Skip to content

နော်အဲဏီ(ဇန်နဝါရီ-၂၈)။ KaoWao

January 28, 2011

နော်အဲဏီ(ဇန်နဝါရီ-၂၈)။     ။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီခေါင်းဆောင်  ဦးခူထဲဘူးဖဲ (အသက်၇၄နှစ်) သည် ဇန်န၀ါရီလ(၂၇)ရက် နေ့တွင် လည်ချောင်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပါသည်။ သူသည်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ဥက္ကဌ၊ ကရင်နီနိုင်ငံတော်အစိုးရ၀န်ကြီးချုပ်တစ်ဦးလည်းဖြစ်သလို ကရင်နီအမျိုးသားစာပေကို တီထွင်သူတစ်ဦး လည်းဖြစ်ပါသည်။ သူတာဝန်ယူနေစဉ်အတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အမြဲတမ်းလိုလားသူဟု ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များအဖွဲ့  (NPU) အတွင်းရေးမှူး ဦးသိန်းဦးက ပြောပါသည်။

“ကျနော်တို့အတွက်ကတော့ ဆရာထဲဘူးဖဲကတော့ အင်မတန်ရည်မွန်ဖော်ရွေတဲ့ ပုဂ္ဂိုလ်ပါပဲ၊  သူဟာ အမြဲတမ်း စိတ်ကောင်းစေတနာကောင်းရှိတဲ့သူပါ၊ သူ့အနေနဲ့ကတော့ တိုင်းရင်းသားတွေအားလုံးအပေါ်မှာ စည်းလုံး ပြီးညီညီညွတ်ညွတ်ရှိချင်တယ်။ သူအမြဲတမ်းပြောလေ့ပြောထရှိတဲ့စကားဖြစ်ပါတယ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက်ကို အဓိကထား လုပ်ဆောင်နေတာ ဆိုတာကို ကျနော်တို့ သိရပါတယ်”

ထို့အပြင် အမျိုးသားတော်လှန်ရေးကာလတစ်လျှောက်လုံးတွင် တော်တည့်မှန်ကန်စွာရပ်တည်ခဲ့သည်  ဟု ကေအဲန်ယူ ဒုတိယ ဥက္ကဌ ပဒိုဒေးဗစ်တာကပေါမှ ယခုလိုပြောပါသည်။

“သူက လူတော်လူကောင်းတစ်ယောက်ပေါ့၊ ဒီတော်လှန်ရေးလမ်းကြောင်းမှာ မှန်မှန်ကန်ကန် ရပ်တည်ခဲ့တယ်၊ တော်လှန်ရေး သမားကောင်းတစ်ယောက်ပေါ့၊ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့် ကျင်တယ်၊ ဒီမိုကရေစီနဲ့တိုင်းရင်းသားတွေရဲ့အခွင့်အရေးအတွက် ၊လွတ်မြောက်ရေးအတွက်ပြတ်ပြတ်သားသား ရပ်တည်ခဲ့တယ်”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီခေါင်းဆောင် ဦးခူထဲဘူးဖဲ၏ထူးခြားချက်ကို  ကန္တရ၀တီတိုင်း(မ်)  မှ အယ်ဒီတာ ဆရာစေးရယ်စိုးမှ ယခုလို ပြောပါသည်။

“သူ့မှာ ထူးခြားချက်ရှိတာက သူက နိုင်ငံရေးအလုပ်မှာပဲ သက်တမ်းတစ်လျှောက်မှာ ဆိုလို့ရှိရင် တခြားနိုင်ငံရေးသမား တွေနဲ့မတူတာက စီးပွားရေးလုပ်တာတို့ ၊ ငွေကြေးစုဆောင်းတာတို့ အဲဒီဘက်မှာတော့ မတွေ့ရဘူး၊ အဲဒါကြောင့်ပဲ အများလေးစားခြင်းကို ခံရတာဖြစ်တယ် ၊ သူကကရင်နီ အမျိုးသားစာပေကို တီထွင်တဲ့ လူဖြစ်တယ်၊ စာပေကတော့ ပြီးမြောက်သလောက်တော့ရှိတယ်၊ ကရင်နီစာပေ(Dictionary)ကိုလုပ်တာ အက္ခရာ (R) အထိရောက်ပြီး ၊ သူမရှိတော့ သူရဲ့စတုတ္တမြောက်သမီးက ဆက်ပြီးတာဝန်ယူမယ်လို့ ကြားတယ်”

