Skip to content

ကရင်နီဒုက္ခသည်စခန်းများသို့ ရောက်ရှိလာသော လူသစ် ၁၄၀ ကျော်ရှိ

March 23, 2011

ယခုနှစ်အတွင်း ကရင်နီပြည်တွင်းမှ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းများသို့ ရောက်ရှိလာသော လူသစ်ဦးရေ ၂၄၀ ကျော် ရှိသည်ဟု ကရင်နီဒုက္ခသည် စခန်းအုပ်ချုပ်ရေး ကော်မီတီများက ပြောသည်။

ဇန်န၀ါရီမှ မတ်လအထိ ပြည်တွင်းမှ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းသို့ လူသစ် ၁၅၀ ကျော်လည်းကောင်း၊ အမှတ် ၂ စခန်းသို့ လူသစ် ၉၀ ကျော်လည်းကောင်း ရောက်ရှိလာခဲ့ပြီး လူငယ်များနှင့် အိမ်ထောင်စုများ ဖြစ်ကြသည်။

ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းသို့ ရောက်ရှိလာသော လူသစ်များသည် အများအားဖြင့် မြန်မာစစ်အစိုးရ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းမှုကြောင့်နှင့် အမှတ် ၂ စခန်းသို့ ရောက်ရှိလာသူ လူသစ်များမှာ စစ်အစိုးတပ်များ၏ လှုပ်ရှားမှုကြောင့် ဖြစ်သည်ဟု စခန်းအုပ်ချုပ်ရေး ကော်မီတီများက ဆိုသည်။

 

နအဖစစ်တပ်များ

ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ မြင်ကွင်း တနေရာ

 

အမှတ် ၁ စခန်းအုပ်ချုပ်ရေးမှ ပြောရေးဆိုခွင့်ရှိသူ ပလဲမယ်က “အခု ဒီ ၁၈ နှစ်အထက် စစ်မှုမထမ်းမနေရ ဆိုတဲ့ အဲဒီအမိန့် ထွက်လာတဲ့ဟာကို ကြောက်ပြီးတော့မှ ထွက်လာတာ ရှိတယ်ပေါ့” ဟု ပြောသည်။

အမှတ် ၂ စခန်းအုပ်ချုပ်ရေးမှ ရုံးအုပ်တာဝန်ခံ ရှာလတ်ကလည်း “သူတို့က ရွာမှာ နေတာ အခုဆို ရန်သူက လာတဲ့ အချိန်မှာ သူတို့ ရွာမှာ မနေပဲ ရွာပြင်မှာ ပုန်းရှောင်နေရတယ်ပေါ့” ဟု ပြောသည်။

ယခု ရောက်ရှိလာသော လူသစ်များကို စခန်းအုပ်ချုပ်ရေးမှ စခန်းအတွင်းတွင် နေထိုင်ခွင့် ပေးထားပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောက်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) မှ ထောက်ပံ့ပေးသော စားနပ်ရိက္ခာများနှင့်တဆင့် ကူညီပေးထားသည်ဟု ဆိုသည်။

သို့သော် ထိုလူသစ်များကို တရားဝင် ဒုက္ခသည်အဖြစ် လက်ခံခြင်း ရှိ၊မရှိ ဆိုသည်မှာ ကရင်နီဒုက္ခသည်ပင်မကော်မီတီ (KnRC) နှင့် သက်ဆိုင်မှု မရှိကြောင်း၊ ထိုင်းအာဏာပိုင်များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့၏ လက်ထဲတွင်သာ ရှိကြောင်း KnRC အတွင်းရေးမှူး ၂ နော်ထူးလွဲက ပြောသည်။

“တရားဝင် ဒုက္ခသည်အဖြစ်က လက်ခံဖို့ ကျမတို့ ကေအဲန်အာစီက လုပ်ပိုင်ခွင့် မရှိပါဘူး။ အဲဒီ တရားဝင် ဒုက္ခသည်လို့ လက်ခံပိုင်ခွင့် ရှိတာက ထိုင်းအာဏာပိုင်နဲ့ ယူအဲန်အိတ်စီအာ အသိအမှတ်ပြုမှ သူတို့ကို တရားဝင်အဖြစ် ပြောလို့ ရတယ်” ဟု သူမက ပြောသည်။

ထိုင်းအာဏာပိုင်များသည် ယခင်ကတည်းက ပြည်တွင်းမှ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသော လူသစ်များကို တရားဝင် ဒုက္ခသည်အဖြစ် လက်ခံရာတွင် ပြည်တွင်းစစ်၊ တိုက်ပွဲ၊ စစ်ရေး ပဋိပက္ခများကြောင့် နေရပ်၌ နေထိုင်၍ မရတော့ဘဲ ထွက်ပြေးလာသူများကိုသာ လက်ခံလေ့ရှိသည်။

၂၀၀၆ မှ ၂၀၁၁ ခုနှစ်အထိ ပြန်လည်အခြေချရေး အစီအစဉ်ကို လက်ခံခေါ်ယူသော တတိယနိုင်ငံများသို့ ကရင်နီဒုက္ခသည် ၁၀၀၀၀ ကျော် သွားရောက်အခြေချနေထိုင်ပြီ ဖြစ်ပြီး လတ်တလောတွင် အမှတ် ၁ စခန်းတွင် ၁၅၁၂၂ ဦးနှင့် အမှတ် ၂ စခန်းတွင် ၃၆၅၈ ဦး ကျန်ရှိနေဆဲ ဖြစ်သည်ဟု စခန်းအုပ်ချုပ်ရေးမှ ပြောပြချက်အရ သိရသည်။

Ktimes

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers