်” ဟု ကျားဖြူပါတီဟု လူသိများသော SNDP ပါတီ မှ ဆရာစောသန်းမြင့် က သျှမ်းသံတော်ဆင့် သို့ ပြောပါ သည်။

သျှမ်းပြည် တပ်မတော် မြောက်ပိုင်း နာယက စဝ်ဆေထဲန်(ထောင်ဒဏ် ၁၀၅ နှစ်)၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဌ ဦးခွန်ထွန်းဦး (ထောင်ဒဏ် ၉၃ နှစ်)နှင့် အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် (ထောင်ဒဏ် ၈၅ နှစ်) နှင့် သျှမ်းပြည်မျိုးဆက်သစ်မှ ခေါင်းဆောင် ၆ ဦးတို့ သည် ၂၀၀၅  မှစ၍နိုင်ငံတော်ပြို ကွဲရေး၊ပုန်ကန်ရန် ကြံစည်မှု စွပ်စွဲချက်များဖြင့် ထောင်ဒဏ် နှစ်ရှည် အကျဉ်းကျခံ နေကြရသည်။

၎င်းတို့ကို ကျားဖြူ ပါတီက အကျဉ်းကျခံ “သျှမ်းအမျိုးသား ခေါင်းဆောင်များ” ဟု ခေါ်ဝေါ် သုံးနှုန်း ထားခြင်းဖြစ် သည်။ ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ (၅၇) နေရာ အနိုင်ရရှိထားသောပါတီဖြစ် သည်။

သျှမ်းအမျိုးသား ခေါင်းဆောင်များ လွတ်မြောက်ရေးအတွက် လွှတ်တော်အတွင်း ဆက်လက် ကြိုးစားသွား မည်ဟု လည်း ကျားဖြူပါတီ ကပြောသည်။

“အစိုးရသစ်ဖွဲ့ပြီးရင်လဲ အကြောင်းအမျိုးမျိုးကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ နှောင့်နှေးတဲ့ အနေအထားမျိုး ရှိရင် နောက်ထပ် ပြန်တင်မှာပါ။ နောက်ထပ် ပြန်တင်စရာ မလိုတော့တဲ့ အနေအထားမျိုး ဖြစ်လိမ့်မယ်လို့လဲ မျှော်လင့် တယ်”  ဟု ဦးစောသန်းမြင့် က ဆက်လက်ပြောပါသည်။

လင်းခေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှကျော် က ယခုလ ၂၃ ရက်နေ့တွင် လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပတ်သက်၍ လွှတ်တော် အစည်းအဝေး၌ တင်ပြထားခဲ့သည်။

http://www.mongloi.org/burmese/index.php

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 357 other followers