ဦးခူထဲဘူးဖဲသည် (၁၉၆၀)ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပြံဘွဲ့ရရှိခဲ့သည်။ သူသည်(၁၉၆၆) ခုနှစ်တွင်ကေအဲန်ပီပီသို့ရောက်ရှိလာခဲ့ပါသည်။ ဦးခူထဲဘူးဖဲကေအဲန်ပီပီသို့ရောက်ရှိလာပြီး သူကွန်လွန်သည် အထိ တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါသည်။ ကေအဲန်ပီပီတွင် အတွင်းရေးမှူးရာထူးကို အရင် စယူပြီး နောက်ပိုင်းမှာ ဥက္ကဌရာထူးကို သူကွယ်လွန်သည်အထိ တာဝန်ယူခဲ့ပါသည်။ (၁၉၆၆)ခုနှစ်မှ (၂၀၁၁) အထိ(၃)ကြိမ်တိုင်တိုင် ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရပါသည်။ (၂၀၀၆)ခုနှစ်မှ(၂၀၁၀)ခုနှစ်အထိ အီးအန်စီ (ENC- Ethnic National Concil)မှာ ဥက္ကဌအဖြစ်တာဝန်ယူခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် (အီးအန်စီ)တွင် ဒုဥက္ကဌ တာဝန်ဆက်ပြီးယူပါသည်။

ခူထဲဘူးဖဲသည် အဖခွီးဆူရယ်နှင့် အမိမော်ဖိုးမာတို့မှ(၁၉၃၇)ခုနှစ် ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင် ကရင်ပြည်နယ် ဖရူဆိုမြို့နယ် ကေးလျားကျေးရွာတွင်မွေးဖွားခဲ့သည်။ မွေးချင်း(၆)ယောက်အနက် (၅)ယောက် မြောက်သားဖြစ် ပါသည်။

ကေအဲန်ပီပီကို ၁၉၅၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါသည်။ တည်ထောင်ရသောအကြောင်းရင်းမှာ  ဖဆပလအစိုးရကို တော်လှန်ရန်ဖြစ်သည်။ ဖဆပလစစ်တပ်များ ကရင်နီပြည်ကို ၀င်ရောက်ကျူးကျော်တိုက်ခိုက် စဉ်က ကရင်နီကို ဦးဆောင်သူမှာ ဦးဘီတူရီဖြစ်ပါသည်။ သူသည် ကရင်နီပြည် ကောင်စီဥက္ကဌ ဖြစ်ပြီး (၁၉၄၈) ခုနှစ် သြဂုတ်လမှာ ကရင်နီအမျိုးသားတပ်မတော်တစ်ရပ်ကို စတင်ထူထောင်ပြီး ဖဆပလအစိုးရကို ခုခံ တိုက်ခိုက် ခဲ့သည်။ (၁၉၅၇) ခုနှစ်မှာ နိုင်ငံရေးနည်းနဲ့လည်း တိုက်ခိုက်ဖို့လိုအပ်တယ်ဆိုပြီး ကေအဲန်ပီပီပါတီကို ထူထောင်ခဲ့ပါသည်။ ကေအဲန်ပီပီပါတီသည် စစ်ရေးအရရော နိုင်ငံရေးအရရော မြန်မာစစ်အစိုးရကို ကနေ့ထက် တိုင် တော်လှန်နေသော အဖွဲ့တစ်ခုဖြစ်ပါသည်။       ကေအဲန်ပီပီသည် (၂၀၀၈) ဖွဲစည်းပုံအခြေခံဥပဒေနဲ့ (၂၀၁၀) ရွေး ကောက်ပွဲကို ဆန့်ကျင်သည့်ကြေငြာချက်တစ်စောင်ကို ၂၀၁၀ အောက်တိုဘာလ (၁၂) ရက်နေ့မှာ ထုတ်ပြန်ခဲ့ ပါသည်။ (၁၉၉၅)ခုနှစ်တွင် ကေအဲန်ပီပီနှင့် မြန်မာစစ်အစိုးရတို့ (၃)လကြာ နှစ်ဘက်သဘောတူ အပစ်ရပ် ခဲ့ဘူးပါသည်။ အပစ်ရပ်သဘောတူညီမှု ပျက်ပြယ်သွားပြီးနောက်ပိုင်း  တိုက်ပွဲများ ပြန်ဖြစ်ပွား ခဲ့ပါသည်။

သူကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီး ၆ ယောက် ကျန်ရစ်ခဲ့သည်။ သူ၏ ဇျှာပနအခမ်းအနားကို ဇန်န၀ါရီလ (၃၁) ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပါသည်။

(မှတ်ချက်။ ။ ခူထဲဘူးဖဲ ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်တကွ ကရင်နီပြည်သူအားလုံးနှင့်အတူ ကောင်းဝါသတင်းဌာနမှလည်း ထပ်တူထပ်မျှဝမ်းနည်းမိပါကြောင်း။)

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers